2 💞

2.5K 213 37
                                    

အပိုင်း ၂

မေ ၁ ရက်နေ့...

ပထမဦးဆုံး အင်တာဗျူး လည်းဖြစ်သလို လူတိုင်းဝင်ဖို့ ခက်ခဲတဲ့
ကုမ္မဏီလည်းဖြစ်တာကြောင့် အရမ်းကို စိတ်လှုပ်ရှား နေလေသည်။
မနက်စောစော အိပ်ယာထ ဖိုင်တွေပြင်ရင်း ရွှေဇင်နဲ့အတူနှစ်ယောက်သား လာခဲ့ကြသည်။ အရပ် ၅ ပေ ၂ လက်မရှိတဲ့ ရွှေဇင်နဲ့
အရပ် ၅ ပေ ၄ လက်မ လောက်သာ ရှိသော ဇင်ယော်တို့မှာ ဟိုရောက်တော့ ကလေးလေးတွေအတိုင်းပဲ...

အင်တာဗျူးလာဖြေကြတဲအထဲ အငယ်ဆုံးလို့ထင်ရတဲ့ ဇင်ယော်တို့နှစ်ယောက်မှာ အလိုလိုနေရင်းအားတောင််ငယ်သွားရသည်။ အားလုံးက အသက် ၂၃ ၂၄ လောက်တွေနဲ့ အဲ့ဒီအထက် က လူတွေဆိုတော့ ပုံစံတွေက ခပ်ထွားထွားနဲ့ ရင့်ကျက်တဲ့သူတွေပုံစံ..

အစကတည်းက ခန္ဓာကိုယ်သေးတဲ့သးတွေမို့ အားလုံးက အင်တာဗျူးလာဖြေတဲ့သူတွေလို့တောင်မထင်..ကိုယ့်ထက်အသက်ကြီးပြီး အတွေ့အကြုံများတဲ့သးတွေတောင် စိတ်လှုပ်ရှားပြီး ယောက်ယက်ခတ်နေတတာ ဇင်ယော်တို့ဆို ဘယ်လိုလုပ်ရပါ့..

ကိုယ့်ရှေ့က တစ်ယောက်ပြီးတစ်ယောက် ထွက်လာလေ ဇင်ယော်တို့သူငယ်ချင်းနှစ်ယောက် တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ပြီး အားပေးနေကြသည်။ တစ်ယောက်ကို နာရီဝက်လောက်ကြာပေမယ့် စိတ်လှုပ်ရှားနေလို့လားမသိ ..ဇင်ယော်တို့အလှည့်မကြာခင် ခဏလေးနဲ့ရောက်လာသလို..

"မရွှေဇင် "

ရွှေဇင်ကတော့ သူ့နာမည်ကြားတာနဲ့ သူတတ်သမျှ ဘုရားစာဖတ်ပြီး
အခန်းထဲဝင်သွားလေသည်။ ဇင်ယော့်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ လုပ်နေတဲ့ ရွှေဇင်ကိုတော့ ဖိုက်တင်းဆိုပြီး လက်သီးလေးဆုပ်ကာ ထောင်ပြလိုက်သေးသည်။

မရောက်ချင်သေးရင် အချိန်က ပိုမြန်သလိုပဲ..အခန်းထဲက ထွက်လာတဲ့ ရွှေဇင်က မျက်နှာလေး ရှုံ့မဲ့နေတာကြောင့် သူလည်း
အခြေအနေသိပ်မကောင်းနိုင်..ရွှေဇင်ကလည်း နင်လုပ်နိုင်မှာပါဆိုပြီး ကြားထဲက အားပေးသွားသေးသည်။

အင်တာဗျူးဖြေရမယ့်အခန်းထဲရောက်တော့ လူငါးယောက်ကို တွေ့ရလေသည် မိန်းကလေးသုံးယောက် ယောကျာ်းလေးသုံးယောက်.. အားလုံးက အသက် ၃၀ နီးပါးတွေထင်သည်။
အင်တာဗျူး ဖြေရမယ့်သူ ထိုင်ရမည့်နေရာတွင် ဇင်ယော်ဝင်ထိုင်လိုက်တော့ ပုံဆွဲတဲ့ ဒေါက်တိုင်တစ်ခုနဲ့ စာရွက်အဖြူတစ်ရွက်အလွတ်ကို ထိုဒေါက်တိုင်ပေါ်တွင်တင်ထားပြီး ဇင်ယော့်ရှေ့တွင် ချပေးလေသည်။

Start with Heart And End with Love Where stories live. Discover now