9 💞

2.3K 212 35
                                    

အပိုင်း ၉

ပြောသင့်လား မပြောသင့်ဘူးလားဆိုတာ ေဝ ဝါးနေပြီး လမ်းပျေက်နေသလို ခံစားရတာ ဘဝမှာ ပထမဆုံးပင်..အချိန်အကြာကြီး မေ့ပျောက်ထားခဲ့ပြီးမှ အခုလိုမျိုး ကိုယ့်ရှေ့တည့်တည့်မှာ ပြန်ပေါ်လာတဲ့ မကောင်းတဲ့ မှတ်ညဏ်တစ်ခုဟာ သူတို့သားအမိနှစ်ယောက် ဘဝလေးရဲ့ အေးချမ်းမှုကို ရိုက်ခတ်စေနိုင်သည်။

စကားဆိုတာ ေပြာပြီးရင် ပြန်နှုတ်လို့ရတဲ့အရာမဟုတ်..
ဒါကြောင့် အရင်က ပုံစံအတိုင်း ဘဝအတိုင်း အေးချမ်းစွာနေနိုင်ဖို့ ဒီနေ့တွေ့ခဲ့ရတဲ့ အရာတစ်ခု မှတ်ညဏ်တစ်ခုကို ခေါင်းထဲက အပြီးတိုင် ထုတ်ပစ်လိုက်တော့မည်။

"ဇင်ယော် နေမကောင်းဘူးလား လူက တစ်မှိုင်မှိုင် တစ်ထွေထွေနဲ့ "

ချစ်တာကို မပြပေမယ့် ကိုယ်ဘာခံစားနေရတယ်ဆိုတာ အရင်ဆုံးသိပြီး စိုးရိမ်တတ်တာ အမေပါပဲ... ကောင်းတဲ့မှတ်ညဏ်သာ
ခဏလေးနဲ့ပျောက်သွားချင်ပျောက်လိမ့်မယ်..မကောင်းတဲ့ မှတ်ညဏ်ဆို ဘဝတစ်လျှောက်လုံး သေရာပါဒဏ်ရာတစ်ခုလို မျုိး စွဲနေတတ်တာ လူတွေအကျင့်တစ်ခုပါပဲ.. အခုလည်း ဟိုတစ် ေလာက တွေ့ခဲ့ရတဲ့ မကောင်းတဲ့မှတ်ညဏ်ရဲ့ရိုက်ခတ်မှုက ဒီတစ်ပတ်လုံး
ဇင့်ယော်ကို စိတ်ဆင်းရဲမှုဖြစ်စေသည်။

"ကောင်းပါတယ် အမေရဲ့ ဒီရက်ပိုင်း အလုပ်များလို့ပါ "

"အလုပ်လုပ်တာလည်း လုပ်တာပေါ့ ကိုယ့်ကို အရမ်းပင်ပန်းအောင်တော့မနေနဲ့ ကိုယ့်ကျန်းမာရေးက ကောင်းတာမဟုတ်ဘူး အလုပ်က တစ်ခုခုလွှဲချော်သွားလို့  ထွက်လိုက်ရတာဘာမှမဖြစ်ဘူး ကျန်းမာရေးဖောက်သွားမှ တစ်သက်လုံး အလုပ်မလုပ်နိုင်ဘဲဖြသ်သွားမယ် ကြားလား မနက်စာစားပြီးရင် အားဆေးသောက်သွား
ဒီည ပြန်လာရင် အမေ ကြက်ပေါင်းလုပ်ပေးမယ် "

"တကယ်နော် အမေ ဟီး..ညကျရင်တော့ ကြက်ပေါင်းစားရတော့မယ် ကတိမပျက်နဲ့နော် "

"တကယ်လုပ်ကျွေးမှာပါ အခုတော့ သွားလိုက်အုန်းမယ် တံခါးတွေသေချာပိတ် အမေသွားပြီ "

"ဟုတ် မေမေ "

အစက စိတ်တွေညစ်နေပေမယ့်လည်း မေမေ့ရဲ့ ကြက်ပေါင်းဆိုတဲ့
စကားကြောင့် အားတွေပြန်ပြည့်လာသလိုပင်..အမေကိုယ်တိုင်လုပ်ကျွေးတဲ့ ကြက်ပေါင်းက ဇင်ယော်အကြိုက်ဆုံးအစားအစာတွေထဲကတစ်ခု...နောက်ပြီး အမေက မအားတဲ့ သူမို့ အမြဲတမ်းလည်း မလုပ်ကျွေးတာကြောင့် အမေလုပ်ကျွေးတဲ့အခါကျရင် ဇင်ယော်အရမ်းပျော်တတ်သည်။

Start with Heart And End with Love Where stories live. Discover now