32 💞

2.2K 233 42
                                    

အပိုင်း ၃၂

"တောက် ငါကွာ လုပ်လိုက်ရင်မကောင်းဖြစ်တော့မယ်
ပိုးမျက်နှာကြောင့် သည်းခံနေတာကို...ဒင်းက ..."

သီဟ တစ်ယောက် ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နဲ့ ဒေါသထွက်နေသောသူ့ရဲ့သူဌေး ထက်မြက်မောင်ကိုကြည့်ပြီးမျက်စိနှောက်နေလေပြီ...ဥက္ကဌကြီးယောက်ဖအနေနဲ့ ကုမ္မဏီမှာ မန်နေဂျာချုပ်ရာထူးရထားပေမယ့် အရည်အချင်းဆိုလို့ အောက်ခြေဝန်ထမ်းလောက်တောင် အဆင့်မရှိတဲ့သူဆီမှာ အလုပ်လုပ်ရတာလည်း တကယ်ဂွကျသည်။

သူ့စကားသာအမှန် သူသာလူတတ်ကြီးလုပ်ပြီး နေရာတကာမှာ
ဝင်ပါချင်ပြီး အခြေအနေနဲ့ အချိန်အခါလည်း မသိတတ်...ကြာတော့ သီဟမှာ သူ့အတွင်းရေးမှူးသာ လစာမပျောက်ချင်လို့လုပ်နေရတာ....တော်တော်လေးစိတ်ကုန်နေပါပြီ...အခုလည်း ပိုင်ရှင်ရှိတော့မယ့်လူကိုမှ သွားကြောင်တာ ဟိုက လုပ်ထည့်လိုက်လို့
ထိုင်လို့မရတာကို မမှတ်သေးဘူး.....

သီဟမှာ ဖြစ်ဖြစ်ချင်းတုန်းက ဆရာဝန်ပင့်ပေးပြီး ဘာဖြစ်တာလဲ မေးတုန်းကဆို မျက်နှာမှာထားစရာမရှိအောင်ပူလှသည်။ ဖြစ်တဲ့နေရာက တကယ့်နေရာကြီးဆိုတော့..... လောလောဆယ် ပက်လက်အိပ်ချင်အိပ်...မအိပ်ချင်ရင် လမ်းလျှောက် ဒါမှမဟုတ် မတ်တပ်ရပ်နေဆိုတဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်း လမ်းလျှောက်နေပေမယ့် တစ်ချိန်လုံး ပွစိပွစိနဲ့ ကျိန်ဆဲနေတဲ့ သူ့ကို ကြည့်ပြီး အကုသိုလ်လည်းများပါတယ်..

အစကတည်းက ပွေပါတယ် ရှုပ်ပါတယ်ဆိုတဲ့သူတောင် အရှုံးပေးထားရတဲ့သူမျိုးကို ဟိုက တည်ကြည်လွန်းပြီး ပြတ်သားတဲ့
မပိုးသဒ္ဒါမင်းက သူ့ကိုဘယ်လိုလုပ် ကြည်ဖြူမယ်...
ဒါ တောင် ပါးမရိုက်လွတ်လိုက်တာကံကောင်း...ဒါပေမယ့် သူ့အနာဂတ် ခင်ပွန်းလောင်း tomboy ကြီးကလုပ်ထည့်လိုက်တာ
သီဟတောင် အားရတယ်။ ကြောင်ချင်အုန်းဟဲ့ကောင်းကောင်း..

"ဟျောင့်....သီဟ ငါပြောဲတဲ့ အထဲမှာ ရယ်စရာပါလို့လား "

"ဗျာ... မပါပါဘူး Boss မနေ့က ကြည့်ခဲ့တဲ့ ကာတွန်းကားကို သတိရသွားလို့ပါ "

"ဟွန်း.....ဒီကိစ္စကိုဒီတိုင်း လွတ်ပေးမယ်များ မထင်လိုက်နဲ့ အိမ်ရောက်တာနဲ့ မမကိုပြောပြီး တစ်ခါတည်း မိန်းမအဖြစ် တောင်းခိုင်းမယ် မင်းလာပတ်သတ်တတ်တဲ့သူမှားသွားပြီ ငှက်နာမည်နဲ့ကောင်
ငါ့အကြောင်း သိရသေးတာပေါ့ "

Start with Heart And End with Love Where stories live. Discover now