29 💞

2.4K 219 25
                                    

အပိုင်း ၂၉

မနက်ခင်း နေရာအကြမ်းကို အရုပ်အသေးစားနဲ့ပုံတူလုပ်ပြီး အင်ဂျင်နီယာအဖွဲ့နဲ့တိုင်ပင်ကာ စီစဥ်နေတာမို့ ၁၂ နာရီလောက်မှသာ အစည်းအဝေးပြီးတော့သည်။ အလုပ်နေရာလည်း လိုက်သွားကြည့်ပြီးနောက် ဝင့်လွှာအားခေါ်ကာ စားသောက်ဆိုင်တစ်ခုဆီ ချီတက်ခဲ့ကြသည်။

"ဟူး....နင်ဘယ်ချိန်ထိ ထမင်းကိုမွှေနေအုန်းမှာလဲ "

ဘာခံစားချက်မှမရှိတဲ့လူတစ် ယောက်လိုမျိုး ထမင်းကို ဇွန်းနဲ့သာမွှေနေပြီး ဘာမှကိုမထိ...မနက်ကတည်းက အစည်းအဝေးမှာလည်း ဒီတိုင်းကြီးမို့ အင်ဂျင်နီယာတစ်ချို့ရဲ့အမေးကိုတောင် နေမကောင်းလို့ပါဆိုပြီး ဖြေခဲ့ရသည်အထိ...အခုလည်းကြည့်..ဇင်ယော့်မှာ ဝိညဥ်နဲ့စကားပြောနေရသလား ေအာက်မေ့ရတယ်..သူ့ဘက်က ဘာမှကို တုံ့ပြန်မှုမရှိ..

"Ya. ..မျိုးဝင့်လွှာ ငါပြောတာလေးလည်း တစ်ချက်လောက်နားထောင်ပါအုန်း ရွှေဇင်တို့ ထက်ဝေယံ တို့ကို ခေါ်ပေးရမလား "

သူငယ်ချင်းတွေဆုံသွားရင် သူများအနည်းငယ် စိတ်ပြေပျောက်မလားလို့ ခေါ်ရမလားမေးကြည့်တော့ အမတော်က မူလအတိုင်း
မလှုပ်မယှက်က မလှုပ်မယှက်ပင်..

"ထမင်းတော့စားလိုက်ပါနော် နင်ကလည်း နင်ကြိုက်တဲ့ ဆိတ်သားဟင်းလေးရယ် သရက်ချည်သုတ်ရယ် ဟော ဒီမှာ မစ်ဆလပ်အသုတ်တောင်ပါသေးတယ် "

မထူးတော့တဲ့အခြေအနေမို့ သူ့ဘေးနားမှာသွားထိုင်ပြီး ဟင်းတွေတစ်မျိုးပြီးတစ်မျိုးထည့်ပေးရသည်။

"ငါဘယ်လိုလုပ်ရမလဲ ဇင်ယော်ရယ် မနေ့ညကတစ်ညလုံးစဥ်းစားပြီးပြီ ရှေ့ဆက်တိုးပြန်ရင်လည်း သူ့မှာ သံယောဇဥ်ကြိုးနဲ့ နောက်ဆုတ်ရပြန်ရင်လည်း ငါ... ငါ "

တစ်ဖြေးဖြေးနဲ့ရှိုက်ငင်လာတဲ့ သူငယ်ချင်းကို ပွေ့ဖက်ရင်း နှစ်သိမ့်ပေးရသည်။

"ငါသိပါတယ် နင်သူ့ကို မစွန့်လွှတ်နိုင်ဘူးဆိုတာ ဘယ်သူမဆို ကိုယ်ချစ်ရသူကို ဒုက္ခတွင်းထဲမထည့်ချင်ဘူးမလား နင်သူ့ကို ကူညီပေးလိုက်ပါ ဒီအတောအတွင်း ...သူ့ဘက်ကလည်း နင့်ပေါ်မှာအခုချိန်ထိ ခံစားချက်တွေရှိတုန်းပဲ တကယ်လို့ သူ့ရဲ့သံယောဇဥ်ကြိုးကို နင်လက်ခံနိုင်တယ်ဆိုရင် ရှေ့ဆက်သာတိုးလိုက်သူငယ်ချင်း ငါ အကုန်ကူညီပေးမယ် "

Start with Heart And End with Love Where stories live. Discover now