12 💞

2.7K 239 41
                                    

အပိုင်း ၁၂

ဒီနေ့တွင် ကုမ္မဏီက ဘယ်သူဒီဇိုင်းခိုးတယ်ဆိုတာ ဆုံးဖြတ်ပေးမဘ့်နေ့ဖြစ်တာကြောင့် အားလုံး စိတ်ဝင်စားနေကြလေသည်။ ကိုးနာရီထိုးတော့ ceo နဲ့ ရာထူးအကြီးပိုင်း များ ဒီဇိုင်းဌာနသို့ ရောက်လာကြ သည်။

ဒီဇိူင်းဌာနက လူတွေအကုန်လုံးလည်း ရောက်နေကြပြီး ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ သိချင်နေကြသည်။ ဒါပေမယ့် ကံယာကံ ရှင် က တစ်ယောက်သာ ရောက်လာပြီး ဇင်ယော် ကတော့ ရောက်မလာသေးပေ...

လူတွေအားလုံး စုံသလောက်ဖြစ်ပေမယ့်လည်း ကံယာကံရှင်ဇင်ယော်ရောက်မလာသေးတာကြောင့် စလို့လည်း မဖြစ်သေး..
ဒါကြောင့် ဇင်ယော်နဲ့ရင်းနှီးတဲ့ ကိုစိုင်းကို ဖုန်းဆက်ပြီးခေါ်ခိုင်း ရသည်။ မိနှစ်နှစ်ဆယ်လောက်နေတော့မှ အဆုံးအဖြတ်ပေးမယ့် ုီဇိုင်းခန်းထဲကို ဇင်ယော်ရောက်လာလေသည်။

"ကဲ ဟုတ်ပြီ လူလည်း စုံပြီဆိုတော့ ကျွန်မတို့ လျှီု့ဝှက်ကင်မရာကနေတစ်ဆင့် ရိုက်ကူးထားတဲ့ cctv ကို ပြပါမယ် "

ceo ရဲ့ အတွင်းရေးမှူးဖြစ်သူ မသီတာမှ စကားစလိုက်ပြီးနောက်
လျှို့ဝှက်ကင်မရာဆိုတဲ့ စကားလုံးကြောင့် အားလုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။ ဒီကုမ္မဏီမှာ ရိုးရိုး cctv ပဲ တပ်ထားတယ်လို့ ထင်ခဲ့တာ လျှို့ဝှက်ကင်မရာတွေပါ တပ်မယ်လို့ ဘယ်သူကထင်မှာလဲ..

Project ကနေတစ်ဆင့် ပြလာတဲ့ cctv မှတ်တမ်းကို ကြည့်ပြီးနောက် အားလုံးဆီက အာမေဠိတ်သံ အမျိုးမျိုး ထွက်လာပြီး ရုံးခန်းထဲ၌ ဆူညံသွားပြီး အားလုံးရဲ့အကြည့်တွေက supervisor ဆိရောက်လို့လာလေသည်။

ပြလိုက်တဲ့ vedio တွင် supervisor ဟာ Management အခန်းထဲဝင်ပြီး ဒီဇိုင်းစာရွက်များထပ်ထားတဲ့ ကြားထဲကနေ ဇင်ယော့်စာရွက်ကို အသာဖောက်ကာ ဓာတ်ပုံရိုက် ပရင့်ထုတ်ပြီး
ထိုစာရွက်ကို ဒီဇိုင်းစာရွက်များထဲ ထည့်လိုက်ရင်း သူနဂိုကတင်ထားတဲ့ မူလဒီဇိုင်းစာရွက်ကို ယူ၍ စာရွက်ဖျက်ဆီးတဲ့ စက်ထဲ ထည့်လိုက်သည်ကအစ အစအဆုံး အသေးစိတ်ရိုက်ထား တဲ့ vedio ဖြစ်လေသည်။

မီးမလညတဲ့အချိန်တွင် cctv က အလုပ်မလုပ်ပေမယ့် သူတို့လိုကုမ္မဏီကြီးတွေမှာတော့ အခုလိုမျိုး ပြသာနာ တက်ရမည်ဆိုး၍ ဘယ်သူမှမသိအောင် လျှို့ဝှက်ကင်မရာတွေကို ထည့်ဆင်ထားပြီး ပြသာနာဖြစ်တဲ့အချိန်တွင် ပြန်ကြည့်လေ့ရှိသည်။ အခုလည်း ဒီကိစ္စမှာ
vedio ကို မထုတ်ပြလို့ မဖြစ်တာကြောင့် လျှို့ဝှက်ကင်မရာတပ်ထားမှန်း အားလုံး သိသွားကြပေသည်။

Start with Heart And End with Love Where stories live. Discover now