6 💞

2.3K 207 47
                                    

အပိုင်း ၆

ဘာလိုလိုနဲ့ ဇင်ယော်အလုပ်ဝင်တာ တစ်လတောင်ပြည့်သွားခဲ့လေပြီ..ထိုတစ်လအတွင်း မိတ်ဆွေဆိုလို့ ကိုစိုင်း တစ်ယောက်ထဲသာရခဲ့ရသည်။ ကျန်တဲ့သူတွေကတော့ ကိုယ့်ကို စကားတောင်မပြောမဖြစ်လို့ ပြောရတဲ့ပုံစံမျိုး နှင့်..ပထမ ပြသာနာက အဲ့လောက်သိပ်မကြီးပေမယ့် ဒီဇိုင်းကိစ္စမှာ ဇင်ယော်အရွေးခံလိုက်ရတာက တော်တော်လေး ပြသာနာကြီးသွားသလ်ိုဖြစ်သွားလေသည်။

အထူးသဖြင့် Supervisor ပေါ့.. တကယ်လို့ ဇင်ယော်သာ ဒီကုမ္မဏီမှာ  မရှိခဲ့ရင် သူ့ဒီဇိုင်းက အရွေးချယ်အခံနိုင်ဆုံးနဲ့ သူသာအရွေးခံရရင် ရာထူးကသေချာပေါက်တိုးမှာမို့လို့ပင်..အဲ့တော့ ဇင်ယော့်ကြောင့် သူ့အလုပ်ကိစ္စတွေ ဆုံးရှုံးသွားသလိုဖြစ်တော့ ဇင်ယော့်ကို ဘယ်လိုမှ အမြင်မကြည်တော့..Supervisor အမြင်မကြည်တဲ့သူဆိုလျှင် ကျန်တဲ့သူတွေကပါ အမြင်မကြည်ကြတာ သိပ်မဆန်းပါဘူး..ကိူယ်ရာထူးတို့ဖို့က အဓိက Supervisor ထောက်ခံပေးမှ ဖြစ်တာလေ ဒါကြောင့် အစကတည်းက နာမည်ဆိုးနေတဲ့ ဇင်ယော့်ကို Supervisor ကပါ ထပ်မကြည်တော့ ဘယ်သူမှ မပေါင်းချင်ကြတော့တာ သိပ်မထူးဆန်းပါဘူးး..

ဒီဇိုင်းရွေးခံရတာကြောင့် လစာ ထုတ်လာတော့ ဘောနပ်စ် အဖြစ်
၁၀ သိန်းက အပိုပါလာလေသည်။ လစာနဲ့ဆို စုစုပေါင်း ၁၆ သိန်းမို့
ဇင်ယော်တစ်ယောက် အပျော်ကြီး ပျော်နေပြီလေ..ဒါကြောင့် လူတိုင်းက ဒီကုမ္မဏီမှာ အလုပ်ဝင်ချင်ကြတာ မဆန်းပါဘူး.. ကိုယ်ကြိုးစားရင်ကြိုးစားသလောက် ကုမ္မဏီအပေါ် အနစ်နာခံရင် ခံသလောက် ဘောနပ်စ်တို့ ကို ထိုက်ထိုက်တန်တန်ပေးတော့ ဘယ်သူမဆို အလုပ်ဝင်ရတာ ပျော်မှာပဲလေ..

လစာထုတ်ထုတ်ချင်း အမေ့ကို ၁၃ သိန်းအပ်ပေမယ့် အမေက ၁၀ သိန်းသာယူခဲ့သည်။ ကျန်တဲ့ခြောက်သိန်းကိုတော့ ဇင်ယော်လိုအပ်တာဝယ်ဖို့နဲ့ သုံးဖို့တဲ့..ဘောနပ်စ်မရတဲ့ လကျရင်လည်း
သုံးဖို့ပေါ့. စီနီယာ ကိုစိုင်းကိုတော့ တစ်ဝိုင်းလိုက်ကျွေးလိုက်ပြီး
ရုံးပိတ်ရက်ကျ သူငယ်ချင်းတွေကို ပြုစုရအုန်းမည်။

"Cheer! !!! "

"ငါတို့ဇင်ယော်ငှက်ကြီး ဒီထပ်မက ပိုအောင်မြင်ပါစေ ကျွေးနိုင်မွေးနိုင်ပါစေဗျာ "

Start with Heart And End with Love Where stories live. Discover now