35 💞

2.1K 190 26
                                    

အပိုင်း ၃၅

"ဒါကတော့ ဒီကမဇင်ယော်သွားခဲ့တဲ့ g & g store က Cctv ပါ ဲအဲ့ဒီမှာ တရားလိုဦးထက်မြက်မောင်ကို ကားနဲ့တိုက်ပြေးသွားတဲ့ တရားခံနဲ့ ငွေးပေးငွေယူလုပ်နေတဲ့မှတ်တမ်းပါ "

မေမေနဲ့အတူ ဝင့်လွှာ မမနွေတို့အပြင် မရဲ့ မိဘနှစ်ပါးပါ ရဲစခန်းက
ဇင်ယော့်ဘေးမှာရှိနေကြပြီး စခန်းမှူးပြသတဲ့ cctv ဖိုင်ကို ကြည့်ရှုနေကြလေသည်။

"ဒီကိစ္စက ရှင်းပါတယ်ဗျ ကျွန်တော့်ကို ဒီနားကလမ်းချိုးကွေ့မှာ လူတစ်ယောက်ကနေပြီး သူ့အလုပ်သမားဆိုပြီး ပိုက်ဆံပေးခိုင်းလိြက်တာပါ ဒီလူကို သူကမှားယွင်းစွပ်စွဲမိလို့ အလုပ်ကထွက်သွားပေမယ့် သူ့အမေခွဲစိတ်ခန်းဝင်ရမှာကြောင့် တစ်ဖက်လှည့်နဲ့ထီပေါက်တယ်ဆိုပြီး ပိုက်ဆံပေးခိုင်းလိုက်တာ အဲ့တာကျွန်တော်က သွားပေးပေးယုံပဲ  "

"ဒီလိုမျိုးလူတစ်ယောက်က လာပြောတာနဲ့ပဲ မဇင်ယော်က သွားပေးလိုက်တယ်ပေါ့ နောက်ပြီး ထီလက်မှတ်ပေါက်ဆဲ့ပုံစံမျိုးလုပ်တဲ့ဆိုတော့ မဇင်ယော်မှာ ထီလက်မှတ်ရောင်းထားတဲ့သက်သေရှိပါသလား "

"အဲ့ရောင်းတဲ့သူနဲ့ ကျွန်တော့်ကိုပြောတဲ့သူကချိန်းထားတယ်လို့ပြောတယ် နောက်ပြီးအဲ့လူကရောက်မလာတော့ သူက ကျွန်တော့်ကိုကူညီခိုင်းတာပဲ "

"ဟုတ်ပါပြီ ဒါဆို မဇင်ယော်ကို ကူညီခိုင်းတဲ့သူရဲ့နာမည်ကိုပြောပြပေးနိုင်မလား "

"သူ့နာမည်ကို သိပ်မမှတ်မိတော့ဘူးဗျ ဒါပေမယ့် သူ့မှတ်ပုံတင်ကို ကျွန်တော်ဓာတ်ပုံရိုက်ထားတယ် ဒီမှာ "

အိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာ ဟိုလူ့မှတ်ပုံတင်အား ပြလိုက်လေသည်။

"ရဲအုပ် ကိုဇော် ဒီမှတ်ပုံတင်ထဲက လိပ်စာအတိုင်းသွားပြီး အဲ့လူကို စခန်းခေါ်ခဲ့ပါ ဒီကမဇင်ယော်ကတော့ ကျွန်တော်တို့စခန်းမှာခဏထိန်းသိမ်းထားမှာပါ ဒါကြောင့် တရားရုံးမတင်မချင်း ဒီမှာပဲ အချုပ်ကျမှာပါ "

"ဒီမှာ ရှင်ဘာစကားပြောတာလဲ ရှင်တို့မှာသက်သေအထောက်အထားခိုင်လုံမှုမရှိပဲ ကျွန်မတို့သူငယ်ချင်းကို
စခန်းမှာခေါ်ထားတယ်ဆိုတာ အသရေဖျက်မှုဆိုတာ နားမလည်ဘူးလား "

Start with Heart And End with Love Where stories live. Discover now