part 67(4)

2.6K 276 0
                                    

unicode

Part 61

အခန်း ၆၇
အပိုင်း (၂ခ)

ကျန်းချွမ်ရဲ့ ဖိတ်စာကို ရတဲ့အချိန်မှာ လီတုန်က ခေါင်းယမ်းလိုက်ပြီး ပြောလိုက်တယ်။

"အဲဒါ ထူးဆန်းတယ်။ ကျန်းချွမ်က ဘာကို လိုချင်တာလဲ။ ပုံမှန်ဆိုရင် ငါတို့က အဆက်အသွယ် မရှိပါဘူး။ ဒါပေမဲ့ ရုတ်တရက်ကြီး သူက လာဖိတ်တယ်။ ဘာရည်ရွယ်ချက်နဲ့ လာဖိတ်တာလဲ။ "

လီတုန်ရဲ့ ဗိုက်က ငေါထွက်နေပြီးတော့ သူ့ဘေးကလှပတဲ့အမျိုးသမီးက သူ့ကို စပျစ်သီးကျွေးနေတုန်း သူက ပြောလိုက်တယ်။

"သူက သခင်ကြီးနဲ့ ဆက်ဆံရေးတစ်ခုခု လုပ်ချင်လို့နေမယ်။ "

လီရန်ရဲ့ တပ်မက်တဲ့မျက်လုံးတွေက လီတုန်ရဲ့ နောက်ဆုံးမိန်းမအပေါ်မှာ ဝေ့နေပြီးတော့ ဒီစကားတွေကို ကြားလိုက်တော့ သူက ပြောလိုက်တယ်။

"အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော့်ကို မျက်နှာပျက်စေတာက ကျန်းချောင်ပဲ။ ကျွန်တော် သူ့ကို ကလဲ့စားချေဖို့ အခွင့်အရေး သေချာပေါက် ရှာရမယ်။ "

"တော်ပြီ။ "

လီတုန်က ပြောလိုက်တယ်။

"မင်းရဲ့ ညီက နောက်ထပ်ရက် နည်းနည်းကြာရင် မြို့တော်ကို ပြန်လာတော့မှာ သူ့အတွက် ဒုက္ခမရှာနဲ့။ မင်းကို မကျေနပ်ဖြစ်စေတဲ့ အဲ့ကျန်းချောင်ဆိုတာ ဘယ်သူလဲ။ "

မိန်းမလှလေးက တစ်ခစ်ခစ်ရယ်နေချိန်မှာ လီရန်က ထပ်ပြောဖို့ပြင်နေတယ်။

"ဒီအေစခံက ကျန်းချောင် ဘယ်သူလဲဆိုတာ မသိပါဘူး။ ဒါပေမဲ့ ဒီအစေခံ အိမ်တော်ကို ဝင်မလာခင်မှာ ကျန်းမိသားစုမှာ ပြိုင်ဘက်ကင်းတဲ့ သမီးနှစ်ယောက်ရှိတယ်ဆိုတာကို ကြားခဲ့ပါတယ်။ "

ဒါကို ကြားလိုက်ရတော့ လီရန်ရဲ့ မျက်ဝန်းတွေက အရောက်လက်လာတယ်။

"မင်းပြောတာတွေက အမှန်ပဲလား။ "

"အဲဒါ အမှန်ပါပဲ။ အစေခံက သခင်လေးကို မလိမ်ရဲပါဘူး။ "

အဲ့လှပတဲ့ အမျိုးသမီးက ပြောလိုက်တယ်။

"အကြီးဆုံး သခင်မလေးက အရမ်းနှစ်သက်ဖွယ်ကောင်းပြီးတော့ ဆွဲဆောင်မှုရှိတယ်။ ဒုတိယကျန်းသခင်မလေးက လှပြီးတော့ သိမ်မွေ့တယ်။ နှစ်ယောက်လုံးက အရည်အချင်းရှိပြီးတော့ နှိုင်းယှဉ်လို့ မရကြဘူး။ ဒါက မြို့တော်က လူတွေ အကုန်လုံးသိကြတဲ့ အချက်တွေပါ။ ဒါနဲ့ အကြီးဆုံးသခင်လေးက ချမ်းသာတဲ့ မိန်းကလေးတွေနဲ့ မပတ်သက်တော့ ဒါတွေ မသိတာ မဆန်းပါဘူး။ "

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now