Part 107(1)

2K 236 1
                                    

Unicode
မုန်းမာန်ဖွဲ့ရန်ငြိုး

Part 137

အခန်း - ၁၀၇(က)

ကျန်းယွမ်က သူမရဲ့ အကြည့်တွေကို မဖယ်နိုင်ပေမဲ့ ရုတ်တရက် အပြင်ကနေ ခြေသံတွေကို ကြားလိုက်ရတယ်။ ရှောင်ရှို့ရဲ့ အမူအရာက ချက်ချင်းပဲ ပြောင်းလဲသွားပြီးတော့ ဘေးအခန်းထဲက တံခါးနောက်မှာ ပုန်းဖို့ ကျန်းယွမ်ရဲ့ လက်မောင်းကို ဆွဲလိုက်တယ်။
အဲဒါ ဟူတျဲပဲ။ သူမက အခန်းထဲကို ဝင်လာပြီးတော့ ကြက်သေကောင်ကို ကိုင်ပြီးတော့ ပြန်ထွက်သွားတယ်။ ပြီးတော့ ခြံထဲက ဇီးပင်အောက်မှာ သူမက ကျင်းတူးပြီးတော့ အဲ့ထဲမှာ ကြက်သေကောင်ကို မြှုပ်ခဲ့တယ်။ သူမရဲ့ တိကျတဲ့ အပြုအမူတွေကနေ သူမ ဒါကို လုပ်တာ ပထမဆုံးအကြိမ် မဟုတ်ဘူးဆိုတာ သေချာတယ်။
ကျန်းယွမ်ရဲ့ အတွေးတွေက သူမရဲ့ စိတ်ထဲမှာ လည်ပတ်နေတယ်။ ခဏလောက် သတိလွတ်သွားပြီး သူမ ထိုးထားတဲ့ ဆံထိုးက ရှောင်ရှို့ရဲ့ ကော်လာနဲ့ ငြိသွားတယ်။ အဲ့အချိန်ကျမှ သူတို့က တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်တောင် နီးကပ်နေကြလဲဆိုတာကို သတိပြုမိသွားတယ်။ ရှောင်ရှို့ရဲ့ ခန္ဓာကိုယ်ကနေ ဝါးစိမ်းနံ့ရပြီးတော့ သူ့ရဲ့ အင်္ကျီက သူမကို မမျှော်လင့်ထားတဲ့ တည်ငြိမ်အေးချမ်းမှုကို ခံစားရစေတယ်။
ဟူတျဲက အခန်းထဲက ထွက်သွားပြီး မကြာခင်မှာပဲ အခန်းထဲကလူက မီးငြိမ်းလိုက်တယ်။ ကြည့်ရတာ ဒီလူက ဒါတွေ အကုန်လုံးကို လုပ်ပြီးတာတောင် ကောင်းကောင်းအိပ်ပျော်နိုင်တဲ့ပုံပဲ။ သူတို့က ဘာသံမှ မကြားရတော့ ရှောင်ရှို့က ကျန်းယွမ်ကို ခုနကလို ပွေ့ပြီးတော့ ယွမ်ဂျူကို ပြန်သွားကြတယ်။
အခန်းထဲမှာ စိုးရိမ်စွာစောင့်နေကြတဲ့ လန်ချောင်နဲ့ ပိုင်ကျီတို့က သူတို့ လုံလုံခြုံခြုံနဲ့ ပြန်လာကြတယ်။ ရှောင်ရှို့နဲ့ ကျန်းယွမ်တို့က ဆွေးနွေးစရာ ကိစ္စတွေ ရှိတော့ သူတို့က အမြန်တံခါးပိတ်ပြီး သူတို့ကို အထဲမှာ ချန်ခဲ့ပြီး အပြင်ကနေပဲ စောင့်ကြည့်နေကြတယ်။
ရှောင်ရှို့က စားပွဲရှေ့မှာ ထိုင်လိုက်တယ်။ ကျန်းယွမ်က သူ့ကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီးတော့ မေးလိုက်တယ်။
“အခု နင် မြင်ခဲ့တာက သူမ… သူမ မိန်ရှုကျင့်နေတာလား။”
“ဟုတ်တယ်။”
ရှောင်ရှို့က လက်ဖက်ရည်ခွက်ကို ယူပြီးတော့ ခွက်ထဲက လက်ဖက်ခြောက်လေးတွေ မျောနေတာကို ကြည့်နေတယ်။
“သူမက အဲဒါကို ကျင့်နေတာ ကြာပြီထင်တယ်။ နောက်ထပ် အချိန်တစ်ခု ကြာပြီးရင် ကြက်သွေးကို လိုမှာ မဟုတ်တော့ဘူး။”
ကျန်းယွမ် မျက်မှောင်ကြုတ်လိုက်တယ်။ လွန်ခဲ့တဲ့သုံးနှစ်က ကျန်းစုစုက သီးသန့်ဘုရားကျောင်းကို သွားတာကို ဘယ်လိုလုပ်ပြီးတော့ တောင်ပိုင်းရှင်းကျန်းနဲ့ အဲ့က အောက်လမ်းနည်းတွေကို သူမ သိခဲ့တာလဲ။ သူမက ပြောလိုက်တယ်။
“ဒီတောင်ပိုင်းရှင်းကျန်းရဲ့ လေ့ကျင့်နည်းတွေက ဘယ်လိုလုပ်ပြီးတော့ ပင်မကျွန်းစုကို ရောက်လာတာလဲ။”
ရှောင်ရှို့က မျက်တောင်ပင့်လိုက်ပြီးတော့ ပြောလိုက်တယ်။
“တစ်ယောက်ယောက်က ကျန်းစုစုကို တိတ်တဆိတ် ကူညီပေးနေတာနေမှာ။”
“ကူညီနေတာလား ဒါမှမဟုတ် သူမကို အသုံးချနေတာလား။”
ကျန်းယွမ်က မေးလိုက်တယ်။
ရှောင်ရှို့က ခေါင်းခါလိုက်တယ်။
“ငါတို့ အဲ့လူကို ရှာမတွေ့သေးသ၍ ဖြစ်နိုင်ချေတွေ အကုန်လုံးက ၅၀ရာခိုင်နှုန်းဆီပဲ။”
ကျန်းယွမ်က ခေါင်းငုံ့လိုက်တယ်။
ရှောင်ရှို့က သူမကို လေးလေးနက်နက် ကြည့်လိုက်တယ်။ သူ့ဘက်ကနေဆိုရင် သူက သူမရဲ့ သွယ်လျတဲ့ လည်ပင်းလေးကို မြင်နိုင်တယ်။ မီးအိမ်ကပဲ မှိန်ဖျော့ဖျော့နဲ့ လူတွေကို ခံစားချက်ရစေတာလား ဒါမှမဟုတ် ဒီည ကျန်းယွမ် သူ့အပေါ်ကို ထားတဲ့ သဘောထားကပဲ နွေးထွေးနေတာလား မသိပေမဲ့ သူမက သူမရဲ့ သာမာန်အပြင်ပန်းနဲ့ လုံးဝကွဲပြားနေတယ်။ လက်ရှိမှာ သူမရဲ့ မျက်မှောင်ကြုတ်တာကို သူ တစ်ခါမှ မတွေ့ဖူးဘူး။ သူမရဲ့ မျက်နှာနဲ့ အမူအရာကို တွေ့ပြီးတော့ ချက်ချင်းပဲ သူမကို ဘာပဲဖြစ်ဖြစ် ကူညီချင်စိတ်တွေ မြင့်တက်လာစေတယ်။
ရှောင်ရှို့က သူဘာစဉ်းစားနေလဲ ဆိုတာကို သူ့ကိုယ်သူတောင် မသိခင်မှာပဲ သူရဲ့ တစ်သီးတစ်ခြားနေတဲ့ အသံက ပြောနေတာကို ကြားလိုက်ရတယ်။
“ဒီကျန်းအိမ်တော်က မလုံခြုံတော့ဘူး။ ကိုယ်မင်းဘေးမှာနေပြီး မင်းကို ကာကွယ်ပေးမယ့်သူ တစ်ယောက် ရှာပေးမယ်။
ကျန်းယွမ်က နည်းနည်း အံ့အားသင့်သွားပြီး အမြန်ပြန်ပြောလိုက်တယ်။
“မလိုပါဘူး။”
“ကျန်းစုစုက တောင်ပိုင်းရှင်းကျန်းကလူတွေရဲ့ အောက်လမ်းနည်းတွေရှိပြီးတော့ တောင်ပိုင်းရှင်းကျန်းက လူတွေက ဒီမှာတင် ရပ်မှာမဟုတ်ဘူး။ ကိုယ့်အထင် သူတို့က အရမ်းနီးတဲ့ တစ်နေရာရာမှာ ရှိနေပြီးတော့ တစ်နေ့မှာ ကျန်းစုစုကို ကောင်းကောင်း အသုံးချလိမ့်မယ်။ တကယ်လို့ တောင်ပိုင်းရှင်းကျန်းက လူက ကျန်းအိမ်တော်ထဲမှာ ရှိနေရင် မင်းရဲ့ အခြေအနေက အရမ်းအန္တရာယ်များတယ်။”
ရှောင်ရှို့က ဆက်မပြောခင် ခဏတွေးနေတယ်။
“ကိုယ် ကောင်မလေးတစ်ယောက်ကို ပို့လိုက်မယ်။”
ကျန်းယွမ်က သူ့ကို ကြည့်လိုက်တယ်။ သူမရှေ့က လူငယ်က တည်ကြည်စွာနဲ့ ချောမောပြီးတော့ နယ်ပယ်တိုင်းမှာလဲ အရမ်းကျွမ်းကျင်တယ်။ သူမနားမှာ ကိုယ်ခံပညာကို ကျင့်ထားတဲ့ သူတစ်ယောက် ရှိတာက တကယ်အရမ်းမက်လောက်စရာကောင်းတယ်။ တကယ်လို့ တစ်ခုခုကို အသုံးချနိုင်ရင် အဲဒါကို အပြည့်အဝ အသုံးချတာ အကောင်းဆုံးပဲ။ သူမက မတုံ့ပြန်ခင် ခဏလောက် တွေးလိုက်ပြီး
“ကျေးဇူးအများကြီး တင်ပါတယ်။”
ရှောင်ရှို့က ခေါင်းညိတ်လိုက်တယ်။ သူကပြောတယ်။
“ကိုယ် အိမ်ပြန်တော့မယ်။ မနက်ဖြန်ကျရင် ကို သူမကို ပို့လိုက်မယ်။”
သူမ ခေါင်းညိတ်တာကို ရှောင်ရှို့က ကြည့်လိုက်ပြီးတော့ မျက်စိတစ်မှိတ်အတွင်း ပြတင်းပေါက်ကနေ ခုန်ထွက်သွားပြီးတော့ အမှောင်ထဲမှာ ပျောက်ကွယ်သွားတယ်။
သူမက လန်ချောင်နဲ့ ပိုင်ကျီတို့ကို ခေါ်လိုက်တော့ နှစ်ယောက်လုံးက အံ့အားသင့်တဲ့ပုံနဲ့ ဝင်လာကြတယ်။
“ဘယ်လိုလုပ်ပြီးတော့‌ ရှောင်လူကြီးမင်းက ဒီလိုမြန်မြန် ပျောက်သွားတာလဲ။ ကျွန်မတို့က တံခါးမှာ သေချာကြည့်နေတာ။ ဘယ်သူမှလည်း ထွက်မသွားဘူး။”
ကျန်းယွမ်က ခေါင်းခါလိုက်တယ်။ ရှောင်ရှို့က တကယ်ပဲ ကျန်းအိမ်တော်ကို အတွင်းအပြင် ကောင်းကောင်းသိထားတာပဲ။ သူ့ရဲ့ အပြုအမူတွေက အဲ့သူခိုးတွေလို ပြုမူတဲ့အချိန်မှာတောင် သူက ကြီးမြတ်တဲ့ကျင်းနိုင်ငံတော် တစ်ခုလုံးမှာ ထူးခြားတယ်။ မနက်ဖြန် ရှောင်ရှို့ပို့လိုက်မယ့်သူ အကြောင်း စဉ်းစားမိရင်း သူမရဲ့ စိတ်ဝင်စားမှုက မြင့်တက်သွားတယ်။ လန်ချောင်က အရမ်းနောက်ကျတာကို သတိထားမိတော့ အမြန်ပြောလိုက်တယ်။
“သခင်မလေး ဘာလို့ အရင် မအိပ်နှင့်တာလဲ။ မနက်ဖြန်ကျရင် နောက်ကျမှ နှိုးပါ့မယ်။”
ဒါကို ပြောပြီး‌တော့ သူမက ကျန်းယွမ်ကို အိပ်ရာထဲပို့လိုက်ပြီးတော့ မီးငြှိမ်းလိုက်တယ်။
* * *
မနေ့ညက နောက်ကျမှ အိပ်ခဲ့လို့ ကျန်းယွမ်က မနက်ကိုးနာရီမှ ထခဲ့တယ်။ လန်ချောင်က ကျန်းယွမ် မျက်နှာသစ်ဖို့ ရေယူခဲ့တယ်။ သူမက တစ်ခုခု ပြောချင်နေပေမဲ့ တုံ့ဆိုင်းနေတယ်။ ကျန်းယွမ်က သူမရဲ့ အပြုအမူကို သတိထားမိသွားပြီးတော့ ပြောလိုက်တယ်။
“ဘာလို့ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းထားတာလဲ။ တကယ်လို့ တစ်ခုခုဖြစ်ရင် ပြောလေ။ ဘာကြီးလဲ။”
လန်ချောင်က မျက်တောင်ခတ်လိုက်ပြီး ပြောလိုက်တယ်။
“သခင်မလေး ငါးယောက်မြောက် ကိုယ်လုပ်တော်က ကိုယ်ဝန်….”
“မြန်လိုက်တာ။”
ကျန်းယွမ်က အဲ့လောက်ကြီး အံ့အားမသင့်သလိုပဲ။ အဲ့အစား သူမက ပြုံးလိုက်ပြီး ပြောလိုက်တယ်။
“သူမက အခြေအနေကို တကယ်ပဲ ကောင်းကောင်း ဆုပ်ကိုင်နိုင်တာပဲ။”
“သခင်မလေး ငါးယောက်မြောက်ကိုယ်လုပ်တော်က အဲ့လောက် မြန်မြန် ဘယ်လိုလုပ်ပြီး လုပ်နိုင်ခဲ့တာလဲ။”
လန်ချောင်က အံ့အားသင့်စွာနဲ့ မေးလိုက်တယ်။
“သူမက မတုံးဘူးလေ။ သူမ ပိုကြာကြာစောင့်လေလေ သူမ ပိုပြီး အန္တရာယ်များ လေလေပဲ။”
ကျန်းယွမ်ကတည်ငြိမ်စွာ ပြောလိုက်တယ်။
ဟုန်ရင်းရဲ့ အကြီးမားဆုံး စရိုက်က သူမရဲ့ ထက်မြက်မှုပဲ။ သူမက အခြေအနေရဲ့ အကောင်းအဆိုးကို သေသေချာချာ စီစစ်ပြီးတော့ ဆုံးဖြတ်နိုင်တယ်။ အခုရှယန်က ကိုယ်ဝန်ရှိပြီဆိုတော့ သူမက ကျန်းအိမ်တော်ရဲ့ အရေးကြီးဆုံးသခင်မတစ်ယောက် ဖြစ်သွားပြီ။ ကျန်းချွမ်က သူမကို ချစ်ချစ် မချစ်ချစ် တကယ်လို့ သူမက သူ့အတွက် သခင်လေးတစ်ယောက် မွေးပေးနိုင်ရင် သူမက သူ့ကို ဝှက်ဖဲအနေနဲ့ သုံးပြီးတော့ အဲ့အချိန်ကျမှ ဟုန်ရင်းက သူမကိုယ်သူမ လမ်းပိတ်ထဲမှာ ပိတ်မိသွားတယ်ဆိုတာကို သိသွားမှာ။ သူမရဲ အရင်ဘဝက ဟုန်ရင်းရဲ့ ကံကြမ္မာကိုပဲ ကြည့်လေ။ ဒီဘဝမှာတော့ ကျန်းယွမ် လုပ်ရတာက နည်းနည်းပါးပါး ပြောလိုက်ပြီး ဟုန်ရင်းက ကျန်တာတွေကို သူမဘာသာ ဖော်ထုတ်သွားခဲတ့ယ်။ တကယ်လို့ ရှယန်က အကွက်ရွှေ့ခဲ့ရင် ဟုန်ရင်းရဲ့ ဗိုက်ထဲမှာ ကလေးရှိရင် ကျန်းချွမ်က ကလေးအတွက်နဲ့ အလောတကြီး ပြုမူမှာ မဟုတ်ဘူး။ ဒီလိုနဲ့ ရှယန်ရဲ့ ဝှက်ဖဲဖြစ်တဲ့ ကလေးကလည်း တစ်ချိန်တည်းမှာပဲ ဟုန်ရင်းရဲ့ သေခြင်းတရားကနေ လွတ်မြောက်စေတဲ့ အရာဖြစ်သွားမှာဖြစ်တယ်။
ရှယန်ရဲ့ မျက်နှာက သူမ ဟုန်ရင်းရဲ့ ကိုယ်ဝန်အကြောင်းကို ကြားရင် ဘယ်လိုများဖြစ်သွားမလဲ။
* * *

မုန်းမာန်ဖွဲ့ ရန်ငြိုးHikayelerin yaşadığı yer. Şimdi keşfedin