19 💞

3.1K 313 52
                                    

အပိုင်း ၁၉

ပိုးရဲ့အသိစိတ်တို့ကင်းမဲ့စွာဖြင့် သူ့၏ အနမ်းများကို တုံ့ပြန်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသောကြောင့် အပေါ်မှအုပ်မိုးနေသော သူ့အား တွန်းထုတ်လိုက်တော့ ကုတင်ပေါ်ကနေ ခွေခေါက်ကျသွားသော ဇင်ယော်....

"ဝုန်း "

"အား.လား လား နာလိုက်တာ မရယ် "

ကုတင်အောက်ကနေ နာနေတဲ့ခါးလေးကို ကိုင်ကာ ရှုံ့မဲ့စွာဖြင့် ကုန်းရုန်းထပြီး မကို အကြည့် မရဲ့မျက်ဝန်းထဲက အမည်ဖော်မရတဲ့အကြည့်တွေကို ဇင်ယော် တွေ့လိုက်ရတော့ တွေဝေမိသွားသည်။

"တို့ သွားတော့မယ် ဖုန်းမဆက်နဲ့ တို့ဆက်သ ွယ်လာမှကိုင် "

ကုတင်ဘေးကစားပွဲခုံပေါ်မှ သူမရဲ့ ပိုက်ဆံအိတ်ကို ကောက်ကိုင်ပြီး
ဇင်ယော့်ကို အမိန့်တွေပေးလျက်နဲ့ အလောတကြီးထွက်သွားတဲ့မကြောင့် ဇင်ယော့်မှာစကားလေးတောင် ပြောချိန်မရလိုက်ရ...ခပ်သွက်သွက်ထွက်သွားတဲ့ အမူအရာနဲ့ ဖုန်းမဆက်နဲ့ဆိုတဲ့စကားကြောင့် မသူ့ကို စိတ်ဆိုးသွားပြီဆိုတာကတော့ သေချာသည်။ အရာအားလုံးက ဖြစ်ပျက်ဖို့ တကယ်ခဏလေးပဲလိုပါလား..ခုနက မှ နမ်းတယ် အခုကျတော့ စိတ်ဆိုးသွားတယ်..
အိမ်း..ငါတော့ကံဇာတာတွေတက်နေတယ်ထင်ပါ့..

...
"ကျွီ "

ဘရိတ်ကို စောင့်အုပ်လိုက်တာကြောင့် တာယာနှင့် အောက်က ကြမ်းပြင်တို့ရဲ့ပွတ်တိုက်သံက ထွက်ပေါ်လို့လာလေသည်။
ဘရိတ်အုပ်ပြီးမှ မကြာကားတံခါးကို ဝုန်းခနဲစောင့်ပိတ်ပြီး
ဒေါက်ဖိနပ်သံ ခပ်ကျယ်ကျယ်နဲ့လျောက်လာတဲ့ မမလေး ပိုးသဒ္ဒါမင်း ကြောင့် အိမ်ထဲရှိ အစေခံ များ အထူးအဆန်းဖြင့်ကြည့်နေကြသည်။ ဘယ်သူ့ကိုမှ မကြည့်ဘဲ အိမ်အပေါ်ထပ် သူ့အခန်းထဲ တက်သွားကာ တံခါးပိတ်တော့လည်း ဝုန်းခနဲ...တစ်ခါမှ ယခုလိုပုံစံမျိုးမဖြစ်ဖူးတဲ့ မမလေးကို အိမ်ထဲရှိ အလုပ်သမားများ စိတ်ထဲထူးဆန်းနေရုံသာမက ဧည့်ခန်းထဲမှာ စာရင်းထိုင်တွက်နေတဲ့ ဒေါ်ပိုးလဲ့ရည်တောင် ကိုယ့်သမီးကိုယ်ကြည့်ပြီး ထူးဆန်းနေတော့သည်။

"ဘုတ် "

လက်က ကိုင်လာတဲ့ စလင်းဘတ်ကို ပစ်ချင်တဲ့နေရာပစ်လိုက်ပြီး
ကုတင်ပေါ်တွင် ငူငူကြီးထိုင်နေတဲ့ သူမ..ဘာမှဆက်စဥ်းစားလို့မရသလို ဘာမှလည်း တွေးလို့မရ..သူစိတ်ထဲမှာ တစ်စုံတစ်ခုကသာ ကြီးစိုးနေသည်။ ထိုအရာကတော့ သူမ သစ္စာဖောက်မိပြီဆိုတဲ့ အကြောင်းပင်..

Start with Heart And End with Love जहाँ कहानियाँ रहती हैं। अभी खोजें