Part 112(2)

1.9K 193 1
                                    

Unicode

မုန်းမာန်ဖွဲ့ရန်ငြိုး

Part 148

အပိုင်း ၁၁၂ (၂)

“သခင်ကြီး….”
အဲ့အချိန်မှာ ရှယန်က အစေခံတွေရဲ့ အကူအညီနဲ့ ဖြည်းဖြည်းချင်း ထွက်လာတယ်။ သူမရဲ့ တစ်ကိုယ်လုံးက တုန်ယင်နေပြီးတော့ သူမရဲ့ မျက်နှာက ဖြူဖျော့နေပြီး ဖြူဖွေးတဲ့ အဝတ်လိုဖြစ်တော့မလိုပဲ။ သူမကို ကြည့်ရတာ ပိုညှိုးလျနေပြီးတော့ ဖြူဖပ်ဖြူရော် ဖြစ်နေတယ်။ သူမက ကျန်းချွမ်ကို ကြည့်ပြီးတော့ ဖြည်းညင်းစွာ ဒူးထောက်လိုက်တယ်။
“ရန်အာ မင်းဘာလုပ်နေတာလဲ။”
ကျန်းချွမ်က အမြန်ရှေ့ကို လာပြီးတော့ သူမကို ထူလိုက်တယ်။
ရှယန်က ကျန်းယွမ်ကို ကြည့်လိုက်ပြီးတော့ ငိုလိုက်တယ်။
“သခင်ကြီး ကျွန်မက အိမ်တော်ထဲကို သခင်ကြီးရဲ့ ကိုယ်လုပ်တော်အဖြစ်နဲ့ ရောက်လာပြီး မမဆုံးသွားပြီးတော့ ကျွန်မက အိမ်တော်ကို ကောင်းကောင်းစီမံခန့်ခွဲခဲ့ပါတယ်။ ပြီးတော့ ယုတ်မာတဲ့အရာတွေလည်း မလုပ်ခဲ့ပါဘူး။ ယွမ်အာပြန်လာကတည်းက ကျွန်မ သူမကို ရိုးရိုးသားသား ဆက်ဆံခဲ့ပြီးတော့ တစ်ခါတစ်လေမှာ ကောင်းကောင်း အလုပ်မလုပ်မှာတောင် စိုးခဲ့တယ်။ မိထွေးဖြစ်ရတာ ခက်တယ်ဆိုတာ ကျွန်မ သိလို့ အမြဲတမ်း သတိထားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူသိမလဲ….”
သူမက သူမရဲ့ မျက်ရည်တွေကို သုတ်လိုက်ပြီး ပြောလိုက်တယ်။
“တကယ်လို့ တခြားကိုယ်လုပ်တော်တွေလို သဘောထားကြီးရမယ်ဆိုရင်လည်း ကြီးပါမယ်။ ဒါပေမဲ့ အရင်ကတည်းက ကလေးဆိုတာ ဘယ်အမေအတွက်မဆို အရာရာတိုင်းထက် ပိုချစ်တဲ့ အရာဖြစ်တယ်။ ယွမ်အာက အမှားလုပ်ခဲ့ပြီးတော့ ကျွန်မက ခွင့်လွှတ်နိုင်ပါတယ်။ ဒါပေမဲ့ သူမ ကျွန်မရဲ့ မမွေးရသေးတဲ့ ကလေးကို လုပ်ခဲ့တာကိုတော့ ကျွန်မ ခွင့်မလွှတ်နိုင်ဘူး။ အစက ကျွန်မတို့ မိသားစုကို ရှက်လို့ လူရှေ့မထုတ်ပြပေမဲ့ ယွမ်အာက ကျွန်မကို ဆဲဖို့အထိ ရဲရင့်နေတယ်။ ကျွန်မ အဲဒါကို ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ အရှင်မင်းသား မင်းသားရှစ်က ဒီမှာ ရှိနေပြီဆိုတော့ ကျွန်မ အရှင်မင်းသားနဲ့ သခင်ကြီးတို့ကို ဆုံးဖြတ်ချက်တစ်ခု ရှာပေးပြီးတော့ ကျွန်မရဲ့ မမွေးရသေးတဲ့ ကလေးအတွက် တရားမျှတမှု ရှာပေးဖို့အတွက် အသနားခံပါတယ်။”
သူမက ကျယ်လောင်စွာ ငိုကြွေးလိုက်တယ်။
“သခင်ကြီး အဲဒါက ကျွန်မတို့ရဲ့ ကလေးပါ။”
ရှချန်ကလည်း ဒေါသတွေနဲ့ ပြည့်နှက်နေတယ်။
“ငါ့သမက်၊ ငါက ငါ့ရဲ့ သမီးလေးကို မင်းရဲ့ အိမ်တော်ကို ထည့်ပေးလိုက်တာ သူမက ဒီလိုဆက်ဆံ ခံရလိမ့်မယ်လို့ ငါ မထင်ခဲ့လို့ပဲ။ ဒီလိုဆိုမှာတော့ တကယ်လို့ မင်းငါတို့ကို ဒီနေ့ သင့်တော်တဲ့ ဖြေရှင်းချက် မပေးရင် ငါ ရန်အာကို ငါနဲ့ ပြန်ခေါ်သွားတော့မယ်။ ရှအိမ်တော်က ယန်အာကို ထောက်ပံ့ပေးဖို့ ပိုသင့်တော်တယ်။”
“မှန်တယ်။ ခယ်မလေးက တော်တော်ကောင်းတဲ့သူပါ။”
ရှန်ရုန်ကလည်း မီးလောင်ရာ လေပင့်လိုက်တယ်။
“ကောင်းကင်ဘုံ ကရုဏာထားတော်မူပါ။ တကယ်လို့ အမေသာ ဒါကို ကျွန်မတို့ အိမ်ပြန်ရောက်လို့ သိသွားရင် သူမက အရမ်းဝမ်းနည်းသွားမှာပဲ။ ကျွန်မတို့ရဲ့ သခင်ကြီးက နောက်ထပ်ရက်အနည်းငယ် အတွင်းမှာပဲ သူက ဦးလေး ဖြစ်တော့မှာကို ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ဘယ်သူသိမှာလဲ။ အိုင်းယိုး”
ရှကျောင်းကျောင်းကလည်း ထပ်ပြီးတော့ မီးစာထပ်ထည့်ချင်သေးတော့ သူမက ဆက်ပြောလိုက်တယ်။
“ကျွန်မက အကြီးဆုံးသခင်မလေးကို ဒီလိုမျိုးလူစားမျိုး ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ တကယ်လို့ ကျန်းအိမ်တော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို စွန့်ပစ်လိုက်ရင်တောင် ရှအိမ်တော်ထဲက လူတိုင်းက ကောင်မလေးတစ်ယောက်က သူမတို့ရဲ့ အမေတွေကို လေးစားရမယ်ဆိုတာကို သိကြတယ်။ နင့်ရဲ့ အမေ့ကို သတ်တဲ့ ဒီလို အပြုအမူက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်မှာ ဘယ်သူကမှ နင့်လိုလူမျိုးကို ရှာတွေ့နိုင်မှာ မဟုတ်ဘူးဆိုတာ ငါသေချာပေါက် ပြောနိုင်တယ်။”
ကျန်းချွမ်က ဝမ်းနည်းနေပြီးသား ဖြစ်နေတာကို ရှယန်ကို ဒီလိုအခြေအနေမှာ မြင်လိုက်ရပြီးတော့ ရှမိသားစုဆီကနေ အပြစ်တင်တဲ့ စကားတွေကို နားထောင်ပြီးတော့ သူက အရမ်းခေါင်းကိုက်လာခဲ့တယ်။ သူက ကျန်းယွမ်ကို ကျောက်မိန်နဲ့ အတူ လည်ပင်းညှစ်သတ်လိုက်ရမှာလို့ တွေးနေခဲ့တယ်။ ဒီတော့မှ သူမက ကျန်းမိသားစုထဲကို ဒီလို ကပ်ဘေးမျိုးကို သယ်မလာနိုင်မှာဖြစ်တယ်။ အဲ့ မမွေးခဲ့တဲ့ သားကို တွေးလိုက်တိုင်း ကျန်းချွမ်ရဲ့ ရင်ထဲမှာ နာကျင်မှုက မြင့်တက်လာတယ်။
ကျန်းစုစုက သိမ်မွေ့စွာ ငိုလိုက်ပြီးတော့ ကျန်းလီကလည်း ဝင်ပြောတော့မယ့်အချိန်မှာ ဒုတိယကိုယ်လုပ်တော်က သူမကို ဆွဲလိုက်လို့ သူမက တိတ်ဆိတ်စွာနဲ့ပဲ နေနေလိုက်ရတယ်။
အစက ရှယန်က ချောင်ယုချည်ကို မသုံးခဲ့လို့ သူမက ကိုယ်ဝန်ပျက်မကျတာလို့ ဟုန်ရင်းက တွေးခဲ့တာဖြစ်တယ်။ ဒါပေမဲ့ သူမက ဒီနေ့ ရှယန် တကယ်ပဲ ကိုယ်ဝန်ပျက်ကျတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်။ သူမက သတင်းကိုကြားပြီး ပျော်နေတုန်းပဲ ရှိသေးတယ်။ သူမက သံသယစိတ်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီးတော့ ဖြစ်ခဲ့တာကို နားမလည်နိုင်လောက်အောင် ဖြစ်ခဲ့တယ်။
ရွှမ်းလီက ကျန်းယွမ်ကို ကြည့်လိုက်ပြီးတော့ ကျန်းယွမ်က ဂရုမစိုက်စွာ ပြန်ပြောလိုက်တယ်။
“အမေက တရားမျှတမှုကိုပဲ တောင်းဆိုနေမှတော့ ကျွမ်းကျူ့ဖြစ်တဲ့ ကျွန်မက အမေ့အတွက် တရားမျှတမှု ရအောင် လုပ်ပေးရမှာပေါ့။”
“ယွမ်အာ ဘာလို့ အမေ့ကို ဒီလိုနည်းနဲ့ ထိခိုက်အောင် လုပ်ရတာလဲ။”
ရှယန်က မုန်းတီးစွာ စွပ်စွဲလိုက်တယ်။
“ကျွန်မက အမေ့ကို ထိခိုက်အောင် လုပ်တယ် ဟုတ်လား။”
ကျန်းယွမ်က လှောင်ပြုံးပြုံးလိုက်တယ်။
“ကိုယ့်ကလေးကို ဖျက်ချဖို့အတွက် ကိုယ့်ဘာသာ ကိုယ်ဝန်ပျက်ကျစေတဲ့ ဆေးသောက်ပြီးတော့ အခုမှ သမီးကို စွပ်စွဲဖို့ အခွင့်အရေးကို အရယူနေတာ အမေ မဟုတ်ဘူးလား။”
“ငါက ရူးနေတဲ့ပုံ ပေါ်နေလို့လား။”
ရှယန်က မှင်တက်သွားတယ်။
“ဘယ်လိုလုပ်ပြီးတော့ ငါက ငါ့ကလေးကို ထိခိုက်အောင် လုပ်ရမှာလဲ။ ပြီးတော့ နင့်ကို ပါဝင်ပတ်သက်စေရင် ငါ့အတွက် ဘာအကျိုးရှိမှာ မို့လို့လဲ။”
ကြည့်နေတဲ့သူတွေက သူမကို ကြောင်ပြီး ကြည့်နေကြတယ်။ ကျန်းယွမ်ရဲ့ စကားတွေက လိမ်ပြောတာတွေ တစ်စက်မှ မပါဘဲနဲ့ အရမ်းတိုက်ရိုက်ဖြစ်နေတယ်။ ကမ္ဘာပေါ်မှာ ဒီလိုမျိုး တည့်ကြီးပြောတဲ့သူတွေ သိပ်မရှိသလို။ အမှန်တရားကို နည်းနည်းလေးတောင် မဖုံးကွယ်ဘဲ ပြောတဲ့သူမျိုးလည်း မရှိဘူး။
ရှယန်က သူမ အရှက်ရခဲ့ပြီးတော့ အရှက်ခွဲခံခဲ့လိုက်ရသလိုမျိုး ခဏလောက် အံ့အားသင့်စွာနဲ့ ကျန်ခဲ့တယ်။ သူမက ကျန်းယွမ်ကို လက်ညှိုးထိုးလိုက်ပြီးတော့
“နင်… ငါ ဒီလိုမျိုးအတွေးတွေကို တစ်ခါမှ မတွေးဖူးဘူး။”
သူမက ကျန်းချွမ်ကို ထိတ်ထိတ်ပျာပျာနဲ့ ကြည့်လိုက်ပြီးတော့
“သခင်ကြီး ကျွန်မ ဒီလိုမျိုးအတွေးတွေကို ဘယ်တုန်းကမှ မတွေးဖူးပါဘူး။”
ကျန်းချွမ်က ညင်သာစွာနဲ့ အားပေးခဲ့တယ်။
“မင်းက အဲ့လိုလူမဟုတ်တာကို ကိုယ်သိပါတယ်။”
သူက ကျန်းယွမ်ဘက်ကို လှည့်လိုက်ပြီးတော့ သူ့မျက်နှာထားက မျက်နှာပျက်တာကနေ ဒေါသထွက်တဲ အမူအရာကို ပြောင်းသွားတယ်။
“မကောင်းဆိုးဝါးသမီး နင်က အရှက်မရှိနဲ့ ဒီအထိတောင် လုပ်ခဲ့တယ်ပေါ့။”
“ကျန်းအိမ်တော်ရဲ့ သခင်မလေးက တကယ်ပဲ ရဲတင်းတာပဲ။”
ရှချန်းက ပြောလိုက်တယ်။
“ဒီနေ့ ဒီအဘိုးအိုက ဒါကို ဆက်မကြည့်နိုင်တော့ဘူး။ အစေခံတွေ သူမရဲ့ ယုတ်မာတဲ့ အပြစ်ကို ဝန်မခံဘဲ အရှက်မရှိနဲ့ မဟုတ်မမှန်ပြောတဲ့ ဒီအငြိုးထားတဲ့ ကောင်မလေးကို ခေါ်သွားလိုက်ကြစမ်း။”
“ဘယ်သူလှုပ်ရဲလဲ။”
ကျန်းယွမ် သူမရဲ့ အသံကို မြှင့်လိုက်တယ်။ သူမရဲ့ ဝတ်ရုံနီက မီးလိုဆိုပေမဲ့ သူမရဲ့ အကြည့်တွေက ရေခဲလို ချွန်ထက်တဲ့ ဓားတွေလိုပဲ။ အဲ့အခိုက်အတံ့ရဲ့ အေးစက်မှူက သူမ ဘေးက လူတိုင်းကို တုန်ယင်သွားစေတယ်။ အဲ့မှာ တစ်ယောက်ယောက်ရဲ့ အသက်ကို နှုတ်တော့မယ့် ငရဲက မကောင်းဆိုးဝါး ထလာသလို ခံစားလိုက်ရပြီး သူမရဲ့ အကြည့်တွေက ပြတ်သားပြီးတော့ ထိတ်လန့်ဖွယ်ကောင်းနေတယ်။
သူမက စိတ်တိုရမယ့်အစား ပြုံးနေပြီးတော့ သူမက ရှချန်းကို ပြောလိုက်တယ်။
“အထက်မှူးမတ်အဆင့်ရှ မိသားစုကိစ္စတွေနဲ့ ပတ်သက်ပြီး ရှင်က ရှဆိုပေမဲ့ ဘယ်လိုလုပ် ရှင်က ကျန်းမိသားစုကိစ္စထဲကို ဝင်ပြီးတော့ ပတ်သက်ရတာလဲ။ ပြီးတော့ အဲဒါက တိုင်းပြည်နဲ့ ပတ်သက်တဲ့ ကိစ္စလိုပဲလုပ်နေတယ်။ ပြီးတော့ ကျွန်မကို တွေ့တုန်းကလည်း ရှင်က ကျွန်မကို ကျွမ်းကျူ့အနေနဲ့ ခေါ်သင့်တယ်။ ကျွန်မတို့ကြားက ရာထူးက ညီမျှတာ မဟုတ်ဘူး။ ဒီတော့ ရှင်က အရှင်မင်းကြီးရဲ့ ဩဇာကို လုံးဝမနာခံဘဲ မယ်တော်ယိတျယ်ရဲ့ ဂုဏ်သတင်းကို လျစ်လျူရှုနေတာလား။”
မေးခွန်းတိုင်းက တိကျပြီးတော့ အဓိကအချက်ကိုပဲ ရောက်လို့ ရှချန်း ကြက်သေသေသွားပြီးတော့ ပြောစရာစကားမရှိ ဖြစ်သွားတယ်။ ကျန်းယွမ်က ရွှမ်းလီဘက်ကို လှည့်လိုက်ပြီး ပြောလိုက်တယ်။
“အရှင်မင်းသား မင်းသားရှစ်က ဒီမှာရှိနေတော့ သူက အရှင်မင်းကြီးကို ကိုယ်စားပြုလိမ့်မယ်။ ဒီတော့ အရှင်မင်းသား မျက်မြင်သက်သေအဖြစ် ရှိချင်ပါသလား။”
ရွှမ်းလီက နွေးထွေးစွာ ပြန်ပြောလိုက်တယ်။
“ဝမ်းသာစွာနဲ့ လုပ်ပေးမှာပါ။”
ဒီပြဇာတ်ကို မြင်တော့ သူကကျန်းယွမ် အရှုံးကနေ အနိုင်ကို ပြောင်းနိုင်တဲ့ ဖြစ်နိုင်ချေကို သူ မမြင်နိုင်ဘူး။ ဒါပေမဲ့ သူက တရားမျှတတဲ့ အပြင်ပန်းကို ထိန်းသိမ်းထားတုန်းပဲ ဖြစ်တယ်။ မီးပင်လယ်ကြားမှာ ဒီကောင်မလေး အသက်ရှင်ဖို့ ရုန်းကန်နေတာကို မြင်ရတာ စိတ်ဝင်စားဖို့ မကောင်းပေဘူးလား။
“မင်းရည်ရွယ်ချက်က ဘာလဲ။”
ကျန်းချွမ်က မျက်နှာထားတင်းတင်းနဲ့ မေးလိုက်တယ်။
“အဖေက သမီးကို မယုံမှတော့ သမီးလည်း ဘာမှမပြောချင်တော့ဘူး။ အမေက သူမဗိုက်ထဲက မမွေးသေးတဲ့ ကလေးကို အဆိပ်ခတ်ပြီးတော့ သမီးကို အပြစ်လာလွှဲချတာလို့ သမီးထင်တယ်။ ဒီတော့ အရှင်မင်းသားကို ခြံတွေကို လိုက်ရှာဖို့ ကျွန်မတောင်းဆိုပါတယ်။ တကယ်လို့ သူတို့က ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ ဆေးပင်တွေ တွေ့ရင် ကျွန်မတို့ သက်သေရမှာဖြစ်ပါတယ်။”
ရှယန်က ရယ်တော့မလိုပဲ။ ကျန်းယွမ်က သူမကိုယ်သူမ အရမ်းလည်လှပြီလို့ တွေးခဲ့ပေမဲ့ ကိုယ်ဝန်ပျက်ကျစေတဲ့ ဆေးကို ဘယ်မှာမှ ရှာတွေ့နိုင်မှာမဟုတ်ဘူး။ တကယ်လို့ သူတို့ ရန်ဟွယွမ် တစ်ခြံလုံးကို ရှာရင်တောင် သူတို့ ဘာကိုမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ သူမက ကျန်းယွမ်ကို ကြည့်လိုက်ပြီးတော့ သူမရဲ့ မျက်နှာထား ပြောင်းလဲသွားတာကိုတောင် နည်းနည်းလေးတောင် သူမ မလွှတ်ဘဲ ကြည့်ချင်ခဲ့တယ်။
“တကယ်လို့ ဘာမှရှာမတွေ့ခဲ့ရင်ရော။”
“ဒါဆို ကျွန်မ လုပ်လိုက်တယ်လို့ ဝန်ခံပြီးတော့ အဖေကျွန်မကို ရုံးတော်ကို ပို့လို့ရပါတယ်။ ဒါဆိုရင် အမေ့အတွက် လက်ခံနိုင်ပြီလား။”
ကျန်းယွမ်က ပြောလိုက်တယ်။
“ကောင်းပြီ။”
ရှယန်က အံကြိတ်ပြီး လက်ခံလိုက်တယ်။
“ဒါဆိုရင် ငါ လက်ခံလိုက်မယ်။”

မုန်းမာန်ဖွဲ့ ရန်ငြိုးTempat cerita menjadi hidup. Temukan sekarang