Part 7

3.8K 381 1
                                    

မုန်းမာန်ဖွဲ့ရန်ငြိုး
M Link မှ ဖတ်ရန် အစမှ
အခန်း-၇

ကလေးမလေးကို မျက်နှာသာ ပေးထားပြီး လွဲမှားနေတဲ့ အခြေအနေမှာ တစ်ယောက်တစ်ယောက်က အဘိုးကြီးဘက်ကနေ ရုတ်တရက် ကာပြောပေးလိုက်လို့ လူတိုင်းရဲ့ မျက်လုံးတွေက ထုံးစံအတိုင်း သူ့အတွက် ပြောပေးတဲ့သူအပေါ် ကျရောက်သွားတယ်။ ပိုင်ကျီနဲ့လန်ချောင်က ကျန်းယွမ်ကို ဘယ်သူမှ ဝင်မတိုက်မိအောင် အရှေ့နဲ့အနောက်ကနေ ကာထားတယ်။ ကျန်းယွမ် သူမရဲ့မျက်လုံးကို လူအုပ်ကြီးကနေ တခြားကို မလွဲဖယ်လိုက်ဘူး။ သူမက အရင်အတိုင်း ရပ်နေပြီး အခြားသူတွေ သူမကို ကြည့်ရှု စစ်ဆေးခွင့် ပေးထားတယ်။

အဘိုးကြီးရဲ့ မျက်နှာနဲ့လည်ပင်းတွေက ဒေါသအရှိန်ကြောင့် နီရဲနေတယ်။ ဒါပေမဲ့ ကျန်းယွမ်ရဲ့ တည်ငြိမ်မှုနဲ့ မမျှော်လင့်ထားတဲ့ နှစ်သိမ့်မှုတွေက သူ့ရဲ့ဒေါသကို ထိုးဖောက်ပြီး အခြေအနေကို တည်ငြိမ်လာစေတယ်။ အဲဒါကို ဆောင်းရာသီကို ဖြတ်သန်းပြီးနောက် နွေဦးလေပြည် ရောက်လာသလိုမျိုး သူ့ခေါင်းကို ကြည်လင် လာစေတယ်။ သူ့စိတ်က ဖြည်းဖြည်းချင်း တည်ငြိမ် သွားတယ်။ လူအုပ်ကြီးလိုပဲ အံ့အားသင့်သွားပြီး တစ်ဖက်လူကို သူတို့နဲ့အတူ စစ်ဆေးလိုက်တယ်။

ဆယ်နှစ်အရွယ် ကလေးမလေးက လူအုပ်ကြားထဲမှာ ရပ်နေပြီးတော့ သူမရဲ့အသံက အရွယ်ရောက်ပြီးသူ တစ်ယောက်ရဲ့ အသံနဲ့ တူတယ်။ သူမရဲ့ ခန္ဓာကိုယ်က သေးပြီးတော့ သူမအရပ်က ပုပေမဲ့ ဘယ်သူမှ သူမကို လျစ်လျူ မရှူနိုင်ဘူး။ ဒီမိန်းကလေးရဲ့ တည်ရှိမှုမှာ သူမရဲ့ နှုတ်ခမ်းနဲ့ အသားအရည်က ဖြူဖျော့နေတယ်။ သူမရဲ့ မျက်နှာက သဘာဝအတိုင်းပဲ။ သူမမှာ ချယ်ရီရောင် နှုတ်ခမ်းလေးနဲ့ ကျောက်စိမ်းနဲ့တူတဲ့ နှာခေါင်းလေးရှိတယ်။ သူမရဲ့ အလှပဆုံး ဖြစ်တည်မှုက အနက်ရောင်မျက်တောင်အောက်က မျက်လုံးတစ်စုံပဲ။ သူတို့ရဲ့ စွတ်စိုမှုက တောင်ထိပ်က နွေဦးနဲ့ တူပြီးတော့ ဘယ်သူ့ရဲ့ နှလုံသားကိုမဆို နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်သွားစေနိုင်တယ်။ သူမရဲ့ အကြည့်က အရမ်း အပြစ်ကင်းစင်ပေမဲ့ အနည်းငယ်မြင့်တက်နေတဲ့ သူမရဲ့ မျက်လုံးထောင့်တွေက ဆွဲဆောင်မှုရှိတဲ့ အရိပ်အယောင်တွေကို မသိစိတ်ကနေ ဖော်ညွှန်းနေတယ်။ တကယ်လို့ သူမသာ မှန်ကန်တဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာရင် သူမက အထင်ကြီးလောက်ဖွယ် မိန်းကလေး ဖြစ်လာနိုင်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now