1 💞

4.1K 255 26
                                    

အပိုင်း ၁...

မနက်ခင်း နေရောင်ခြည် လေး မျက်နှာပေါ် စကျတော့ သူအိပ်ယာနိုး နေခဲ့ပြီ..တစ်နေ့တစ်နေ့ ရှင်သန်ရတာ ခက်ခဲလာတာနဲ့အမျှ
နိုးထဖို့ကလည်း မလွယ်ကူတော့..ဒီနေ့နဲ့ဆို သူ့ဘဝပြောင်းလဲခဲ့တာ သုံးလကျော်ပြီ..

အနာကျက်ပြီလားလို့ မမေးပါနဲ့..သုံးလမပြောနဲ့ သုံးနှစ် နှစ်သုံးဆယ်တောင် ထိုလူကို မေ့သွားမှာမဟုတ်တာ သူသေချာပေါက်သိသည်။ ကိုယ့်ရဲ့ဘဝတစ်ခုလုံးလို့ ယူဆထားတဲ့ လူတစ်ယောက်..
ကိုယ့်ဘဝထဲက ပျောက်ကွယ်သွားရင် ဘယ်လိုခံစားရမလဲ..
အချစ်ရဆုံးသော မိဘတွေရှိနေလို့ သူဒီလောက်ထိ ခံနိုင်ခဲ့တာ...

"သမီးပိုး ဒီမှာ သမီးကြိုက်တဲ့ မနက်စာ ပုစွန်ထမင်းကြော်လေးနဲ့ ကင်ချီ လုပ်ထားတယ် "

အမြဲတမ်းသူ့အကြိုက်တွေကိုသာ ဦးစားပေးပြီး ချက်ပြုတ်ပေးနေတဲ့ သူ့မေမေကို အနည်းငယ်တော့ပြုံးပြခဲ့သည်။ ဘယ်လောက်ပဲ မရယ်မပြုံးချင်နေပါစေ..ကိုယ့်အတွက် အမြဲရပ်တည်ပေးခဲ့တဲ့ ကိုယိ့အမေအတွက်တော့ ဒီလောက်လုပ်ပေးရမယ်မလား...

"ကုမ္မဏီသွားတာ တစ်ရက်လောက်နားလိုက်ပါလား သမီးငယ် "

"ဟင့်အင်း ဒယ်ဒီ ကုမ္မဏီသွားရတာ သမီးအတွက် ပိုကောင်းတယ် "
သူ့စိတ်က ဒီတိုင်းနေရင် သွားလေသူကို သတိရပြီး မနေ နိုင်တာမို့
ကုမ္မဏီက အလုပ်တွေမှာပဲ စိတ်နှစ်ထားလိုက်တော့တာ အကောင်းဆုံးဖြစ်သည်။

မနက်စာစားပြီး ကုမ္မဏီရောင်တော့ အတွင်းရေးမှူးကနေတစ်ဆင့်ပို့လာတဲ့ စာရင်းဖိုင်တွေကိုလုပ်နေရင်း အချိန်တွေကို ကုန်ဆုံးပစ်လိုက်သည်။

"မမ ဒီမှာ မမအတွက် ဝယ်လာတာ "

"ကျေးဇူးပဲ သီတာ "
Green Tea ကြိုက် တဲ့ ပိုးအတွက် သူအောက်ဆင်းပြီး ကန်တင်းကို သွားတိုင်း အမြဲတမ်းဝယ်လာနေကျ..ပိုးစိတ်ရှုပ်လာရင် သံပုရာဖျော်ပေးသလို ပိုးမှာ ငူငူငိုင်ငိုင်ဖြစ်နေပြီဆိုရင်လည်း
ဟိုအကြောင်း ဒီအကြောင်းလာပြောပြီး ပိုးအပေါ် အရမ်းသိတတ်သည်။ ဒါကြောင့်မို့ ပိုးမှာ သီတာဆိုတဲ့ ဒီအတွင်းရေးမှူးလေးကို အားကိုးနေရသည်။

Start with Heart And End with Love Where stories live. Discover now