34 💞

2.1K 177 14
                                    

အပိုင်း ၃၄

ဝင့်လွှာတို့ပြန်လာမည့်ရက်ဖြစ်တာကြောင့် ဇင်ယော်လည်း အလုပ်မှဒီနေ့တစ်ရက်တော့ခွင့်ယူလိုက်လေသည်။ သူဌေးကလည်း လာချင်ပေမယ့် ဒီနေ့မှ တစ်ခြာယကုမ္မဏီတွေ့ဖို့ချိန်းထားတာကြောင့် ဇင်ယော်ပဲလာခဲ့ရလေသည်။ မေမေကတော့ ဒီအချိန်လောက်မှာ အိမ်မှာ ချက်ပြုတ်နေလောက်ပြီ...

"ဟေး...ဝင့်လွှာ ဒီမှာဟ "

ထွက်ပေါက်ကနေ legue အိတ် နှစ်လုံးနဲ့ထွက်လာတဲ့ ဝင့်လွှာနဲ့မမနွေရယ်က ဝှီးချဲနဲ့ သားလေးကို တွန်းလာရင်း ဇင်ယော့်ဘက်သို့လျှောက်လာကြသည်။

"အမယ်လေး..ဘန်ကောက်သွားလိုက်တာ အမဲခြောက်ဖြစ်သွားတယ်နော် ဝင့်လွှာမ "

"ငါအမဲခြောက်ဖြစ်တာ နင်ဖြူသလောက်ပဲရှိပါတယ်ငှက်ကြီးရာ "

တွေ့တွေ့ချင်းခနဲ့နေတဲ့ ငှက်ကြီးကို ဝင့်လွှာလည်း ပါးပါးလေးပြန်ပက်လိုက်လေသည်။ ဒီလိုမှ တကယ့် bff တွေရဲ့နှုတ်ဆက်နည်းအစစ်..

"အေးပါ ကားပေါ်ရောက်မှ နင့်လက်နဲ့ငါ့လက် ယှဥ်ပြမယ် သားသားလေး နေကောင်းသွားပြီလား "

ဝင့်လွှာမအား မျက်စောင်းချီပြီး နောက် ဝှီးချဲပေါ်က သားသားလေးအား ဒူးညွှတ်ကာ ပါးလေးအား အသာကိုင်ရင်းမေးတော့..

"ဟုတ် ဦးဦးဇင်ဇင် "

"သားသားလေး ပျော်ခဲ့ရဲ့လား ".

"ဟင့်အင်း...ဟိုမှာကစားကွင်းအကြကြီးရှိတာကို မေမေကလိုက်မပို့ဘူး "

မျက်နှာမဲ့ရင်း ကလေးပီပီ ကစားကွင်းသွားချင်တဲ့ စိတ်ကလေးကို သူရဲ့ကျန်းမာရေးက ဖျက်လိုက်တာကြောင့် စိတ်မကောင်းဖြစ်မိရသည်။

"အော် သားသားရယ် သားသားကအခုမှနေကောင်းခါစမို့လို့လေ နောက်ခါကျရင် ဦးဦးက လိုက်ပို့မယ်နော် သေချာပေါက် "

"တကယ်လား "

မျက်လုံးလေးတွေအရောင်လက်ရင်း မေးလာတဲ့ကလေးငယ်သာ
တကယ့်ကို ဖြူစင်လွန်းပါဘိ..

"တကယ်ပေါ့ ဦးဦးက ကတိပေးရင်တည်တယ်ဆိုတာ သိတယ်မလား "

"ရေး..ဒါမှ ဦးဦးဇင်ဇင်ကွ "

Start with Heart And End with Love Where stories live. Discover now