26 💞

2.8K 235 25
                                    

၂၆

ကုမ္မဏီအစည်းအဝေးဖြစ်တာကြောင့် ဟိုတယ်က meeting ခန်းကို ခဏငှားကာ အစည်းအဝေးလုပ်နေခြင်းဖြစ်သည်။ ဟိုတယ်ဒီဇိုင်းကို နောက်ဆုံး ဇကာတင်အနေဖြင့် ပူးပေါင်းသည့် ကုမ္မဏီပိုင်ရှင်နှစ်ယောက်လု ံးအကြိုက်ကို ရွေးချယ်ကာ အင်ဂျင်နီယာနဲ့ ဆွေးနွေးပြီး စတင်ဆောက်လုပ်မည့်ရက်နဲ့ ပြီးနိုင်မည့် ခန်းမှန်းချိန်ကို သတ်မှတ်ပြီးနောက် အစည်းအဝေးကို အပြီးသတ်လိုက်လေသည်။

အရင်က ဆုံးဖြတ်ထားသဘ့်အတိုင်း ဒီဇိူင်းနာဖြစ်သည့် ဇင်ယော်ရယ် မမေနွဲ့စိုးရယ်နဲ့ အင်ဂျင်နီယာအဖွဲ့က ကျန်ခဲ့ရမှာဖြစ်ပြီး ဇင်ယော်တို့အတွက် စီစဥ်ပေးထားသည့် ဘန်ဂလိုတွင် ဇင်ယော်နဲ့ အမမေနွဲ့စိုးက အတူနေရမည်ဖြစ်ပြီး အင်ဂျင်နီယာအဖွဲ့က တစ်အိမ်နေရမည်ဖြစ်သည်။ ဒါက မူလက ဆုံးဖြတ်ချက်ဖြစ်သည်။

သို့ပေမယ့် အစည်းအဝေးပြီး သိပ်မကြာ..Mine company ၏ Ceo ဒေါ်ပိုးသဒ္ဒါမင်း ရဲ့ဆုံးဖြတ်ချက်အရ ဝင့်လွှာသည် ဇင်ယော်ရဲ့ assistant အနေဖြင့် ကျန်ခဲ့ရမည် ဆိုတဲ့ ဆုံးဖြတ်ချက်ထွက်ပေါ်ပြီးနောက် ဇင်ယော့်အား နင့်မမ Jelly နင်တာ ငါ ပါ
ဒုက္ခရောက်ပြီ ဆိုပြီး ဇင်ယော့်ကို တပွမ်ပွမ်နဲ့ နားငြီးတော့လေသည်။
ဘယ်သူသိမလဲ... ဇင်ယော်တစ်ယောက် သူ့မမရဲ့ jelly နင်ပုံလေးကို သဘောကျလွန်းလို့ ခဏခဏပြန်တွေးမိရင်း လက်သည်းကိုက်ရတာအခါခါ..ဒါကို ဝင့်လွှာတို့များသိရင်တော့ ဇင်ယော်တော့ မတွေးရဲးရာပင်..

....
"မောင် အဲ့တစ်ယောက်နား သိပ်မကပ်နဲ့နော်.. နောက်ပြီး ဘယ်သွားသွား ဝင့်လွှာနဲ့သွား "

ကလောက ပန်းခြံလေးရဲ့ ချောင်ချတဲ့နေရာလေးမှာ သူမလေးဟာ ကိုယ့်ရဲ့ရင်ခွင်ထဲမှာနေ၍ မှာတမ်းချွေတာ ဒီစကားကိုသာ ထပ်တလဲလဲမှာနေလေသည်။

"မရယ် မောင်သိပါတယ် မမေနွဲ့စိုးက ကူညီပေးတာပါ မောင်နဲ့ ဘာအကန့်မှမရှိဘူး နော် "

"ရှိရှိ မရှိရှိ သူ့အကြည့်တွေကို သဘောမကျပါဘူး ကူညီပါတယ်ဆိုပြီး ရှင့်ကို ကြံသွားမှ ဟုတ်ပေ့ဖြစ်နေအုန်းမယ် "

"ဟာ မကလည်း မဟူတ်ပါဘူးဆို "

"မောင်နော် အခုတော့ လေသံမာပါပြီပေါ့ ငြိုငြင်တာလား "

Start with Heart And End with Love Where stories live. Discover now