Part 70(2)

2.7K 294 4
                                    

unicode

Part 67

အခန်း - ၇၀

အပိုင်း (၂)

ရှကျောင်းကျောင်းက ကျန်းယွမ်ကိုတွေ့တော့ သူမက သူရဲ့ နှလုံးသားထဲမှာ နာကြည်းမှုက ဖြစ်ပေါ်လာတယ်။ သူမကိုယ်တိုင်က သဘာဝမိန်းမလှလေးဖြစ်ပေမဲ့ ကျန်းစုစုကတော့ အမြဲတမ်း သူမထက် ပိုလှနေခဲ့တယ်။ ကျန်းစုစုရဲ့ အသွင်အပြင်က ပျက်စီးသွားဖို့က အရမ်းခက်ခဲတယ်။ အခု သူမက ကျန်းယွမ်ရဲ့ အသွင်အပြင်က ကျန်းစုစုထက် မနိမ့်တာကို သူမတွေ့လိုက်ရတယ်။ သူမက ကျေးလက်မှာ ကြီးပြင်းတဲ့ သူတောင်မှ ဒီလိုဆိုရင် သူမရဲ့ ရုပ်ရည်က အရမ်းကြမ်းပြီးတော့ အောက်တန်းကျနေမှာ။ သူမကို ကြည့်ပြီးတော့ ကျန်းယွမ်က မြင့်မြတ်တဲ့ အဆင့်မြင့် သူတွေထဲက တစ်ယောက်ယောက်ရဲ့ အကျင့်နဲ့အသွင်အပြင် ရှိပြီးတော့ ရှကျောင်းကျောင်းကိုယ်တိုင်က ဆန့်ကျင်ဘက်အနေနဲ့ လုံးဝလွှမ်းမိုးခံလိုက်ရတယ်။

ရှထျန်ချိုင်က ပြုံးပြီးပြောလိုက်တယ်။

"ညီမလေး ဒီတော့ ညီမလေးတို့အိမ်မှာ တကယ်ပဲ နတ်သမီးနဲ့တူတဲ့သူ ရှိတာပဲ။ "

ဒီစကားတွေက အရမ်း စိတ်ကိုဆွပေးသလိုဖြစ်လို့ လန်ချောင်က ခဏလောက် မျက်မှောင်ကြုတ်သွာတးတယ်။ ကျန်းယွမ်က တစ်ဖက်မှာ အဲ့တာကို မကြားသလိုပဲ။ ပြီးတော့ သူမရဲ့ မျက်နှာပေါ်မှာ ရှက်တဲ့ အမူအရာမပေါ်ဘူး။ ဒီမြင်ကွင်းက ရှအိမ်တော်က လူတွေကို အံ့အားသင့်စေပြီးတော့ အတွေးတွေ ဝင်စေတယ်။

ခဏလောက် စကားပြောပြီးတော့ ရှယန်က အစေခံတွေကို ခေါ်ပြီး လက်ဆောင်တွေကို ပြင်ဆင်တယ်။ ကျန်းစုစုရဲ့ လက်ကိုင်ပုဝါတွေကို လူတိုင်းရပြီးတော့ ကျန်းလီနဲ့ ကျန်းတန်ရဲ့ လက်တောင်တွေကို လည်း ပေးခဲ့တယ်။ ကျန်းယွမ်က ရှယန် သူမကို ပြင်ဆင်ပေးတဲ့ ဒင်ဆမ်းတွေကို ကျန်းသခင်မကြီးကို ပေးလိုက်တယ်။ ရှသခင်မကြီးက ပြောတယ်။

"မင်းတို့ အားလုံးဒီကို ပြန်ရောက်လာပြီဆိုမှတော့ အရင်လက အိမ်တော်ရဲ့ ဘိုးဘေးခန်းမက အသစ်ပြန်ပြင်ထားတယ်။ ဘာလို့ သွားပြီး ရှမိသားစု ဘိုးဘေးတွေကို သွား အရိုအသေ မပေးကြရမှာလဲ ဟုတ်တယ်မလား။ ဒီကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပင့်ထားတဲ့ ဆရာကပြောတယ်။ လေးလမြောက်မှာမွေးတဲ့သူက တစ်ညလုံး ဆုတောင်းပေးရမှာတဲ့။ ရန်အာပြောတာကို အမေကြားဖူးတယ်။ ယွမ်အာကလေးလမြောက်မှာ မွေးတာဆို ယွမ်အာ ဒီနေ့ည အဘွားကို ကူပြီး ဆုတောင်းပေးရင် ကောင်းမှာပဲ။ "

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now