27 💞

2.5K 235 36
                                    

အပုိင်း ၂၇

မနက်ခင်း အလုပ်သမားတွေနဲ့ အင်ဂျင်နီယာတွေရောက်လာပြီး မြေကော်စက်တွေနဲ့အတူ မြေညှိခြင်းလုပ်ငန်းစတင်ကြလေသည်။
အမှန်တော့ ဒီအလုပ်တွေက ဇင်ယော်တို့နဲ့မသက်ဆိုင်ပေမယ့်လည်း
ဒီလုပ်ငန်းခွင်က ကိုယ့်ကို အပ်ခဲ့တာဆိုတော့လည်း တာဝန်အရ ကြည့်ပေးရတာပေါ့...

နောက်ပိုင်း အင်ဂျင်နီယာ တွေက အလုပ်သမားတွေကို ခိုင်းပြီး
တာဝန်တွေချနေကြတာမို့  ဇင်ယော်နဲ့ဝင့်လွှာလည်း ဘန်ဂလိုဆီပြန်လာခဲ့ကြသည်။

"တောင် တောင် "

messenger ကနေတက်လာတဲ့ noti ကြောင့် ဘေးနားက ဝင့်လွှာမက မျက်စောင်း တထိုးထိုး...

စာရိုက်နေရင်း ပြုံးဖြီးနေတဲ့ ဇင်ယော့်ကို

"အတွဲတွေများ မြင်လို့ကို  မကောင်းဘူး "

"ပါးစပ်လေးပိတ်ပြီး ကိုယ့်ဖာဘာစားစရာရှိတာ စားစမ်းပါ ကုန်သွားရင် ပဲလှော်ဝါးနေလိုက် "

လက်ဖက်သုတ်စားရင်း လူကို ခလုတ်လာတိုက်နေတဲ့ ဝင့်လွှာမအား ဘေးနားက ပဲလှော်ထုတ်အား ဖုန်းဆီက အကြည့်မခွာပဲ လက်ထဲထိုးထဲ့နေတဲ့ ဇင်ယော့်ကြောင့် ဇင်ယော့်လက်ထဲက ဖုန်းလေးဟာ ဝင့်လွှာရဲ့ လက်ထဲရောက်ရှိသွားလေသည်။

"ya. ..ပြန်ပေးဟာ "

"မပေးဘူး ဘာဖြစ်ချင်လဲ "

"နင်သေပြီမှတိ "

လျှာထုတ်ပြီးပြောင်ပြနေတဲ့ ဝင့်လွှာမနောက်ကို နောက်ကလိုက်ဖမ်းတော့ ဝင့်လွှာမလည်း ပတ်ပြေးလေသည်။ ပတ်ပြေးတာက ကိစ္စမရှိ
ဖုန်းလေးကျကွဲသွားမှ ဇင်ယော့်နှလုံးသားလေးကွဲရချည်ရဲ့..

"အမယ်လေး မောတာ"

"အဲ့ဒါနင်စတဲ့ဇာတ်လမ်းလေ "
လက်နဲ့ ယပ်ခတ်ကာ အမောဖြေနေသည့် ဝင့်လွှာမအား မျက်စောင်းတစ်ချက်ထိုးလိုက်တော့ သူက မဲ့ရွဲ့ပြလေသည်။

"ဟဲ့ နင်တို့ဟာကလည်း ကြည့်အုံးလေ တစ်နေကုန်တစ်နေခမ်း
ဖုန်းနဲ့မျက်နှာမခွာဘူး တစ်ချိန်လုံး တစ်တောင်တောင်နဲ့ နားကြားပြင်းကို ကပ်လို့"

"နားကြားပြင်းကပ်ရင် နားပိတ်ထားလိုက် ဒါမှမဟုတ် ရည်းစားထားလိုက် "

Start with Heart And End with Love Where stories live. Discover now