part 96(1)

2.2K 219 4
                                    

Unicode

မုန်းမာန်ဖွဲ့ရန်ငြှိုး

Part 115

အခန်း - ၉၆ အပိုင်း (၁)

မှောင်နေတဲ့အခန်းထဲမှာ မီးအိမ်နည်းနည်း ထွန်းထားတယ်။ ဒီတောက်ပတဲ့ အပန်းရောင် မီးအိမ်တွေက ဖြစ်ကတတ်ဆန်း ပစ္စည်းတွေကနေ လုပ်ထားတာဖြစ်ပြီးတော့ အခန်းထဲမှာ ပျံ့နေတဲ့ အနံ့က စက်ဆုပ်ဖွယ် အနံ့ထွက်နေတယ်။ အဲ့အနံ့ကို ပိုပြီး ရှူလေလေ ပိုပြီးတော့ ရာဂကို နှိုးဆွလေလေပဲ။ တစ်စုံတစ်ခုက ဖမ်းပြီးတော့ တောင်းဆိုနေသလိုပဲ။
တံခါးကို ဘန်းကနဲ ကန်လိုက်ပြီးတော့ သက်လတ်ပိုင်းအရွယ်လူသုံးယောက်က အခန်းထဲကို ဝင်လာတယ်။ သူတို့ သုံးယောက်က အသားမည်းပြီးတော့ သူတို့ ဝတ်စားထားတာကလည်း ညစ်ညမ်းတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူတို့က အလုပ်ကြမ်းသမားတွေဆိုတာ သိသာတယ်။ သူတို့ ဝင်လာတာကို ကြည့်ပြီးတော့ သူတို့သုံးယောက်ရဲ့ အကြည့်တွေက အခန်းထဲကလူသုံးယောက်အပေါ်ကို ရောက်သွားတယ်။
အမှောင်ထဲမှာ လူငယ်နှစ်ယောက်က အသားဖြူဖြူနဲ့ ခန့်ညားတယ်။ သူတို့က ပိန်ပိန်ပါးပါးနဲ့ နူးညံ့သိမ်မွေ့ပုံပေါက်တယ်။ ခေါင်းဆောင်ရဲ့ မျက်ဝန်းက အရောင်တောက်သွားပြီးတော့ ချီးမွမ်းလိုက်တယ်။
“သခင်မလျိုဆန်က ဒီနေ့ ပစ္စည်းကောင်းကောင်းတွေ ရောက်လာတယ်ပြောတယ်။ တကယ်ပဲ သူမ ပြောတာ အမှန်ပဲကိုး။”
ခြေလှမ်းကျဲကျဲလှမ်းပြီးတော့ သူက လီရန်ရဲ့ မျက်နှာကို ထိလိုက်ပြီးတော့ တခြားသူကိုလည်း ကြည့်လိုက်တယ်။ သူက မျက်မှောင်ကြုတ်လိုက်တယ်။
“ဒီလူ ဘာဖြစ်နေတာလဲ။ သခင်မလျိုဆန်က ငါတို့ကို လှည့်စားဖို့ ကြိုးစားနေတာလား။”
လီတုန် ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။ သူက ဒေါသထွက်ပြီးတော့ ကြောက်လည်းကြောက်နေတယ်။ သူက သူ့ဘဝမှာ မ‌ရေမတွက်နိုင်တဲ့ လူငယ်တွေနဲ့ ကာမဆက်ဆံခဲ့တော့ ဒီနေရာက ဘယ်လိုနေရာလဲဆိုတာ သူနားလည်တယ်။ ဒါပေမဲ့ တစ်နေ့ကျရင် သူက ဒီနေရာမှာ အရှက်တကွဲနဲ့ နင်းချေခံရမယ်လို့ ဘယ်သူက သိမှာလဲ။ ဒါ မယုံနိုင်စရာပဲ။
သူ့ရင်ထဲမှာ ဒေါသတွေ ရှိနေပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်က ပျော့ခွေနေပြီးတော့ လှုပ်ရုံဆိုရုံပဲ လုပ်နိုင်တယ်။ သူက စကားပြောဖို့ အရမ်းအားနည်းနေတယ်။
နောက်ထပ် သက်လတ်ပိုင်းလူတစ်ယောက်က ရယ်လိုက်တယ်။ သူ့ရဲ့ မျက်နှာပေါ်မှာ ကောက်ကျစ်တဲ့ အကြည့်ရှိနေတယ်။
“ဘာပဲဖြစ်ဖြစ် ငါတို့ မီးပိတ်လိုက်တာနဲ့ အတူတူပဲ ဖြစ်သွားမှာ မဟုတ်ဘူးလား။ သူကနည်းနည်း ငိုနေပေမဲ့ သူက နူးညံ့နေသေးတယ်။ ငါတို့ သုံးယောက် ဒီညကို သဘောရှိ ပျော်ကြမယ်။ သခင်မလျိုဆန်က ငါတို့ကို စစ်စလီ တစ်ခု ဒါမှမဟုတ် နှစ်ခု ကျသင့်ငွေ တောင်းခံထားတယ်။ ငါတို့ ဒီနေ့ တော်တော်များများ ဖြုန်းထားတော့ ငါတို့ ကောင်းကောင်းပျော်မှ ဖြစ်မယ်။”
လီရန်က ဒီလူသုံးယောက်ကို ကြောက်လန့်တကြား ကြည့်လိုက်တယ်။ ခေါင်းဆောင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လက်တစ်ဖက်နဲ့ သူ့အဝတ်ကို ကိုင်လိုက်တယ်။ ကာမအားတိုးဆေးက အခန်းထဲမှာ ထွန်းထားတော့ သူက တောင့်တမှုတွေနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီဖြစ်တယ်။ ဒါ့အပြင် လီအန်းရဲ့ ခန့်ညားတဲ့ မျက်နှာပေါ်က ကြောက်ရွံ့မှုကို တွေ့ရတော့ သူ့ရဲ့ ပြင်းပြတဲ့ ဆန္ဒက ပိုပြီးတော့တောင် မြင့်တက်လာတယ်။ ဘာမှမပြောဘဲ သူက လီအန်းရဲ့ အဝတ်တွေကို ဆွဲချွတ်လိုက်တယ်။
လီတုန်က သူ့မျက်စိတွေကို ပိတ်ထားတယ်။ လီရန်က ဆောင်ကြာမြိုင်တွေကို မကြာခဏ သွားတတ်ပေမဲ့ ဒါက သူ့ရဲ့ သားအရင်းဖြစ်ပြီးတော့ အခု သူက ဒီအဆင့်နိမ့်တဲ့သူတွေ သူ့ကို သူ့မျက်စိရှေ့မှာတင် စော်ကားနေကြတယ်။
တခြားနှစ်ယောက်ကလည်း သူတို့ လီအန်းဆီကို သွားနေတုန်းမှာ ဂနာမငြိမ်ဖြစ်နေကြတယ်။ လှုပ်ရှားလို့ မရဘဲ လီအန်းက အဲ့လူနှစ်ယောက်ကို ခက်ထန်စွာ ကြည့်လိုက်တယ်။ သူ့ရဲ့ အကြည့်က အရမ်း ကြောက်စရာကောင်းလို့ သူတို့က ကြောင်သွားကြတယ်။ သူတို့ သတိပြန်ဝင်လာတော့ သူတို့ ဒေါသမထွက်ဘဲ မနေနိုင်ခဲ့ဘူး။ တစ်ယောက်က လီအန်းကို ကြမ်းတမ်းစွာ ပါးချလိုက်လို့ သူက ဒယီးဒယိုင်ဖြစ်သွားပြီး ပြုတ်ကျသွားတယ်။ တခြားသူက သူ့ရဲ့ ဘောင်းဘီတွေကို စိတ်မရှည်စွာ ဆုတ်ဖြဲလိုက်တယ်။ သူက ကြက်သေသေသွားပြီးမှ ရယ်လိုက်တယ်။
“မင်းက မိန်းမစိုးအဖြစ်နဲ့ မွေးလာတာကိုး။”
သူက လီအန်းကို ဖက်လိုက်ပြီးတော့ ပြောလိုက်တယ်။
“မင်းက ကောင်းကင်ဘုံက သင်းကွပ်တာ ခံထားရမှာတော့ မင်းက အောက်မှာ နေရမှာပေါ့။ မင်းကို ငါတို့ ညီအစ်ကိုတွေက သင်ပေးပါရစေ။ ဒါမှ ဒါက ဘာအတွက်လည်းဆိုတာ မင်းနားလည်သွားမှာ။”
လီအန်းရဲ့ ဖြူဖွေးတဲ့ မျက်နှာပေါ်က အရိုက်ခံထားတဲ့ အရာနဲ့ ခက်ထန်တဲ့ အကြည့်က အဲ့လူရဲ့ ဆန္ဒကို ပိုပြီးတော့တောင် ပြင်းထန်လာစေတယ်။ ပြီးတော့ လီအန်းရဲ့ မျက်နှာက စပြီး နီမြန်းလာတယ်။ သခင်မလျိုဆန်က သူတို့ သုံးယောက်ကို အပြင်းဆုံးဆေးတိုက်ထားလို့ သူတို့က မရပ်မနား ကာမဆက်ဆံရမှာဖြစ်တယ်။ မဟုတ်ရင် သူတို့ ခန္ဓာကိုယ်တွေက ဆေးဒဏ်ကို ခံနိုင်မှာ မဟုတ်ကြဘူး။ ဉပမာအနေနဲ့ သူက အဲ့လူတွေကို အခု စိုက်ကြည့်လိုက်ပေမဲ့ လီအန်းရဲ့ ခန္ဓာကိုယ်ကသူ့ထိန်းချုပ်မှုအောက်ကနေ လွတ်သွားတော့ မလိုပဲ။ လူနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီးတော့ ဘာမှဆက်မပြောတော့ဘဲ ဝိုင်းပြီး သူ့ကို ခုန်အုပ်လိုက်တော့တယ်။ မကြာခင်မှာပဲ သဲသဲကွဲကွဲ မကြားရတဲ့ ညည်းသံတွေနဲ့ ပြင်းထန်တဲ့ အာမေဋိတ်သံတွေကို အဲ့မှောင်မိုက်တဲ့ အခန်းထဲမှာ ကြားရတယ်။
လီအန်းနဲ့ လီရန်တို့ မမှတ်မိလောက်တဲ့အထိ ပုံစံပြောင်းသွားလောက်တဲ့ အချိန်ထိ အချိန်ဘယ်လောက် ကုန်ဆုံးသွားမှန်း ပြောဖို့ ခက်ခဲတယ်။ အလုပ်ကြမ်းသမားသုံးယောက်က ကြမ်းတမ်းပြီး သန်မာတယ်။ သူတို့က အဲ့နှစ်ယောက်ကို လူနဲ့မတူအောင်ကို နှိပ်စက်ခဲ့ကြတယ်။ သူတို့က ညစ်ပတ်တဲ့ အရည်တွေနဲ့ ပေနေပြီးတော့ မြေပြင်ပေါ်မှာ လဲနေတယ်။ လူသုံးယောက်က အချင်းချင်းကြည့်လိုက်ပြီးတော့ လီတုန် တုန်ယင်နေတာကို တွေ့သွားတယ်။ လက်ရမ်းပြလိုက်ရင်း မီးအိမ်တွေက မီးမှိတ်သွားပြီး သူတို့ ထပ်ပြီးတော့ ပျော်မွေ့ကြတယ်။
အခန်းအပြင်မှာ ကျန်းယွမ်က တံခါးရှေ့မှာ တိတ်ဆိတ်စွာနဲ့ မတ်တပ်ရပ်နေပြီးတော့ နာကျင်စွာ အော်နေတဲ့ အသံတွေကို ဂရုမစိုက်စွာနဲ့ နားထောင်နေတယ်။
သူမရဲ့ စိတ်ထဲမှာ သူမရဲ့ အတိတ်ဘဝရဲ့ အဆုံးသတ်က မှတ်ဉာဏ်က မျောလွင့်နေတယ်။ ကောင်လေးတစ်ယောက်ရဲ့ ကြောက်ရွံနေတဲ့ မျက်ဝန်းတွေနဲ့ လီတုန်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဟားတိုက်သံကို သူမ ပြန်မြင်ယောင်နေတယ်။ သူမက သူမရဲ့ သားလို့ သတ်မှတ်ထားတဲ့ ဖေးအာ သေတဲ့အထိ စော်ကားခံရတာကို ကိုယ်တိုင်တွေ့ခဲ့ရတယ်။ သူမက ရွေ့လို့လည်းမရသလို စကားပြောလို့လည်း မရခဲ့ဘဲ အကူအညီမဲ့စွာပဲ ကြည့်နေနိုင်ခဲ့တယ်။ သူမရဲ့ သွေးမျက်ရည်တွေက သူမရဲ့ ကျမ်းသစ္စာဖြစ်လာတယ်။ ဒီဘဝမှာ သူမက လီတုန်ကို သူတစ်ပါးအပေါ်ကို စော်ကားခဲ့တဲ့ နည်းအတိုင်း ပြန်ခံစားစေမှာဖြစ်တယ်။
သူမက အဲဒါကို စဉ်းစားခဲ့တာ အချိန်အတော်ကြာပြီဖြစ်ပြီးတော့ ဒီအချိန်မှာ သူမရဲ့ ရင်ထဲမှာ ပျော်ရွှင်မှုပဲ ရှိမှာဖြစ်တယ်။ သူမက သူမရဲ့ ချစ်ခြင်းမေတ္တာနဲ့ အမုန်းတရားကို ကောင်းကောင်း ဖုံးကွယ်ထားပြီးတော့ အဲ့ခံစားချက်တွေက သူမရဲ့ နှလုံးသားထဲကနေ အလွယ်တကူ ပေါက်ထွက်နိုင်လိမ့်မယ်လို့ သူမ ထင်ခဲ့တယ်။အဲဒါကို မျှော်လင့်ခဲ့ပြီး အခုအချိန်မှာ လီတုန်နဲ့ သူ့သားတွေ မသက်မသာ အော်နေတာတွေကို နားထောင်ပြီးတော့ သူမရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ကြီးမားတဲ့ အမုန်းတရားက ပုန်းလျှိုးကွယ်လျှိုးနေနေတယ်ဆိုတာကို သူမ နားလည်ခဲ့ပြီးတော့ အဲဒါက လုံလုံလောက်လောက်ဝေးတယ်။
အဲဒါ အနီးနားမှာ မရှိဘူး။ မဟာကောင်စီဝင်အိမ်တော်က ပြိုလဲသွားပြီ။ နောက်တစ်ယောက်က ဘယ်သူလဲ။
မနီးမဝေးကနေ ရှောင်ရှို့က သူမရဲ့ နောက်ကျောကို ကြည့်နေတယ်။ သူမက လီတုန်နဲ့ သူ့သားတွေကို ယောကျာ်းဆောင်ကြာမြိုင်ကို ပို့မယ်ဆိုတော့ သူ့စိတ်ထဲမှာ အံ့အားသင့်သွားတယ်။ သူမက အေးစက်နေတဲ့ ပုံပေါ်ပြီးတော့ သူမရဲ့ မျက်ဝန်းတွေက မှင်ရောင်လို မည်းမှောင်နေပြီး သူမရဲ့ အတွေးတွေက ဆန်းကြယ်တယ်။ သူမရဲ့ ဝိညာဉ်ထဲမှာ မုန်တိုင်းထန်နေသလိုပဲ။ သူမက အဲဒါကို ဖုံးကွယ်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ အဲဒါက သူမ ဒေါသထွက်နေတယ်ဆိုတာကို သူမရဲ့ ဆုပ်ထားတဲ့ လက်သီးမှာ ပြသနေတယ်။
အမုန်းတရားကပဲ လူတွေကို ဒီလို ခံစားရစေမှာ။
အချိန်အတော်ကြာပြီးတော့ ကျန်းယွမ်က ဖြည်းဖြည်းချင်း လှည့်လာတယ်။ ရှောင်ရှို့ သူမကို တိတ်ဆိတ်စွာ အကဲခတ်နေတာကို မြင်တော့ သူမ အံ့အားသင့်သွားတယ်။ ဒါပေမဲ့ သူမက အမြန်ပဲ ပုံမှန် ပြန်ဖြစ်သွားပြီးတော့ သူ့ဆီကို လာပြီး ပြောတယ်။
“ကျေးဇူးပါ ရှောင်လူကြီးမင်း။”
ရှောင်ရှို့ကသူမကို သေသေချာချာ ကြည့်လိုက်တယ်။
“မဟုတ်ပါဘူး။ ကိုယ်မင်းကို ကိုယ့်အသက် အကြွေးတင်နေတယ်လေ။ ကိုယ်မင်းကို အမြဲကူညီမှာပါ။”
ကျန်းယွမ် သူ့ကို ပြုံးပြလိုက်တယ်။
“ဒါဆို ကျွန်မ ရှောင်လူကြီးမင်းကို တစ်ယောက်ယောက်ကို ဒီယောကျာ်းဆောင်ကြာမြိုင်ကို ကောင်းကောင်းဂရုစိုက်ဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးဖို့ တောင်းဆိုချင်တယ်။ ဒီလူက မဟာကောင်စီဝင်မိသားစုကို စောင့်ကြည့်ရမယ်။”
ရှောင်ရှို့ရဲ့ စိတ်ထဲမှာ အံ့အားသင့်မှုက ထပ်ပြီးတော့ ဖြတ်သွားတယ်။ သူမလို မိန်းမပျိုလေးက တကယ်ပဲ ဒီကိစ္စတွေကို ကောင်းကောင်းနားလည်တာပဲ။ သူမက ကျိလင်းလမ်းပေါ်က ယောကျာ်းဆောင်ကြာမြိုင် အကြောင်းကိုတောင်သိတယ်။ ဘယ်သူက ချမ်းသာတဲ့မိသားစုရဲ့ မိန်းမပျိုလေးကို ဒါတွေ သင်ပေးတာလဲ။ ဒါ့အပြင် သူမက တံခါးရှေ့မှာ ရပ်နေပြီးတော့ ဂရုမစိုက်သလိုတောင် နားထောင်နေသေးတယ်။ သူမ ကိုးရိုးကားရား မဖြစ်ဘဲနဲ့ အဲ့မှာ တည်ငြိမ်စွာနဲ့ ရပ်နေတာကို ကြည့်ရတာ တကယ်ပဲ အံ့အားသင့်စရာကောင်းတယ်။
သူက ခေါင်းညိတ်လိုက်တယ်။
“ကောင်းပြီ။”
အဲဒါကို တွေးပြီးတော့ သူက သူ့ရဲ့ အင်္ကျီရင်ဘတ်ကနေ တစ်ခုခုကို ထုတ်ပြီးတော့ ကျန်းယွမ်ကို ပေးလိုက်တယ်။
အဲဒါက အရမ်းလှတဲ့ လက်ကောက်ဖြစ်ပြီးတော့ အပြာရောင်အလင်းရောင်လေး ထုတ်တယ်။ အဲဒါက ကောင်းမွန်ပြီး ရှုပ်ထွေးတဲ့ ပုံစံနဲ့ ပြုလုပ်ထားတာဖြစ်ပြီးတော့ ကိုးရိုးကားရားနိုင်တဲ့ ပုံမပေါက်ဘဲ ထူးခြားတဲ့ အဓိပ္ပာယ်ရှိတယ်။ သေသေချာချာ ကြည့်ပြီးတော့ ကျန်းယွမ်က ကြက်သေသေသွားတယ်။
“သွေးလ လက်ကောက်လား။”
သူမက အရင်တုန်းက ကျောက်ကျင်းနဲ့ အသစ်ဖွင့်တဲ့ လက်ဝတ်ရတနာဆိုင်ကို သွားခဲ့တယ်။ ဒုတိယအထပ်က လက်နက်တွေထဲမှာမှ သူမက ဒီလက်ကောက်လေးကို သဘောကျခဲ့ပေမဲ့ ဝယ်ဖို့ ပိုက်ဆံ အလုံအလောက် မရှိခဲ့ဘူး။ လက်နက်ကို နှိပ်လိုက်ရင် အဲဒါက အဆိပ်ငွေအပ်လေးကို ထုတ်လွှတ်မှာဖြစ်တယ်။ ဒီအပ်က ခဏခဏ သုံးလို့ရပြီးတော့ တကယ့် ရတနာပဲ။
သူမက ရှောင်ရှို့ကို ကြည့်လိုက်တယ်။ အေးစက်ပြီး တည်ငြိမ်တဲ့ မဟူရာကြောင်ဝင် မျက်ဝန်းနဲ့ သူက ပြောလိုက်တယ်။
“တကယ်လို့ အဲ့မှာ အန္တရာယ်ရှိရင် အဲဒါက အသုံးဝင်လိမ့်မယ်။”
ကျန်းယွမ် တုံ့ဆိုင်းသွားတယ်။ သွေးလ လက်ကောက်က တကယ်ပဲ ရှားပါးတဲ့ ရတနာဖြစ်ပြီးတော့ သူမ လိုအပ်တဲ့ အရာ အသေအချာပဲ။ ဒါပေမဲ့ ရှောင်ရှို့က အခုလေးတင် သူမဘက်ကလို့ ပြောလိုက်တာ မဟုတ်ဘူးလား။ သူက ယုံကြည်ရရဲ့လား။
ဒါပေမဲ့ သူမရဲ့ လက်ကောက်အပေါ်မှာ တွယ်တာမှုကို သူမရဲ့ သံသယရှိတာတွေက လွှမ်းမိုးလာတယ်။ သူမက လက်ကောက်ကို ယူလိုက်ပြီးတော့ ရှောင်ရှို့ကို အပြုံးလေးနဲ့ ပြောလိုက်တယ်။
“ကျေးဇူးတင်ပါတယ်။ လူကြီးမင်း။”
ရှောင်ရှို့ သူ့နှုတ်ခမ်းကို ဖိထားလိုက်တယ်။ သူက သူမနဲ့ လမ်းလျှောက်လာပြီးတော့ ပြောလိုက်တယ်။
“ကျန်းချောင် ထောင်ထဲကနေ လွတ်သွားပြီ။”
ကျန်းယွမ်က အကျဉ်းချုံးစဉ်းစားလိုက်တယ်။
“ကျွန်မသိတယ်။”
သူမက ကျန်းချောင်က ခိုင်လုံတဲ့ အထောက်အထားမရှိဘဲ တစ်ချက်တည်းနဲ့ အဖောက်သိပ်ခံရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ သူ့အပေါ်မှာ သံသယပဲ ရှိတာကို။ ရှယန်က ကျန်းချောင်ကို ကယ်ဖို့ သူမ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ သူက လွတ်လွတ်ကျွတ်ကျွတ် တော့ မဟုတ်ဘူး။ လက်ရှိအခြေအနေနဲ့ဆိုရင် ကျန်းချောင် ဒီဘဝမှာ ပြန်ပြီးတော့ ခေါင်းမော့နိုင်ဖို့က မဖြစ်နိုင်တော့ဘူး။
ဘယ်သူက အကျဉ်းကျဖူးတဲ့ သူကို ကြိုက်မှာလဲ။
ရှယန်အတွက်ကတော့ သူမ ပေးခဲ့တဲ့ တန်ဖိုးက သူမ ယူဆထားသလို ရိုးရှင်းမယ့်အရာ တစ်ခု မဖြစ်လောက်ဘူး။ အတိုချုံးပြောရရင် ဒီနှစ်ယောက်က နှစ်ထပ်ကွမ်း ဆုံးရှုံးလိုက်ရတာပဲ။ သူမက ဒီအတွေးမှာ ပျော်ရွှင်နေတယ်။
ဖြစ်ပါစေတော့။ တစ်သက်မှာ တစ်ကြိမ်ပဲကို။ အကြွေးကို အပြည့်ဆပ်ရမယ်ဆိုတဲ့ ကိစ္စကို ဆုံးရှုံးသွားတဲ့ အသက်ကို နောက်ထပ် အသက်နဲ့ လဲလှယ်ရမယ်။
* * *
ကျန်းအိမ်တော်ရဲ့ ရန်ဟွယွမ်မှာ ကျန်းချောင်ကို ကြည့်လိုက်ပြီးတာနဲ့ ရှယန်ရဲ့ နှုတ်ခမ်းတွေက တုန်ရင်နေတယ်။
ကျန်းချောင်ရဲ့ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီးတော့ သူက အရမ်းကြောက်နေပုံပဲ။ သူ့ရဲ့ ပါးတွေက ချောင်နေပြီးတော့ သူ့မျက်လုံးတွေက ထိုင်းနေပြီးတော့ သူ့ဆံပင်တွေက အရမ်းညစ်ပတ်နေပြီးတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရွံစရာ အနံ့နံနေတယ်။ အကျဉ်းထောင်ထဲမှာ ရက်နည်းနည်းလောက် ဖြတ်သန်းပြီးတော့ သူက လုံးဝကို ပြောင်းလဲသွားခဲ့တယ်။ အရင်က ကြော့ရှင်းတဲ့ သခင်လေးရဲ့ပုံ မရှိတော့ဘူး။
သမားတော်က ကျန်းချောင်ကို လာပြီး စစ်ဆေးတယ်။ သူက ကျန်းချောင်ရဲ့ အောက်ပိုင်းက ဆုတ်ဖြဲခံထားရပြီးတော့ သူက အထိတ်တလန့်ဖြစ်နေတယ်။ ဒါ့ကြောင့် သူက အိမ်တော်ထဲမှာ ကောင်းကောင်းနားမှ ဖြစ်မယ်။ သမားတော်ရဲ့ စကားတွေက အရမ်းမတိကျပေမဲ့ ရှယန်က မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရတယ်။
ကျန်းချောင်က ထောင်ထဲမှာ အစော်ကားခံခဲ့ရတယ်။
သူမက ကျန်းချောင်ကို မယုံကြည်သလို ကြည့်လိုက်တယ်။ သူက အခန်းထောင့်ကို သွားကပ်လိုက်ပြီးတော့ တုန်ရင်စွာနဲ့ ရေရွတ်နေတယ်။
“မလုပ်ပါနဲ့… မလုပ်ပါနဲ့။”
ရှယန်က နောက်ဆုံးမှာတော့ မအောင့်နိုင်ခဲ့ဘူး။ သူမက သူ့ကို ဖက်လိုက်ပြီးတော့ အော်လိုက်တယ်။
“ချောင်အာ”
ကျန်းချောင်က သူမကို အားကုန်သုံးပြီး တွန်းလိုက်တယ်။ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နေတဲ့ မျက်ဝန်းနဲ့ သူက သူမကို ထိတ်ထိတ်ပျာပျာနဲ့ ကိုက်လိုက်တယ်။
“သွား သွား။”
ရှယန်က သတိမမူမိလိုက်လို့ သူမရဲ့ လက်က အကိုက်ခံလိုက်ရတယ်။ အကိုက်ခံလိုက်ရတဲ့အနာက အရမ်းနက်လို့ သွေးက ချက်ချင်းပဲ ပန်းထွက်လာတယ်။ လင်းလန်‌ ကြောက်ရွံမှုကြောင့် အမြန်သွားကူတယ်။
“သခင်မ အဆင်ပြေရဲ့လား။”
ရှယန်က လင်းလန်ကို လက်ရမ်းပြလိုက်ပြီး ကျန်းချောင်ကို ငိုရင်း ဖက်လိုက်တယ်။
“အမေရဲ့ ချောင်အာလေး သားရဲ့ မျက်လုံးတွေကို ဖွင့်ပါဦး။ သားရဲ့ အမေလေ။ သားရဲ့ အမေပါ။”
သူမက သူ့ကို တင်းကျပ်စွာ ဖက်လိုက်တော့ ကျန်းချောင်က မရုန်းနိုင်ခဲ့ဘူး။ သူက ရှယန်ရဲ့ လက်မောင်းထဲမှာ စိတ်ငြိမ်လာပြီးတော့ တုန်ရင်တဲ့ အသံနဲ့ ပြောလိုက်တယ်။
“အမလေား။”
“အမေပါ။ အမေက သားရဲ့ အမေလေ။”
ရှယန်က နာကျင်မှုမခံစားရဘဲ မနေနိုင်ခဲ့ဘူး။
“ချောင်အာ ဘယ်သူက သားကို ဒီလိုဖြစ်အောင် လုပ်ခဲ့တာလဲ။”
ကျန်းချောင်က တစ်ကိုယ်လုံး တုန်တုန်ရင်ရင်နဲ့ ရှယန်ရဲ့ လက်ကို ဖန်းဆုပ်လိုက်ပြီးတော့ စကားတစ်ခွန်းတည်းကိုပဲ ထပ်ခါထပ်ခါ ပြောနေတယ်။
“အမေ သားကို ကယ်ပါဦး။ ကယ်ပါဦး။ အမေ သားကို ကယ်ပါဦး။”
မဖျောက်ဖျက်နိုင်တဲ့ ပုံရိပ်တွေ သူ့စိတ်ထဲမှာ ပြန်ပေါ်လာတယ်။ ဒီအကျဉ်းထောင်က လူတွေနေဖို့ နေရာရော ဟုတ်ရဲ့လား။ အဲ့အကျဉ်းသားတွေက အဆိုးဆုံးလူတွေပဲ။ ပြီးတော့ ဘယ်သူ့ရဲ့ အမိန့်နဲ့ သူ့ကို ထောင်မှူးက သူတို့နဲ့ အတူထားလဲဆိုတာ မသိပေမဲ့ အဲ့လူတွေက စက်ဆုပ်ဖွယ်အကောင်းဆုံးလူတွေပဲ။ သူတို့က ယောကျာ်းနဲ့ မိန်းမကြားမှာ မခွဲခြားဘူး။…. သူက အတင်းအကျပ် စော်ကားတာခံခဲ့ရတယ်။ အကျဉ်းထောင်ထဲမှာ ရက်နည်းနည်း ဖြတ်သန်းခဲ့ရတဲ့ အချိန်အတွင်း သူက လူပုံမပေါ်တော့တဲ့ အထိ နှိပ်စက်ခံခဲ့ရတယ်။
သူ ပြန်မှတ်မိလာတာနဲ့ ကျန်းချောင် သူ့ဗိုက်ထဲမှာ ရုတ်တရက် အချဉ်ပေါက်တာကို ခံစားလိုက်ရတယ်။ ပြီးတော့ သူ ရှယန်ရဲ့ မျက်နှာပေါ်ကို အန်ချလိုက်တယ်။ အခန်းထဲက အစေခံမလေးတွေ အကုန်လုံး အံ့အားသင့်သွားကြပြီးတော့ အမြန်သွားကူပေမဲ့ ရှယန်က ခေါင်းနည်းနည်း နောက်သွားတာကိုပဲ ခံစားမိပြီးတော့ သူတို့ကို ကျန်းချောင်ကို အရင် ပြစုပေးဖို့ပဲ ညွှန်ကြားလိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now