part 81(2)

3K 314 5
                                    

unicode

Part 88

အခန်း-၈၁ အပိုင်း(၂)

ကျောက်ယွမ်ဂျာနဲ့ တခြားသူတွေက မကြာခင်မှာပဲ စာကြည့်ခန်းထဲကနေ လိုက်ထွက်လာကြတယ်။  ကျန်းယွမ်က သူတို့နောက်ကနေ လိုက်တော့မယ့်အချိန်မှာ သူမရှေ့ကနေ အသွင်အပြင်တစ်ခု ပေါ်လာတယ်။  ကျောက်ယွမ်ပင်းက သူမရဲ့ လမ်းမှာ ပိတ်နေပြီးတော့ ပြုံးပြီးပြောလိုက်တယ်။

“မင်း တကယ်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ”

သူ့ရဲ့ မျက်ဝန်းတွေက သူမကို မေးခွန်းမေးသလို ကြည့်နေတယ်။

“ယွမ်နိုင်က ဒုတိယဦးလေးပြောတာကို နားမလည်ဘူး။ ”

“လီမိသားစုရဲ့ ပါဝင်မှုက မင်းပြောတဲ့ အကြောင်းအရာကြောင့်ဆိုတာ သေချာပေါက် မဟုတ်ဘူး။  မင်းမှာ ကျန်းရှင်းကျီ ခြုံခိုတိုက်ခံရမယ့် အတွက် နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိကို ရှိရမယ်။  အဖေက သိပ်ပြီး မစုံစမ်းတာက ငါ မစုံစမ်းဘူးလို့ ပြောတာမဟုတ်ဘူး။ ”

ကျောက်ယွမ်ပင်းရဲ့ မျက်နှာထားက လေးနက်နေတယ်။ 

“ကျန်းယွမ် တကယ်လို့ မင်းက မိန်အာရဲ့ သမီးဆိုရင် ငါ မင်းကို မေးမယ် မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ။  အမှန်အတိုင်းပြော။ ”

ကျန်းယွမ်က တိတ်ဆိတ်စွာနဲ့ သူ့ကို စိုက်ကြည့်နေတယ်။  ကျောက်မိသားစုက မျိုးဆက်သုံးဆက်လုံးက စစ်တပ်ဗိုလျ်ုပ်တွေဖြစ်ပေမဲ့ ကျောက်ယွမ်ပင်းကတော့ အရမ်းထက်မြက်တယ်။  ကျောက်မိသားစုက ပညာတော်သင်အပိုင်းကို အထင်သေးတာ ဝမ်းနည်းစရာပဲ။  ဒါ့ကြောင့် ကျောက်ယွမ်ပင်းက အင်ပါယာစာမေးပွဲမှာ ထိပ်ဆုံးအဆင့်မရတာဖြစ်ပြီးတော့ ကျောက်မိသားစုကို ဂုဏ်မယူနိုင်စေခဲ့တာဖြစ်တယ်။  သူက စစ်ပွဲပညာရပ်နဲ့ စစ်တပ်နည်းပညာတွေကို သူ့ရဲ့ လက်ကျောဘက်လို သိပြီးတော့ သူက ထက်မြက်တဲ့ အကြံတွေပေးတဲ့ ယုံကြည်ရတဲ့စစ်တပ် အကြံပေးဖြစ်လာတယ်။  စစ်မြေပြင်မှာဆိုရင် ရန်သူရဲ့ စိတ်ကို အကဲဖြတ်ခြင်းက တပ်ဖွဲ့ကို ပိုသေချာတဲ့ အောင်ပွဲဆီကို ခေါ်ဆောင်တဲ့ နေရာမှာ အထောက်အကူဖြစ်တယ်။  အခုအချိန်မှာ ကျောက်ယွမ်ပင်းက သူမကို စောင့်ကြည့်နေတယ်။  ဒါပေမဲ့ သူမက သူ့ဆီကနေ ဘာကိုမှ ဖုံးကွယ်ဖို့ မကြိုးစားခဲ့ဘူး။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now