7 💞

2.3K 217 24
                                    

"Morning မားမား "

"ပြောင်စပ်စပ်လုပ်မနေနဲ့ စားစရာရှိတာ စား ရုံးနောက်ကျလိမ့်မယ် "

မိုးလင်းကတည်းက ဇင်ယော်ပြုံးနေရတဲ့အကြောင်းအရင်းမှာ
  မနေ့က ကြားထားတဲ့ ပရောဂျက်ကြောင့် ဆို ပိုမှန်လိမ့်မည်။ ဒါကို မာတာမိခင် မေမေက ရုပ်တည်ကြီးနဲ့  ေဟာက် ေလတော့ ဇက်ကလေးပုပြီး မနက်စာ ဝင်ထိုင်စားရသည်။

"အမေ မနေ့ကလေ ပရောဂျက်အသစ်လုပ်ရမယ်လို့ ကျွန်တော်တို့ကို ပြောတယ်သိလား ဒီပရောဂျက်မှာသာ ကျွန်တော့်ဒီဇိုင်း ရွေးခံရရင် ဘောနပ်စ်လည်း ရမယ့်အပြင် ရာထူးလည်း တိုးမှာတဲ့ "

"ဒါကြောင့် ပျော်နေတာလား "

"ဟီး ဟုတ် ဒီပရောဂျက်သာရလို့ကတော့ ကျွန်တော်တို့ အကြွေးတွေ ချေနိုင်မယ်ထင်တာပဲ "

ဇင်ယော်ခွဲစိတ်တုန်းက မေမေ့မှာ ရှိတဲ့ ရွှေလေးတွေအပြင် ဘဏ်ထဲမှာ စုဆောင်းထားတဲ့ ငွေတစ်ချို့ကြောင့် အပြင်ကနေ သိန်းငါးဆယ်လောက်သာ ချေးခဲ့ရသည်။

ဇင်ယော်ကောင်းသွားတော့ ထိုအကြွေးကို မေ မေက တစ်ဖြေးဖြေးဖဲ့ဆပ်ရင်း အရင်လက ဇင်ယော့်ဘောနပ်စ် ပိုက်ဆံကိုပါ ဆပ်လိုက်တော့ သိန်းနှစ်ဆယ်သာ ကျန်တော့သည်။ သူနာပြုဖြစ်တာကြောင့် ဘေးပေါက်ကနေဝင်တဲ့ ပိုက်ဆံလေးနဲ့ စားသောက်ရင်း
လကုန်လို့ လစာထုတ်လာတဲ့ပိုက်ဆံမှန်သမျှကို အကြွေးဆပ်ပစ်ရတာ တစ်နှစ်လောက်ရှိခဲ့ပြီ..

ဒါတောင် ဇင်ယော်အလုပ်ရလာလို့ နည်းနည်းအဆင်ပြေလာခဲ့တာဆိုလည်းမမှား....ဒါကြောင့်လည်း ဇင်ယော့်မှာ ကုမ္မဏီမှာ ဘယ်လောက်အပြောခံရရ သမုတ်ခံရရ နေနေခြင်းဖြစ်သည်။

"အကြွေးကိစ္စကို တွေးပူမနေနဲ့ အလုပ်မှာသာ အာရုံထား အလုပ်ခွင်ဆိုတာကိုယ်က တော်နေရင်အောက်ကို ဆွဲချချင်တဲ့သူတွေချည်းပဲ
ဘယ်သူ့ကို မှ တအားမယုံကြည်နဲ့ မီးဖိုချောင်ထဲမှာ ထမင်းချိုင့်ရှိတယ် အမေ ဒီနေ့ လူနာတစ်ယောက်က ခွဲခန်းဝင်ရမှာမို့ ကြိုသွားရမှာ အိမ်တံခါးကိုလည်း သေချာပိတ်သွား ခြံတံခါးလည်း သေချာခေတ် အလုပ်လည်းနောက်မကျစေနဲ့ ကြားလား အမေသွားတော့မယ် "

Start with Heart And End with Love Where stories live. Discover now