part85

2.9K 310 4
                                    

unicode

Part 94

အခန်း-၈၅(က)

စစ်ဆေးမယ့်သူက ရှောင်ရှို့ဖြစ်တယ်။

ရှောင်ရှို့က ကျင်းရီအစောင့်တွေကို ကြီးကြပ်သူဖြစ်ပြီးတော့ ပုံမှန်ဆိုရင် အထူးတာဝန်တွေနဲ့ အလုပ်ရှုပ်နေတာဖြစ်တယ်။  တစ်ခါတစ်ရံမှာ သူက လျှို့ဝှက်ချက်ကို သူတို့ရဲ့ အုတ်ဂူအထိ သယ်သွားဖို့ ဆုံးဖြတ်ထားတဲ့ သူတွေကိုလည်း ဖမ်းတယ်။  သူ့ရဲ့ စစ်ဆေးမှုအောက်မှာ အဲ့လူတွေထဲက ဘယ်သူမှ သူတို့ရဲ့ လျှို့ဝှက်ချက်ကို နောက်ဆုံးအချိန်ထိ ထိန်းမထားနိုင်ခဲ့ကြဘူး။  ပြီးတော့ အပြင်လူတွေက ရှောင်ရှို့ရဲ့ အပြုအမူတွေကို မမြင်ရဘူး။  ကြမ်းကြုတ်လေလေ သူ့အကြောင့် ကောလဟာလက ပိုများလေလေပဲ။  ရှောင်ရှို့ မကော်နိုင်တဲ့ ပါးစပ်ရယ်လို့ မရှိဘူး။  ဒါ့အပြင် သူ့ရဲ့ စိတ်ထားက အရမ်းတည်ငြိမ်ပြီး အုံ့မှိုင်းနေတော့ တကယ်လို့ တစ်ယောက်ယောက်က သူနဲ့ သိကျွမ်းရင်တောင် သူတို့က သူ့ကို ဒီအကြောင်းနဲ့ ပတ်သက်ပြီး မေးရဲကြမှာမဟုတ်ဘူး။  ဒါ့ကြောင့် သူတို့က သူ သုံးတဲ့ နှိပ်စက်တဲ့ နည်းလမ်းတွေက နှိုင်းယှဉ်လို့ မရတဲ့ စာနာစိတ်ကင်းမဲ့တယ်လို့ပဲ မှန်းနိုင်ကြတယ်။

သူ့အကြောင်းကို ကြားပြီးတော့ ရှချန်းက ရုတ်တရက် သူ့နှလုံးသားက အောင့်လာသလို ခံစားလိုက်ရပြီးတော့ သူက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်တယ်။

“သူတို့က ဘယ်လိုလုပ်ပြီးတော့ ရှောင်ရှို့ရဲ့ လက်ထဲ ရောက်သွားကြတာလဲ။  ရှောင်ရှို့က ကျန်းရှင်းကျီနဲ့ ဘယ်လို ဆက်ဆံရေး ရှိတာလဲ။ ”

“အဲဒါက ခြုံခိုတိုက်နေတုန်း ဗိုလ်ချုပ်ကွမ်နဲ့ ရှောင်လူကြီးမင်းတို့က ရုတ်တရက် အဲ့ကို ရောက်လာတာဖြစ်တယ်။  အစတုန်းက ဗိုလ်ချုပ်ကွမ်က အဲ့လူတွေကို ခေါ်လာချင်ပေမဲ့ ရှောင်လူကြီးမင်းက ဒီကိစ္စတွေက အရမ်း အရေးကြီးလို့ ဒီလူတွေကို ခေါ်လာပြီးတော့ အဲ့လူတွေကို သူ့ဆီ လွှဲပြီးတော့ သူကိုယ်တိုင် စစ်ဆေးချင်တယ်လို့ပြောခဲ့တယ်။ ”

“ချီးပဲ။ ”

ရှချန်းရဲ့ မျက်နှာက ဖြူဖျော့သွားတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now