Part 21

3K 313 0
                                    

အခန်း-၂၁

ခဏတာ တိတ်ဆိတ်နေပြီးတော့ ကျန်းယွမ်က မေးလိုက်တယ်။ “ရှင် ဒီကို ရောက်နေတာ
ကြာပြီလား”

အဲအမျိုးသမီးက ကျန်းယွမ် စကားပြောချင်တာကို သိလိုက်တယ်။ ပုံမှန်နေ့တွေမှာ သူမက
ထောင်ထဲမှာ ချုပ်နှောင်ခံရပြီးတော့ ခြောက်ခြားခဲ့ရတယ်။ ဒါ့ကြောင့် သူမ ချက်ချင်း
သတိပြန်ဝင်လာပြီး ပြောလိုက်တယ်။

“ကျွန်မ ရောက်တာ တစ်နှစ်တောင် ရှိတော့မယ်။ ပြီးတော့ နှစ်တစ်ဝက်လောက်အထိ
ဘယ်သူကမှ မလာခဲ့သေးဘူး။ မိန်းကလေး မင်း ဘာလုပ်ခဲ့လို့ အကျဉ်းချခံရတာလဲ”

ကျန်းယွမ်က ပြုံးလိုက်တယ်။ “ကျွန်မ ဘာမှမလုပ်ခဲ့ဘူး”

“အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” အဲအမျိုးသမီးက အံ့အားသင့်သွားတယ်။ သူမက
အခြေအနေကို ပိုနားလည်ချင်တာကြောင့် မေးခွန်းတွေ ထပ်မေးချင်နေတယ်။

“အဲဒါဆို မင်းက မတရား အစွပ်စွဲခံရတာလား။ မင်းကို ကြည့်လိုက်တော့
ဩဇာကြီးတဲ့အိမ်တော်က သမီးနဲ့ တူတယ်။ သူတို့ ဘယ်လိုလုပ်…”

ကျန်းယွမ် သူမကို ကြည့်လိုက်တယ်။ “နင် ဘာကို ဆိုလိုတာလဲ”

အဲအမျိုးသမီးက ပခုံးတွန့်လိုက်တယ်။ “ဘာမှ မဟုတ်တော့ဘူး”

ကျန်းယွမ် သက်ပြင်း ချလိုက်တယ်။ သူမရဲ့သက်ပြင်းချသံမှာ သူမက သိပ်ကို
ဝမ်းနည်းဖို့ကောင်းတာတွေ ခံစားခဲ့ရသလို ခံစားမိစေတယ်။ ကျန်းယွမ်က ဆံပင်တွေက
မျက်လုံးကို အုပ်ထားတဲ့ အမျိုးသမီးကို လျှို့ဝှက်စွာ ကြည့်လိုက်ပြီး သူမက ကျန်းယွမ်ကို
ကြည့်နေတာ မြင်ရတော့ ပြုံးလိုက်မိတယ်။ သူမရဲ့ မျက်လုံးတွေက ခွန်အားနဲ့
နွေးထွေးမှုအပြည့် ရှိတယ်။ သူတို့က သူမအနားမှာရှိတဲ့သူကို ချက်ချင်း
သက်တောင့်သက်သာ ဖြစ်စေတယ်။ သူမရှေ့ကလူက 
အမျိုးသမီးငယ်တစ်ယောက်ဖြစ်ကြောင်း သိသာပေမဲ့ သူမက ကျက်သရေတစ်မျိုးနဲ့
ပြည့်နေပြီး အခြားသူတွေကို နှစ်ခါ ပြန်မကြည့်ဘဲ မနေနိုင်လောက်အောင် ဆွဲဆောင်မှုရှိတဲ့
အရိပ်အယောင်ကို ပေါ်လွင်စေတယ်။

မိန်းမငယ်လေးက တံတွေးကို မျိုချလိုက်တယ်။

“မင်းက အခုမှ ရောက်တာဆိုတော့ သိမှာ မဟုတ်ဘူး။ ဒီနေရာကနေ ထွက်သွားချင်ရင် မင်း
ပိုက်ဆံပေါ်ကို အားကိုးရမယ်။ ငါက သာမန်အမျိုးသမီးငယ်လေးပဲ။ ငါ
အိမ်ထောင်ကျပြီးတော့ ငါ့ယောကျာ်းက ပင်လယ်ပြင်ကို စီးပွားရေးကိစ္စနဲ့
ထွက်သွားတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သူက လူဆိုးတွေနဲ့ တွေ့ပြီးတော့
ပြန်မလာနိုင်ခဲ့ဘူး။ ငါ့ယောက္ခမနဲ့ငါက အတူနေတာ။ ငါ့ယောကျာ်းမှာ သူနဲ့
စီးပွားအတူလုပ်တဲ့ အစ်ကိုတစ်ယောက်ရှိတယ်ဆိုတာ ဘယ်သူသိမှာလဲ။ တစ်နေ့ ငါအိမ်မှာ
မရှိတဲ့ သူက ငါ့ယောက္ခမကို သတ်ပြီးတော့ ငါ့အပေါ် အပြစ်ပုံချခဲ့တယ်။ တရားသူကြီးက
ငါ့ခဲအို လာဘ်ထိုးတာကို ယူထားပြီးတော့ အကျင့်မကောင်းတဲ့အရာရှိပဲ။ ငါက
ခေါင်းဖြတ်မခံရပေမဲ့ ဒီအကျဉ်းထောင်ထဲမှာ အချိန်အကြာကြီး ချုပ်နှောင်ခံခဲ့ရတယ်”

ကောင်မလေးက သူ့ဘဝအကြောင်းကို ပြောနေတဲ့အချိန် ဝန်းနည်းပုံ ပေါ်နေပေမဲ့
သူမရဲ့အသံက ခံစားချက်မပါဘူး။ သူမ မျက်ရည်မကျခဲ့ဘူး။ သူမက အကျဉ်းခန်းထဲမှာ
တစ်နှစ်တောင်ရှိပြီဆိုတော့ သူမမှာ မျက်ရည် မကျန်လောက်တော့ဘူး။ အဲဒါက
နာကျင်ပေမယ့် သူမ အရှိကိုအရှိအတိုင်း လက်ခံရုံပဲ တတ်နိုင်တယ်။

ကျန်းယွမ် တိတ်ဆိတ်နေတာကို မြင်တော့ အမျိုးသမီးက သူမအပေါ် သက်တောင့်သက်သာ
ရှိလာပြီး ပြောလိုက်တယ်။

“ဒါပေမဲ့ မိန်းကလေး မင်းက ငါနဲ့ မတူတာကို တွေ့ရတယ်။ မင်းရဲ့ အဝတ်တွေက ကြည့်လို့
သိပ်မကောင်းပေမဲ့ မင်းက သာမန်မိသားစုက လာတာ မဟုတ်ဘူးလို့ ငါမြင်တယ်။
မင်းဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ”

ကျန်းယွမ် ညင်သာစွာ ပြုံးလိုက်တယ်။ “မိသားစု သေးသေးလေးကတောင်
အိမ်တွင်းရေးတွေ ရှိသေးတာပဲ အဲဒီတော့ ကြီးမားပြီး ချမ်းသာတဲ့ မိသားစုမှာ
နောက်ကွယ်က ကိစ္စတွေရှိတာ မဆန်းပါဘူး”
******

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now