25 💞

2.7K 232 32
                                    

အပိုင်း ၂၅

မမနွေ.... တစ်နည်းအားဖြင့် တစ်ချိန်က ရင်းနှီးခဲ့တဲ့ သူတစ်ယောက်...ပျော်ရွှင်စာရင်းနှီးခဲ့တဲ့အတိတ်မှာ နာကျင်စွာ အဆုံးသတ်ခဲ့ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့သူ..နစ်နာသူက ကိုယ့်အချစ်ဆုံးသူငယ်ချင်းတစ်ယောက်...အခုတော့ တွေ့ရတာ မျက်နှာတွေတွေတောင် ချောင်ကျလို့...အကယ်၍များ သူ့ကို တစ်ယောက်  ယောက်
သာတွေ့သွားလျှင်..

"ဟဲ့ ဘာတွေငေးနေတာ ငါ စီချွမ်မာလာနဲ့ တုံ့ယမ်းမှာခဲ့တဲ့
အသားကတော့ ပုစွန်နဲ့ ကြက်သားရယ် ဂဏန်းရယ် ပင်လယ်စာရယ်နဲ့ ဘယ်လိုလဲ အဆင်ပြေတယ်မလား "

"အော်...အာ...အင်း ကောင်းတယ် ကောင်းတယ်"

ဇင်ယော်ကြည့်နေတဲ့ဘက်ကို လိုက်ကြည့်နေတဲ့ ဝင့်လွှာမ ခေါင်းကို အမြန်ဒီဘက်ဆွဲယူလိုက်ပြီး စကားလမ်းကြောင်းလွှဲပစ်ရသည်။
သူသာကောင်တာဘက်သွားတဲ့ မမနွေကိုသာ မြင်သွားမယ်ဆိုလျှင်.....

"ဟဲ့ နင်ဘာဖြစ်နေတာလဲ ခုနကတည်းက တအင်းအင်း တအဲအဲနဲ့ ဝမ်းချုပ်နေတာလား "

"သေလိုက်လေ ဆောင့်ကန်လိုက်ရ စားစရာရှိတာစား ပြီးရင် ဟိုတယ်ပြန်သွားရအုန်းမယ် တော်ကြာမိုးချုပ်နေလိမ့်မယ် "

မျက်စောင်းထိုးနေတဲ့ ဝင့်လွှာမကို စိတ်ထဲကနေတော့ စိစိညက်ညက်ကြေအောင် ထောင်းပစ်လိုက်ချင်သည်။
ဒီကတော့ သူ့ကို စေတနာနဲ့လုပ်ပေးလိုက်ရတာကို..

"အား....အခုမှ ဗိုက်ကို တင်းသွားတာပဲ ငါ့သူငယ်ချင်းလေး မမဆီကနေအများကြီးအချစ်ခံရပါစေ သက်ဆုံးတိုင်ထိပေါင်းနိုင်ပါစေ "

စားပြီးမှဆုပေးလာတဲ့ ဝင့်လွှာမကို ပြိုင်လည်းပြန်မပြောချင်တာကြောင့် သူပေးတဲ့ဆုလေးကိုသာ ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့
ပြန်ပြောလိုက်သည်။ တော်ကြာ လိုက်ကျွေးရပြီးမှ ပိုက်ဆံကုန်ရကျိုးမနပ်ဖြစ်နေမှ....

"အဲ...ဝင့်လွှာ ငါ... အခုမှ သတိရတယ် မမအတွက် ငါဝယ်စရာလေးရှိသေးလို့ အဲ့တာ စျေးဘက်ခဏသွားအုန်းမယ် အာ့ကြောင့်
နင်ပြန်နှင့်လိုက်တော့နော် "

"ဟင်... ငါလည်းလိုက်ခဲ့မယ်လေ "

"ဟာ..ငါက ကြာအုန်းမှာဟ တော်ကြာ ကြာတော့မှ ခြေထောက်တွေညောင်းတယ်ဆိုပြီး လာမငြီးနဲ့ သွားစမ်းပါ ငါ့ဘာသာ သွားမယ် "

Start with Heart And End with Love Where stories live. Discover now