14 💞

2.7K 243 43
                                    

အပိုင်း ၁၄

"ဟဲ့ ဟိုမှာ နင့်ရဲ့ အချိန်မှန် လေဒီလေးလာပြီ "

ကုမ္မဏီရှေ့တွင် ကားရပ်ထားပြီး ကားအားမှီကာ မျက်မှန်ဝိုင်းလေးတပ်ကာ ဇင်ယော်တို့ဘက်ကို ကြည့်နေတဲ့ ဝင့်လွှာပြောသလို
အခုတလော ဇင်ယော့်ရုံးဆင်းချိန်တိုင်းရောက်ရောက်လာတဲ့
အချိန်မှန်နေတဲ့ မပိုးသဒ္ဒါမင်း...
ဝင့်လွှာကတော့ ပြုံးစစဖြင့် ဇင်ယော့်ကို မျက်ခုံးတွေပါ လှုပ်ပြပြီး
လက်ပြနှုတ်ဆက်သွားလေသည်။

ဇင်ယော့်ကို ကြည့်မရနေခဲ့ပြီးမှ အခုကျ ရည်းစားလိုလို သူငယ်ချင်းလိုလို မတင်မကျဖြစ်နေတဲ့ ဒီအခြေအနေကြီးကို ဇင်ယော်ဘယ်လိုပြောရပါ့..ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် ရုံးသွားရုံးပြန်လုပ်နေခါမှ မေမေရဲ့ဘာစိတ်ကူးပေါက်လို့ ပြောမှန်းမသိတဲ့ သမီးပိုးလေးနဲ့အတူတူ
လိုက်သွား ဆိုတဲ့ စကားကြောင့် ဇင်ယော့်ရဲ့ မနက်နဲ့ညနေရုံးဆင်းတိုင်း သူမနဲ့အတူ တွေ့ရတတ်သည်။

ရုံးသွားချိန်တော့ ကိုယ့်ကုမ္မဏီကို ကိုယ်သွားတော့ စကားမပြောဖြစ်ပေ..ဒါပေမယ့် ရုံးဆင်းချိန်ရောက်တိုင်း ဇင်ယော့်ကို Peace ဆိုတဲ့စားသောက်ဆိုင်ဖြစ်ဖြစ် မနော်ဟရီ ကစားကွင်းထဲက ပန်းခြံကို ဖြစ်ဖြစ် ကန်တော်ကြီးကို ဖြစ်ဖြစ် ကျုံးဘေးကို ဖြစ်ဖြစ်ခေါ်သွားတတ်သည်။

ထိုနေရာတွေကို အရင်ကရောက်နေကြဖြစ်ပေမယ့် သူမနဲ့အတူ သွားရတော့ ခံစားရတာ တစ်ကယ့်ကို တစ်မျိုးကြီး..လွမ်းသလိုလို ဆွေးသလိုလိုဖြင့်...တစ်ခါတစ်လေ ဘေးချင်းကပ်ထိုင်နေရပေမယ့်လည်း ဝေးကွာနေရသလိုမျိုး နှလုံးသားက ခံစားရပြန်သည်။

ဘယ်နေရာကို သွားသွား နှစ်ယောက်အတူထိုင်ပြီးရင် ဘာစကားမှမပြောဘဲ နှစ်ယောက်သားအတူထိုင် တစ်ခါတစ်လေတော့ တစ်နေ့တာတွေ့ကြုံခဲ့ရတဲ့ အခက်အခက်အခဲတွေထဲက ထူးဆန်းတာတေလးတွေပြောဖြစ်ကြသည်။ ဒါပေမယ့် အများအားဖြင့်တော့ လမ်းအတူလျှောက် အတူထိုင်ပြီး တစ်နေရာရာကို ငေးနေလေ့သာများသည်။

ဒီနေ့တော့ မနော်ဟရီ ပန်းခြံ ဘက်ရောက်ဖြစ်ကြသည်။ ထုံးစံအတိုင်း နှစ်ယောက်အတူတူ ထိုင်ခုံမှာထိုင်ရင်း သူမဘက်က စပြောလာခဲ့သည်။

Start with Heart And End with Love Where stories live. Discover now