Part 68

2.8K 299 4
                                    

unicode

Part 62

အခန်း - ၆၈

အပိုင်း(၁)

နောက်တစ်နေ့ မနက်ခင်းမှာ ကျန်းယွမ်က စောစောထလာပြီးတော့ ပိုင်ကျီယူလာတဲ့ အစိမ်းရောင် ထမင်းရည်ကို သောက်ခဲ့တယ်။ လန်ချောင်နဲ့ပိုင်ကျီတို့က ရှုရှန်း အထဲကို ချောင်းကြည့်နေတာကို မြင်တော့ သူမက မေးလိုက်တယ်။

"ဘာကိစ္စရှိလို့လဲ။ "

"အခုလေးတင် အစေခံက ဒုတိယသခင်မလေးဆီကနေ ပြောတဲ့စကား ရောက်လာပါတယ်"

ရှုရှန်းက ပြောလိုက်တယ်။

"သူမက နူးညံ့တဲ့ချည်သားလေးတွေ ရထားလို့ အကြီးဆုံး သခင်မလေးကို သူမရဲ့ ခြံဝန်းထဲကို လာပြီးတော့ ချည်သားနှစ်စ လာရွေးခိုင်းတယ်။ "

"ကောင်းပြီ။ မင်းပြန်ပြီးတော့ မင်းရဲ့ အလုပ်ကို သွားလုပ်နိုင်ပြီ။ "

လန်ချောင်က သူမကို ပြောလိုက်တယ်။ ရှုရှန်းထွက်သွားတော့ လန်ချောင်က ကျန်းယွမ်ကို ဖြစ်ကြောင်းကုန်စင် ပြေပြလိုက်တယ်။ နောက်ဆုံးမှာ သူမက မေးလိုက်တယ်။

"ဒုတိယသခင်မလေးက တကယ်ထူးဆန်းတယ်။ အခု ဒုတိယသခင်ကြီးလေးက အိပ်ရာထဲမှာ လဲနေတုန်းကို သူက သခင်မလေးကို သူ့ဆီကို ဖိတ်နိုင်သေးတယ်။ "

"ဒါ့ကြောင့် ကျွန်မတို့ ကြိုပြီး ပြင်ဆင်စရာရှိတာလေးတွေ ပြင်ဆင်ရမယ်။ "

ကျန်းယွမ်က သူမရှေ့က ပန်းထိုးထည်နဲ့ ကစားနေရင်း ပေါ့ပါးစွာ ပြောလိုက်တယ်။

"လုကျူး ဒီနေ့ ဘယ်သူတွေလာသွားလဲဆိုတာ သွားပြီး စုံစမ်းလိုက်ဦး။ "

ကျန်းစုစုက အကြောင်းမရှိဘဲ သူမကို ဖိတ်မှာမဟုတ်ဘူး။ အထူးသဖြင့် အခုလိုအချိန်မှာပေါ့။ ထောက်ချောက်က သူမအတွက် ဆင်ထားတာဆိုတော့ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းတာ ပိုကောင်းတယ်။

လုကျူးက ခဏကြာတော့ ရောက်လာတယ်။

"သခင်မလေး ဒီအစေခံက ခြံထဲက တခြားအစေခံတွေကို မေးကြည့်ခဲ့ပါတယ်။ ဒီနေ့ မဟာတရားရေးဝန်ကြီး လီက လာလည်မှာပါ။ "

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now