part 73

3.1K 320 21
                                    

unicode

Part 72

အခန်း - ၇၃

ရှောင်ရှို့က သူမကို အထင်သေးသွားတယ်။ ကျန်းယွမ်က ငယ်ပေမဲ့ သူမနဲ့ သက်တူရွယ်တူ ကောင်မလေးတွေထက် ပိုပြီး အရပ်ရှည်ပေမဲ့ သူမက ရှောင်ရှို့ရဲ့ ရင်ဘက်ကိုပဲ မှီသေးတယ်။ ရှောင်ရှို့က သူမရဲ့စကားတွေကို ကြားပြီးတော့ စိတ်မတိုဘူး။ ဒါပေမဲ့ သူ့ရဲ့ ရှည်လျားပြီး ကွေးနေတဲ့ မျက်ခုံးတွေကို ကော့လိုက်ပြီး သူက ပြောလိုက်တယ်။

"ရှချန်းက မင်းကို သက်ညှာမှာမဟုတ်ဘူး။ "

"ဒီကမ္ဘာပေါ်မှာ ငါ့ကို လွယ်လွယ်နဲ့ ပေးမသွားစေချင်တဲ့သူတွေ အများကြီးပဲ။ "

ကျန်းယွမ်က သူ့ရဲ့ မျက်လုံးတွေကို ကြည့်ပြီး ပြောလိုက်တယ်။

"ဒါပေမဲ့ ငါ မသေသေးဘူးလေ။ "

သူမက အသာလေးပြုံးပြလိုက်တယ်။

"ဝမ်လူကြီးမင်းက သူ့ရဲ့ ကိစ္စတွေနဲ့တောင် ရှုပ်နေတာကို ဘယ်လိုလုပ်ပြီးတော့ သူများတွေရဲ့ ကိစ္စကို ဝင်ပြီး စိတ်ပူနေရတာတုန်း။ "

ရှေင်ရှို့က ခဏလောက်ကြောင်သွားတယ်။ နန်းတော်ထဲက လူတိုင်းက သူ့ကို လေးစားကြတယ်။ ကြောက်ရွံ့ကြတယ်။ ပြီးတော့ သူ့ကို မြှောက်ပြောကြတယ်။ ဒါပေမဲ့ သူ့ကို ဒုက္ခရောက်စေချင်တဲ့သူတွေလည်း ရှိတယ်။ သူ့ရဲ့ အခြေအနေက ကျန်းအိမ်တော်ရဲ့ အကြီးဆုံးသမီးနဲ့ တူနေတယ်။ ဒါပေမဲ့ သူက အဲ့လူသတ်ချင်တဲ့ ရည်ရွယ်ချက်တွေက သူ့ကို ဝိုင်းထားတာကို မကြောက်ဘူး။ ဘာလို့လဲဆိုတော့ သူက ဂရုမစိုက်လို့ပဲ။

"ဒီမင်းသားက သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းရှိတယ်။ မင်းက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်လို့လား။ "

"ဝမ်လူကြီးမင်း ယွမ်နိုင်အကြောင်းကို စိုးရိမ်နေစရာ မလိုပါဘူး။ "

ကျန်းယွမ်က ဂရုတစိုက်နဲ့ သူနဲ့ ခပ်ဝေးဝေးမှာ နေနေတယ်။ ဘာလို့လဲဆိုတော့ တစ်ခါကိုက် နှစ်ခါရှက်မို့လို့ဖြစ်တယ်။ ပြီးတော့ သူက ကျန်းစုစုကို တစ်ခါ ကယ်ဖူးတယ်။ ဒါ့ကြောင့်သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ သူမ မသိသေးဘူး။ ပြီးတော့ ကျန်းစုစုနဲ့ ဆက်စပ်တဲ့သူတွေကို သူမက သူမရဲ့ ရန်သူအဖြစ် ဆက်ဆံဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူး။ ကျန်းရင်းဝမ်ဆိုလည်း ခြွင်းချက်မထားဘူး။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now