5 💞

2.5K 240 46
                                    

အပိုင်း ၅

လူဆိုတာ မြေခွေးစပျစ်သီးခူးတဲ့ ပုံပြင်လိုပဲ... ကိုယ်လိုချင်တာမရလာတဲ့အခါကျရင် အဲ့ဒီအရာကို မကောင်းပြောတတ်ကြတာ သဘာဝပဲ..အခု ဒီဇိုင်းကိစ္စမှာလည်း ဇင်ယော့်ကိုပြောကြတာမဆန်းပါးဘူး
အများဆုံးပြောကြတာကတော့ ဇင်ယော်နဲ့ Ceo က တစ်ခုခုမို့လို့တဲ့..ဘယ်သူ့ဒီဇိုင်းဆိုတာ မသိအောင် လုပ်ထားတဲ့အရာကို ဒီလိုပြောကြတာ ဇင်ယော်ဖြင့် အံသြောလို့မဆုံးဘူး..

ဒါပေမယ့် သူတို့ပြောကြလည်း ဇင်ယော်အနေနဲ့ ခံနိုင်ရည်ရဗိနေပါပြီ..ကုမ္မဏီ စဝင်ဝင်ချင်းမှာ တက်ထားတဲ့ ပြသာနာကြောင့်
သူဠေးကို အပိုင်ကြံချင်တဲ့ ပိုင်းလုံးတို့ သူဌေး attention လိုချင်လို့ လုပ်မိလုပ်ရာလုပ်တဲ့ အရှက်မရှိတဲ့သူ အကပ်ကောင်းလို့ ကုမ္မဏီရောက်လာတဲ့သူဆိုပြီး ပြောခံခဲ့ရတာမို့ ဒီလောက်ကတော့
ဇက်ယော့်အတွက် စာမဖွဲ့တော့ဘူး...

.....

Hotel ပရောဂျက် အသစ်အတွက် ဒီဇိုင်းရွေးမှာမို့ မနက်စောစောစီးစီး အစည်းအဝေးရှိတာကြောင့် ပိုးကုမ္မဏီကို စောလာခဲ့သည်။ ပိုးရောက်တဲ့အချိန်လူလည်း စုံနေပြီဖြစ်တာကြောင့်
အစည်းအဝေးကို စတက်လိုက်လေသည်။

Hotel ရဲ့ဒီဇိုင်းအတွက် ထုံးစံအတိုင်း ဒီဇိုင်းဌာနရဲ့ လူတိုင်းဆွဲထားသော ဒီဇိုင်းကို projector တွင် ပြသပေးလေသည်။
စလာ လာချင်း ဒီဇိုင်းအများစုက သိပ်မထူးမခြားဒီဇိုင်းတွေမို့ ပိုး အတွက် ခေါင်းခဲရသလို ရှယ်ယာရှင်တွေလည်း ထိုနည်း လည်းကောင်းပင်..

ဒါပေမယ့် နောက်ဆုံးမှာ ပြသွားတဲ့ ဒီဇိုင်းမှာတော့ အားလုံးအတွက် ရွေးချယ်ပြီးသားဖြစ်သွားစေသည်။ ထိုဒီဇိုင်းလေးဟာ အခုဖွင့်မယ့်
ပင်လယ်ကမ်းခြေ အပန်းဖြေဟိုတယ်အတွက် အသင့်တော်ဆုံးနဲ့ အဆန်းဆုံး ဒီဇိုင်းလေးလည်း ဖြစ်သည်။ မြင်လိုက်ရုံနဲ့ နေချက်စဖွယ်ကောင်းပြီး တဘ်းခိုသူတွေအတွက်လည်း အခန်းရှေ့လေးတွေမှာ ပင်လယ်မျက်နှာမူ ဘန်ဂလို အသေးစားလေးတွေပါ ပါတဲ့အတွက် ဘယ်သူမဆို လာရောက်တည်းချင်မှာ အသေအချာ..

ဟိုတယ်ဆောက်ဖို့အတွက် ပင်လယ်နဲ့မျက်နှာချင်းဆိုင်မြေကွက်ကို ရွေးဝယ်ထားတဲ့ အချက်ပေါ်မူတည်ပြီး ဒီဇိုင်းဆွဲသူဟာ သူ့ရဲ့ အိုင်ဒီယာ အဆန်းလေးကို ပြသ သွားခြင်းဖြစ်သည်။ ငွေကြေးပြည့်စုံတဲ့သူအများစုက ကမ်းခြေရောက်လျှင်  ေရဆော့တာထက် သူတို့ရဲ့စိတ်ကို relax ပေးဖို့ အတွက် က ပိုများသည်။ ဒါကြောင့် အခန်းတိုင်းရဲ့ ရှေ့မှာ ဘန်ဂလိုအသေးစားလေးနှင့်အတူ ပင်လယ်အလှကို ရှုစားနိုင်တဲအတွက် သေချာပေါက် သူဌေးတွေအကြိုက်ဖြစ်မှာအသေအချာပင်..

Start with Heart And End with Love Where stories live. Discover now