part 83(2)

2.9K 351 27
                                    

unicode

Part 91

အခန်း - ၈၃ အပိုင်း(၂)

ကျောက်ယွမ်ဖန်းခေါ်လာတဲ့ သူတွေနဲ့ ယှဉ်ရင် ကွမ်မိသားစုရဲ့ တပ်တွေက အရေအတွက် ပိုများပြီးတော့ သူတို့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ မြှားသမားတွေကို နှိမ်နင်းတာက ပိုပြီးတော့တောင် ပြောင်မြောက်တယ်။  ကွမ်လင်းဟန်ရဲ့ အကူအညီတွေနဲ့ မြှားသမားတွေကို အမြန်စစ်ဆေးခဲ့တယ်။  ကျန်တဲ့ လုပ်ကြံသူတွေက ကျောက်ယွမ်ဖန်းနဲ့ ရှောင်ရှို့ရဲ့ ဓားချက်တွေရဲ့ ဖိအားတွေများနေပြီးတော့ လုပ်ကြံသူ တော်တော်များများက လန့်သွားပြီး ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။  သူတို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ရှိနေတဲ့ အခြေအနေကနေ အဲ့အောင်မြင်မှုက အောင်မြင်ကာနီး ဖြစ်နေပြီးတော့မှ ဒီလို အချိန်မျိုးမှာ ဘာအကြောင်းကြောင့်မှန်းမသိ ဒီလို အလှည့်အပြောင်းက ဖြစ်ပေါ်လာတယ်။ 

ကွမ်လင်းဟန်က ရှေ့ကနေတိုက်နေတဲ့ လုပ်ကြံသူတစ်ယောက်ရဲ့ မေးရိုးကို ကန်လိုက်တယ်။

“ဟေး ငါ့ကို ရှင်းရှင်းလင်းလင်း ပြောစမ်း မင်းကို ဒီကို ဘယ်သူပို့လိုက်တာလဲ။ ”

လုပ်ကြံသူက သူတို့ကို ကြောက်လန့်စွာ ကြည့်ပြီးတော့ တံတွေး မျိုချလိုက်တယ်။  ဒါကို မြင်တော့ ကျန်းယွမ်က ချက်ချင်း အော်လိုက်တယ်။

“မကောင်းတော့ဘူး။  သူတို့ကိုယ်သူတို့ သတ်သေနေကြပြီ။ ”

သူမ အံ့အားသင့်နေတုန်းမှာ ဒီလူတွေက ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ စစ်သားတွေ ဖြစ်နေတယ်။  သူတို့ရဲ့ တာဝန်ကျရှုံးပြီး ရန်သူရဲ့ လက်ထဲကို ရောက်သွားတာနဲ့ သူတို့က အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေကြမှာဖြစ်တယ်။  ဒါပေမဲ့ ရှောင်ရှို့က ဘယ်လိုလူမျိုးလဲ။  သူ ဆယ်နှစ်သားတုန်းက ကျင်းရီ အစောင့်တပ်ကို စဝင်ကတည်းက သူက ဒီလို လှည့်ကွက်တွေကို ကောင်းကောင်းသိတယ်။  ဒီလို သူ့ရှေ့က တစ်ယောက်က ကျွမ်းကျင်သူ အရှေ့မှာ ဒီလိုလုပ်ပြနေတာ သူက မျက်တောင် တစ်ခတ်အတွင်းမှာ သူတို့ရဲ့ မေးရိုးတွေကို လွဲအောင် လုပ်လိုက်တယ်။  ဒါက သူတို့ကို သူတို့ရဲ့ လျှာအောက်က အဆိပ်မျိုချလို့ မရတော့အောင် လုပ်လိုက်တာဖြစ်ပြီးတော့ နာကျင်စေပြီးတော့ လုပ်ကြံသူတချို့က မြေပြင်ပေါ်မှာ လဲနေကြတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now