31 💞

2.5K 210 18
                                    

အပိုင်း ၃၁

"ပြသာနာက အဲ့တာပဲ ဇင်ယော် သူနဲ့ငါ့ကြားထဲမှာ အနေနီးနေပေမယ့် ဝေးနေသလို ခံစားချက်ကြီး "

ဖုန်းမှန်သားပြင်မှ မြင်နေရတဲ့ ဝင့်လွှာရဲ့မျက်နှာမှာ တကယ့်ကိုခံစားချက်တွေပေါ်လွှင်နေသည်။ ဟုတ်ပါတယ်လေ... ချစ်နေရက် မြင်နေရက်နဲ့ ဝေးကွာနေရတဲ့အဖြစ်က ဘယ်လောက်ခံစားရခက်လဲဆိုတာ ဇင်ယော်အသိဆုံးပဲမလား..

"ဒါပေမယ့် အခုချိန်မှာ နင်ဇွတ်ကြီးမလုပ်နဲ့အုန်းလေ သားသားကိစ္စပြီးမှသာ တစ်ခါပြန်ပြောကြည့်ပေါ့အခုချိန်မှာ သူလည်း သားဇောနဲ့လက်ခံနိုင်မှာမဟုတ်ဘူး "

"ဟူး....ငါကတော့ အရင်တစ်ခါလို ထွက်ပြေးသွားမှာကို ကြောက်တာ ဇင်ယော် ဒီတစ်ခါသူထွက်သွားရင် ငါ့နှလုံးသားကခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူး "

ဝင့်လွှာပြောသလိုပင်...ဝသ့်လွှာ မမနွေအပေါ်ဘယ်လောက်ချစ်ခဲ့တယ်ဆိုတာ သူလည်းအသိမို့ ဒီတစ်ခေါက်သာ အရင်လိုထပ်ဖြစ်ရင်
တကယ်ပင် ဝင့်လွှာအတွက်စိုးရိမ်ရသည်။ သူသည်လည်း ဇင်ယော်ကဲ့သို့ အချစ်ကြီးသူမို့...ကြည့်ရတာဇင်ယော်တို့တစ်အုပ်စုလုံးက
အချစ်ကြီးရတာကိုကြိုက်တယ်တူပါရဲ့...ကိုယ့်ကိုကိုယ့်ထက်ပိုပြီးတော့ကို ချစ်ကြတာလေ...

"မစိုးရိမ်ပါနဲ့ဟာ ဒီတစ်ခါတော့ မမနွေထွက်မပြေးနိုင်ပါဘူး အဲ့လိုထွက်မပြေးနိုင်အောင်လည်း နင်က အခုကတည်းက အချစ်ကြိုးတွေနဲ့ ခိုင်ခိုင်တုပ်ထား ဒါမှ မမနွေခြေချုပ်မိမှာ "

နှုတ်ခမ်းကြီးထော်ပြီး လက်နဲ့ကြိုးရစ်နေတဲ့ ပုံစံလုပ်ပြနေတဲ့ သးငယ်ချင်းကြောင့် ဝင့်လွှာမှာလည်း စိတ်ညစ်နေတဲ့ကြားကပြုံးသွားရသည်။ ဒါကြောင့် လူတစ်ယောက်ရဲ့ဘဝမှာ သူငယ်ချင်းဆိုတာကလည်း အရေးကြီးတဲ့ အချက်တွေထဲကတစ်ခုဖြစ်နေတာပင်..

"အဟင်း.....အေးပါဟာ နင်ပြောသလို ဦးကို အချစ်ကြိုးတွေနဲ့ တုပ်ပစ်မယ် နင်ကတော့ ကံကောင်းလိုက်တာ မိဘတွေလည်းသဘောတူ နှစ်ယောက်သားချစ်ကလည်းချစ် စေ့စပ်ပွဲတောင်လုပ်ပြီးပြီးဆိုတော့ ငှက်ကြီးကိုအရမ်းအားကျနေပြီ ငါ့ကိုလည်းကံကောင်းအောင်လို့ နင့်အမွှေးလေးတစ်ပင်လောက်ဖြုတ်ပေးပါလား "

Start with Heart And End with Love Unde poveștirile trăiesc. Descoperă acum