part 92(2)

2.4K 282 9
                                    

Unicode

မုန်းမာန်ဖွဲ့ရန်ငြှိုး

Part 108

အခန်း - ၉၂ အပိုင်း(၂)

ရှောင်ရှို့က သူမဘက်ကို လှည့်လိုက်တယ်။ သူ့ရဲ့ လှပတဲ့ မျက်ဝန်းတွေက ညကောင်းကင်ယံက ကြယ်တွေလိုပဲ တောက်ပပြီး အရောင်လက်နေတယ်။

“ရန်သူရဲ့ တပ်ပေါင်းတစ်သိန်းကို နိုင်ဖို့ မင်းရဲ့ တပ်သုံးထောင်ကို ဆုံးရှုံးခဲ့ရတယ်။- ဒါက မင်းရဲ့ ဗျူဟာလား။”
သူက သူမ မဟာကောင်စီဝင် အိမ်တော်နဲ့ ရင်ဆိုင်တုန်းက သူမရဲ့ နည်းလမ်းတွေကို အကဲခတ်ခဲ့တယ်- မျက်တောင်မခတ်ဘဲ သူမက တစ်ဆင်းချင်း မြွေကို တွင်းထဲကနေ မျှားထုတ်ခဲ့ပြီးတော့ နောက်ဆုံး တိုက်ကွက်ကို ထုတ်ပြီးတော့ မဟာကောင်စီဝင်အိမ်တော်ကို ပြန်လှည့်ဖို့ မျှော်လင့်ချက် မပေးဘဲ အဆုံးသတ်စေခဲ့တယ်။ သူမရဲ့ နည်းလမ်းက အရမ်းရက်စက်ပြီးတော့ သူမရဲ့ စိတ်က စေ့စပ်တယ်။ ဒါက သူ့ဘဝမှာ ပထမဆုံး ငယ်ငယ်နဲ့ ဒီလောက် အရည်အချင်းရှိတာကို တွေ့ဖူးတာပဲ။ သူ ကြည့်ရသလောက်တော့ သူမ ချောက်ကမ်းပါးပေါ်ကနေ ခုန်ချတာလည်း သူမရဲ့ တွက်ချက်မှု တစ်စိတ်တစ်ပိုင်းဖြစ်ရမယ်။ ဒီလို တွက်ချက်မှုတွေက နည်းနည်း လွဲချော်သွားရင်တောင် အသက်ဆုံးရှုံးသွားနိုင်တယ်။ တကယ်ပဲ ရက်စက်တဲ့ နည်းလမ်းတွေ လိုအပ်ပြီးတော့ သူမအတွက်တောင်မှ ရက်စက်တယ်။ သတ္တိရှိတဲ့သူကပဲ ဒီလောက်မဆင်မခြင် ပြုမူမှာဖြစ်တယ်။

“ရှင်မှားတယ်။ အဲဒါက ရန်သူပေါင်း တစ်သိန်းကိုနိုင်ပြီးတော့ ကျွန်မရဲ့ တပ်သုံးထောင်ကို ဆုံးရှုံးခဲ့တာ။”
ကျန်းယွမ်က သူ့ကို အမှန်ပြင်ပေးလိုက်တယ်။ မဟာကောင်စီဝင်အိမ်တော် အခု ကျရောက်နေတဲ့ အကျပ်အတည်းတွေကို ပြန်တွေးကြည့်ရင်း သူမရဲ့ ရင်ထဲကို ပီတိစလေးတစ်ခု ဖြတ်သွားတယ်။
ဒါပေမဲ့ သူမက ဒါက ဘယ်တော့မှ လုံလောက်မှာ မဟုတ်ဘူးဆိုတာ သိတယ်။ လီတုန် သူမကို ခံစားခိုင်းခဲ့တဲ့ ဝေဒနာ၊ သူ ဖေးအာကို ခံစားခိုင်းခဲ့တဲ့ ဝေဒနာ၊ သူမက သူ့ကို နောက်ဆုံးအထိ အကုန်လုံးကို ပြန်ပေးဆပ်ခိုင်းမှာဖြစ်တယ်။ လေးလေးနက်နက် ကြည့်နေရင်း ရှောင်ရှို့က မေးလိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now