20 💞

3.2K 263 40
                                    

အပုိင်း ၂၀

ပြီးဆုံးသွားခဲ့ပြီ....သူလုပ်ချင်တဲ့အတိုင်း ဖြစ်ခဲ့သွားပြီ...ဒါပေမယ့်
ရင်ထဲမှာ ပေါ့ပါးသွားရမယ့် အစား ဆို့နင့်နေတဲ့ခံစားချက်က ဘာကြောင့်လဲ..ဒီအဖြေကို သူမ သိပေမယ့် လက်မခံရဲပေ..
လမ်းခွဲမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ကတည်းက နှလုံးသားထဲမှာ အမြစ်တွယ်နေတဲ့ ခံစားချက်တွေကို သူ မျက်ကွယ်ပြုပြီးသား..နင်းချေခဲ့ပြီးသား..

ဒါပေမယ့်..
ဦးနှောက်က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ နှလုံးသားတစ်ခုလုံးကို စုတ်ပြတ်သွားသလိုခံစားရပေမယ့် သူမ နောင်တမရခဲ့ပါဘူး..ဘာကြောင့်လဲဆိုတော့ သူမဟာ သစ္စာတရားကို တန်ဖိုးထားတဲ့သူမို့..

....

"ဇင်ယော်ရယ် ထမင်းလေးတော့ ထစားလိုက်ပါဟာ အန်တီလည်း ကြာရင်ရိပ်မိတော့မယ် နေမကောင်းဖြစ်နေတဲ့သူက ဘယ်တော့မှ မျက်တွင်းဟောက်ပတ်နဲ့ လဒရုပ်ဖြစ်မနေဘူးဟ နင့်ဟာက အသည်းကွဲတာကို သိသာနေရုံမကတော့ဘူး မျက်နှာမှာ စာကပ်ပြီးကြေငြာထားသလိုပဲ "

မေမေလုပ်ကေးထားတဲ့ဆန်ပြုတ်ခွက်ထည့်ထားသော လင်ဗန်းကို စားပွဲပေါ်အသာချကာ ကုတင်ပေါ်မှာ ပက်လက်လှဲ၍ မျက်နှာကျက်ကို မျက်တောင်မခတ် ငေးကြည့်နေသည့် ဇင်ယော့်အား အစားစားဖို့တိုက်တွန်းနေတဲ့ ဝင့်လွှာရဲအသံမှာ စိတ်ကုန်နေသလို ဒေါသထွက်နေတဲ့လေသံမျိုးလည်းပါလေသည်။

"ဇင်ယော် ငါတကယ်ပေါက်လာပြီနော် နင်ဒီတစ်ခါ မစားရင် ငါအန်တီ့ကို အကုန်ဖွင့်ပြောလိုက်မှာ နင်နေမကောင်းဘူးထင်ပြီး ပျာယာခတ်နေတဲ့အန်တီ့ကိုလည်း သနားပါအုံး အသည်းကွဲတာက ကြာရင်မေ့သွားလိမ့်မယ် အေး..နင်အခုဒီလိုပုံစံနဲ့သာနေရင် အသက်ထွက်ပြီး အန်တီ့ထက်အရင် ရေဝေးရောက်နေမှ အန်တီ့မှာ ယူကျုံးမရဖြစ်နေမှာ ထ... ထ လို့ ဇင်ယော် "

ေခြသလုံးကို တစ်ဖတ်ဖတ်နဲ့ရိုက်နေတဲ့ ဝင့်လွှာကြောင့် မထချင် ထချင်နဲ့ထကာ ဆန်ပြုတ်ပန်းကန်ကို ယူ၍ ဇွန်းနဲ့ ဟိုမွှေ ဒီမွှေလုပ်နေတော့ ဝင့်လွှာရဲ့ မျက်စောင်းက အလုိလိုကျရောက်လာလေပြီ..
ဇင်ယော်လည်း ကြာရင် ဝင့်လွှာရဲ့ ဒေါသမီးနဲ့ ကြုံတွေ့ရမည်
ဖြစ်သောကြောင့် ဇွန်းကိုချကာ ဆန်ပြုတ်တစ်ပန်းကန်လုံးမော့ချလိုက်လေသည်။

Start with Heart And End with Love Where stories live. Discover now