Part 112(1)

1.6K 170 2
                                    

Unicode
မုန်းမာန်ဖွဲ့ရန်ငြိုး

Part 147

အခန်း - ၁၁၂ အပိုင်း (၁)

"မင်း ဘာလို့ အဲ့မှာပဲ ရပ်နေသေးတာလဲ။ အမြန် လက်သည် သွားခေါ်စမ်း။"
ကျန်းချွမ်က အမြန်ပြေးလာပြီးတော့ ရှယန်ရဲ့ အောက်ပိုင်းက သွေးတွေနဲ့စွန်းနေတာကို တွေ့တော့ သူက ဘာမှထပ်မတွေးတော့ဘဲ ကျန်းယွမ်ကို ကြမ်းတမ်းစွာ ပါးချလိုက်တယ်။
'ဖျန်း' ဆိုတဲ့ အသံထွက်လာပြီးတော့ ကြားတဲ့သူတိုင်းကို လန့်သွားစေခဲ့တယ်။ ကျန်းချွမ်မှာ တုတ်ခိုင်တဲ့ လက်ရှိတာကြောင့် ချက်ချင်းပဲ သူ့ရဲ့ လက်ငါးချောင်း အရာက ကျန်းယွမ်ရဲ့ ဖြူဖွေးတဲ့ မျက်နှာမှာ ထင်သွားတယ်။ သူမရဲ့ မျက်နှာက ချက်ချင်းပဲ ရောင်လာပြီးတော့ သူမရဲ့ နှုတ်ခမ်းထောင့်မှာ သွေးထွက်လာတယ်။
ကျန်းချွမ်ကအံ့အားသင့်သွားတယ်။ သူက သူ့ရဲ့ လက်ကို ဒေါသတကြီးနဲ့ သုံးခဲ့ချိန်မှာ ကျန်းယွမ်က ရိုက်ချက်ကို မရှောင်ဘဲနဲ့ ဒီတိုင်းခံလိုက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အဲ့အချိန်မှာ ရှကျောင်းကျောင်းရဲ့ မျက်ဝန်းထဲမှာ ဝမ်းသာမှု အရိပ်အယောင်ထွက်သွားတယ်။ ရွှမ်းလီက ဒီအသံကို ကြားတော့ မျက်မှောင်ကြုတ်လိုက်တယ်။
ကျန်းယွမ်က သူမရဲ့ အိတ်ကပ်ထဲက လက်ကိုင်ပုဝါကို သူမရဲ့ နှုတ်ခမ်းပေါ်က သွေးကို သုတ်ဖို့ ထုတ်လိုက်ပြီးတော့ စိတ်အေးလက်အေးပြောလိုက်တယ်။
တော်ဝင်မိသားစုက တစ်ယောက်ယောက်ကို လူမြင်ကွင်းမှာ ကိုယ်ထိလက်ရောက် ပြုမူတာက သေချာပေါက် အရိုအသေမဲ့တာဖြစ်ပြီးတော့ ကျန်းချွမ်က ကြက်သေသေသွားပြီးတော့ ပြောစရာ စကားတွေ ပျောက်ဆုံးသွားခဲ့တယ်။ သူက သေကာနီးလိုမျိုး ဖြစ်နေတဲ့ ရှယန်ကို ကြည့်လိုက်ပြီးတော့ ထပ်ပြီး စိတ်တိုသွားပြန်တယ်။ ကျန်းယွမ်ကို လက်ညှိုးထိုးပြီးတော့ သူက ကျိန်ဆဲလိုက်တယ်။ "မကောင်းဆိုးဝါးမ။ ဒီလိုရက်စက်တဲ့ နှလုံးသားနဲ့ ငါ့ရဲ့ တရားဝင်ဇနီးကို သတ်ရဲတယ်ပေါ့။ မင်းလုံးဝ ရူးသွားပြီပဲ။"
ရွှမ်းလီကို အဖော်ပြုပေးနေတဲ့ ရှချန်းက သူ့ရှေ့က မြင်ကွင်းကို ကြည့်ရင်း အရမ်းကျေနပ်နေတယ်။ အရင်က ကျန်းယွမ်က ရှမိသားစုရဲ့ တစ်ဦးတည်းသော မြေး ရှကျွမ်းကို ဒုက္ခပေးခဲ့လို့ သူက ကျန်းယွမ်ကို အရမ်းမုန်းတီးခဲ့တာဖြစ်ပြီးတော့ ကျန်းယွမ် ဒုက္ခရောက်နေတာကို မြင်တော့ သူက ပျော်နေတာဖြစ်တယ်။ ပြီး‌တော့ သူက တကယ်ပဲ သူ့သမီးရဲ့ လုံခြုံမှုကို ဂရုမစိုက်ခဲ့ဘူး။ ဒါပေမဲ့ ဒီလိုအချိန်မျိုးမှာ သူက ရှိနေပြီးတော့ ရွှမ်းလီရှေ့မှာ ရှိနေတော့ သူက ဝတ်ကျေတမ်းကျေနဲ့ စကားအနည်းငယ် ပြောခဲ့တယ်။ ဒါ့ကြောင့် သူက မမှန်မကန် ပြောခဲ့တယ်။
"သမက် မင်းရဲ့ ယွမ်ကလေးမက အဲဒါကို တမင် လုပ်တာ မဟုတ်လောက်ပါဘူး။ နားလည်မှုလွဲတာ နေမှာပါကွာ။"
"ဟုတ်တယ်။"
ကျန်းယွမ်က ပြောလိုက်တယ်။
"ဘာလို့ အဖေက အမေ့ကို အရင်မမေးတာလဲ။ အဲ့မှာ နားလည်မှုလွဲတာ ရှိချင်ရှိမှာပေါ့။ ဒါ့အပြင် အဖေက ဘယ်လိုလုပ်ပြီးတော့ သမီး အမေ့ကို တမင် တွန်းလိုက်တာလို့ ယူဆရတာလဲ။ အဖေ့ရဲ့ ဒေါသက မပြေသေးရင် အဖေ သမီးကို နောက်ထပ် နည်းနည်းထပ်ရိုက်လို့ ရတယ်။"
သူမရဲ့ စကားတွေက ရန်လိုမှု တစ်စက်မှ မပါဘူး။ ခုနက ရိုက်ချက်က ပုံရိပ်ရောင်တစ်ခုလိုပဲ သူမရဲ့ လှပတဲ့ မျက်လုံးတွေက ခံစားချက် တစ်စက်လေးမှ မထုတ်ပြဘူး။
ရှကျောင်းကျောင်းက ကျန်းယွမ် နင်းချေခံရတာကို မြင်ရဖို့ မျှော်လင့်နေပေမဲ့ သူမက ဒါကို မယုံကြည်နိုင် ဖြစ်နေတယ်။ ကျန်းယွမ်က သူမရဲ့ ပုံမှန် တည်ငြိမ်ပြီးတော့ အေးဆေးတဲ့ ပုံပဲရှိနေသေးတယ်။ သူမက အံမကြိတ်ဘဲ မနေနိုင်ခဲ့ဘူး။
ရွှမ်းလီက လေးနက်တဲ့ အကြည့်နဲ့ ကျန်းယွမ်ကို ကြည့်လိုက်တယ်။ ဒီလိုကောင်မလေးက သူမရဲ့ မျက်နှာထားနဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားနိုင်တယ်။ သူမက အရမ်းထူးထူးခြားခြားပဲ မဟုတ်ပေဘူးလား။
ကျန်းယွမ်ရဲ့ စကားတွေမှာ ကျန်းချွမ်ရဲ့ ခုနက ရိုက်ချက်က ခုခံမှုမဟုတ်ဘူးဆိုတာ သိသာထင်ရှားနေတယ်။ ဒါက ရွှမ်းလီနဲ့ လာတဲ့သူတွေ အပေါ်ကို အဖြစ်အပျက်ကို အလေးအနက် စဉ်းစားစေတယ်။ ဒီကျန်းမိသားစုရဲ့ သမီးကြီးက မယ်တော်ယိတျယ်ကိုယ်တိုင် ဟောင်အန်ကျွမ်းကျူ့ဘွဲ့ကို ပေးခဲ့ပေမဲ့ ဘယ်လိုလုပ်ပြီး အိမ်တော်ထဲမှာ သူမရဲ့ အဆင့်အတန်းက အရမ်းနိမ့်နေတာလဲ။ ကျန်းယွမ် စကားတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေကို နားထောင်ရင်း သူမက ကျန်းချွမ်ရဲ့ သဲအိတ်အဖြစ် ပုံမှန်အသုံးပြုခံနေရတယ်လို့ သွယ်ဝိုက်ပြောလိုက်တာ မဟုတ်လား။ ကျန်းချွမ်က တော်ဝင်မိသားစုကို ပေါ်တင်ကြီး ပေါ့ပေါ့တန်တန် စော်ကားနေတာ မဟုတ်ဘူးလား။
ကျန်းချွမ်က ထပ်ပြီး စိတ်တိုလာပြီးတော့ သူမကို ထပ်ရိုက်တော့မယ့်အချိန်မှာ ကြည့်နေတဲ့သူတွေက အများကြီးရှိနေလို့ သူက မရိုက်ဘဲနဲ့ ဟိန်းဟောက်လိုက်တယ်။
"မင်း ကတ်တီးကတ်ဖဲ့ ပြောရဲသေးတယ်ပေါ့"
ကျန်းယွမ်က ပြုံးလိုက်တယ်။
"အဖေ ဘာလို့ အမေ့ကို မမေးတာလဲ။ ခံရတဲ့သူက အဖေ့ရှေ့မှာပဲလေ။"
အစေခံအိုတစ်အုပ်က သတင်းကို ကြားတော့ အမြန်ပေးလာကြပြီးတော့ ရှယန်ကို ခေါ်သွားတော့မယ့် အချိန်မှာ သူမ ပြောတာကို ကြားတော့ သူတို့က လုပ်နေတာကို ရပ်လိုက်ကြတယ်။ ရှယန်ရဲ့ နှလုံးသားက ကျန်းယွမ်ရဲ့ စကားတွေကြောင့် အမုန်းတရားတွေနဲ့ ပြည့်သွားတယ်။ ရှယန်ရဲ့ ပုံမှန် သဘောထားကြီးပြီးတော့ ခွင့်လွှတ်တတ်တဲ့ သဘောထား အပေါ်မှာ အခြေခံပြီးတော့ သူမက ကျန်းယွမ်က တမင်လုပ်တာ မဟုတ်ဘူးလို့ ပြောရမှာဆိုတာ သိသာတယ်။ ဒါပေမဲ့ သူမက ဒီလိုပြောရင် ဒီအခြေအနေ တစ်ခုလုံးအတွက် ကျန်းယွမ်ကို ခွင့်လွှတ်လိုက်ရမှာ မဟုတ်ဘူးလား။ သူမရဲ့ အတွေးက ဒီအထိ ရောက်လာတဲ့အချိန်မှာ သူမက နာကျင်စွာနဲ့ စကားနှစ်လုံးပဲ ညည်းခဲ့တယ်။
"နာတယ်...."
ရလာဒ်အနေနဲ့ အစေခံအိုတွေက အချိန်ဆွဲမနေကြတော့ဘဲ ချက်ချင်းပဲ ရှယန်ကို သူမရဲ့ အခန်းထဲကို မသွားကြတယ်။
ကျန်းချွမ်က လက်ရှိအခြေအနေကို ကြည့်နေရင်း ဘာမှဆက်မလုပ်တော့ဘဲ သူက ရှယန်ရဲ့ နောက်ကို အမြန်ပြေးလိုက်သွားတယ်။ ရှမိသားစုက ပွဲကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ချင်ပြီးတော့ ရွှမ်းလီကလည်း ဆက်နေနေတယ်။ ပတ်သက်တဲ့သူတွေ အကုန်လုံးက ရှိနေပြီးတော့ အပြတ်ရှင်းချင်နေကြတော့ ကျန်းယွမ်ကလည်း နောက်မှာ မနေခဲ့ဘဲ လိုက်လာခဲ့တယ်။
ထျန်ကျူးက ကျန်းယွမ်နားရောက်တော့ သူမက ကျန်းယွမ်ရဲ့ မျက်နှာပေါ်က ဒဏ်ရာကို မြင်တော့ သူမက နည်းနည်းစိုးရိမ်သွားတယ်။ ကျန်းယွမ်က ခေါင်းခါပြလိုက်တော့ ထျန်ကျူးက ခေါင်းငုံ့ပြီးတော့ သတိမထားမိသလိုပဲ ဟန်ဆောင်ခဲ့တယ်။
ရှယန်ရဲ့ အိမ်တော်ကို လူအုပ်လေးရောက်လာတော့ ရှယန်က သူမရဲ့ အခန်းထဲမှာ ရှိနေပြီးတော့ လက်သည်ကို တောင်းဆိုနေတယ်။ ရှယန်ရဲ့ အော်သံကို ပြတ်တောင်းပြတ်တောင်း ကြားနေရပြီးတော့ အဲ့အသံက စုဝေးနေတဲ့ လူတွေရဲ့ ရင်ထဲမှာ ကြောက်လန့်ပြီး ကြံရာမရဖြစ်စေတယ်။ ဒုတိယကိုယ်လုပ်တော်က အဖြစ်အပျက် အကြောင်းကိုကြားတော့ ကျန်းလီကို ခေါ်လာပြီးတော့ ရှယန်ရဲ့ ကံဆိုးမှုကို လာပြီးတော့ ဝမ်းမြောက်ပျော်ရွှင်နေချိန်မှာ ကျန်းစုစုနဲ့ ဟုန်ရင်းတို့ကလည်း ပြေးလာကြတယ်။ ကျန်းတန်ကတော့ သူမရဲ့ ခြံထဲမှာပဲ နေနေတယ်။
ဟုန်ရင်းက အစေခံတွေဆီကနေ ကျန်းချွမ်က ကျန်းယွမ်ကို ပါးရိုက်လိုက်တယ် ဆိုတဲ့ သတင်းကို ကြားပြီးတော့ ကျန်းယွမ်ရဲ့ မျက်နှာပေါ်က ဒဏ်ရာကို သတိထားမိသွားတယ်။ ဒါပေမဲ့ သူမက အစေခံပြောတဲ့ ဒဏ်ရာက ဒီလောက် ဆိုးလိမ့်မယ်လို့ မမျှော်လင့်ထားလို့ လန့်သွားတယ်။ ကျန်းချွမ်ရဲ့ ကြမ်းတမ်းတဲ့အကျင့်ကို သတိထားမိသွားပြီးတော့ သူမက အမြန်ရှေ့ကို တိတ်ဆိတ်စွာနဲ့ လာပြီးတော့ တိတ်တိတ်လေးလာပြီး နှစ်သိမ့်ပေးတယ်။ ဟုန်ရင်းရဲ့ ညင်သာတဲ့ နှစ်သိမ့်မှု အောက်မှာ ကျန်းချွမ်ရဲ့ မှုန်မှိုင်းနေတဲ့ မျက်နှာထားက နည်းနည်းလျော့သွားပေမဲ့ သူ့ရဲ့ အကြည့်က အခန်းထဲကို ရောက်လာတဲ့ အချိန်မှာ သူက အရမ်းစိုးရိမ်လာတယ်။ ပြီးတော့ သူမက သူတစ်ကြိမ်က ချစ်ခဲ့တဲ့ တစ်ယောက်ယောက်ဖြစ်တော့ ခေါင်းကိုက်မှုနဲ့ စိုးရိမ်မှုတို့က သူ့ကို ကြီးစိုးနေတယ်။
ကျန်းစုစုရဲ့ ဒေါသက တစ်ဟုန်ထိုးမြင့်တက်နေပြီဖြစ်တယ်။ ဒီရက်ပိုင်းတွေမှာ သူမက သူမရဲ့ စိတ်ထားကို ချုပ်တည်းထားတာဖြစ်တော့ သူမက ကျန်းချွမ် လုပ်ခဲ့တာတွေကို ဘာမှမတုံ့ပြန်ခဲ့ပေမဲ့ သူမရဲ့ မျက်ဝန်းတွေက မကျေနပ်မှုနဲ့ အမုန်းတရားတွေနဲ့ ပြည့်နေတယ်။
ကျန်းလီနဲ့ ဒုတိယကိုယ်လုပ်တော်က အပျော်ဆုံးဖြစ်တယ်။ ကျန်းလီက ကျန်းယွမ်ကို ပြောလိုက်တယ်။
"မမ ဘယ်လိုလုပ်ပြီးတော့ အမေ့ကို အဲ့လိုတွန်းနိုင်ရတာလဲ။ တကယ်လို့ ညီမလေးတို့ရဲ့ မောင်လေးကို ဆုံးရှုံးလိုက်ရရင် အမေက အရမ်းအသည်းကွဲသွားမှာ။"
ကျန်းချွမ်က ဒီစကားတွေကို ကြားတော့ သူက ကျန်းယွမ်ကို ထပ်ပြီးတော့ စိတ်တိုလာတယ်။ ဒါပေမဲ့ အဲ့အချိန်မှာ တံခါးက ရုတ်တရက် ပွင့်လာပြီးတော့ လက်သည်က ထွက်လာတယ်။ လင်းလန်နဲ့ ဖေးချွဲ့တို့က ကျန်းချွမ်ဆီကို ဘာမှမပြောဘဲ လာကြပြီးတော့မှ ကျန်းချွမ်နားရောက်တော့ သူတို့က ဒူးထောက်လိုက်ကြပြီးတော့ ငိုလိုက်ကြတယ်။
"သခင်ကြီး သခင်မ ကိုယ်ဝန်ပျက်ကျသွားပြီ။"
ကျန်းချွမ်က ဒီသတင်းကို ကြားတော့ သူ့ကို မိုးကြိုးပစ်သွားသလိုပဲ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီးတော့ သူက စိတ်ဆင်းရဲစွာနဲ့ ရေရွတ်လိုက်တယ်။
"ဘာ"
လက်သည်က ခေါင်းခါလိုက်ပြီး
"သခင်ကြီး ဒီအစေခံက ဘာမှ မလုပ်လိုက်နိုင်ပါဘူး။ အဲဒါ သခင်လေးပါ။"
ကျန်းချွမ်က နောက်ကိုလှည့်ကြည့်လိုက်ပြီးတော့ ကျန်းယွမ်ကို ဒေါသတကြီးနဲ့ ကြည့်လိုက်တယ်။ ရုတ်တရက် သူက လက်ကို မြှောက်လိုက်ပြီးတော့ အော်လိုက်ပြီးတော့ နောက်ထပ် ရိုက်တော့မလိုနဲ့
"လူသတ်သမား မင်း မင်းရဲ့ မောင်လေးကို သတ်လိုက်ပြီ။"
'ဖျန်း'ဆိုတဲ့ အသံနဲ့ ဒီတစ်ကြိမ်တော့ ကျန်းယွမ်ရဲ့ မျက်နှာပေါ်ကို ကျခဲ့တာ မဟုတ်ဘူး။ ထျန်ကျူးက လက်တုံ့မပြန်ခဲ့ပေမဲ့ အရေးကြီးတဲ့ အချိန်မှာ သူမက ကျန်းယွမ်ရှေ့မှာ ရပ်လိုက်ပြီးတော့ ရိုက်ချက်ကို သူမကိုယ်စားခံခဲ့တယ်။
ကျန်းချွမ်က စိတ်တိုသွားတယ်။
"မင်းကိုယ်မင်း ဘာထင်နေတာလဲ။ အစေခံတွေ ဒီအန္တရာယ်ရှိတဲ့ အစေခံကို ခေါ်သွားပြီးတော့ သူမကို သေတဲ့အထိ ရိုက်လိုက်ကြစမ်း။"
"တော်လောက်ပြီ။"
ကျန်းယွမ်က အေးစက်စွာ ပြောလိုက်တယ်။
"အဖေ အခြေအနေကိုတောင် သေချာ မသိသေးပဲနဲ့ အဖေက လူတစ်ယောက်ရဲ့ အသက်ကို အရှင်မင်းသား မင်းသားရှစ်ရဲ့ အရှေ့မှာ ဂရုမစိုက်လုပ်နေတယ်ပေါ့။"
သူမက သူ့ကို ခေါ်ထုတ်လိုက်တော့ ရွှမ်းလီက ပွဲကြည့်ပရိသတ်အနေနဲ့ နေနေလို့မရတော့ဘူးဖြစ်တယ်။ ဒါ့အပြင် ရွှမ်းလီက သူ့ရဲ့ ဂုဏ်သတင်းကို အာရုံစိုက်တဲ့သူ ဖြစ်တော့ သူက စုံစမ်းမှုကို အသေးစိတ်ကျကျ လုပ်ရတော့မှာဖြစ်တယ်။
"ဟုတ်တယ်။ ကျန်းလူကြီးမင်း အချက်အလက်တွေ အကုန်လုံးကို စုစည်းပြီးတော့ မပြုမူခင်မှာ ဒီကိစ္စရဲ့ အသေးစိတ်ကို ရှာရမယ်။"
"မမ ဘာထပ်ပြောစရာ ရှိသေးတာလဲ။"
ကျန်းစုစုက ပြောလိုက်တယ်။ လက်ရှိမှာ သူမရဲ့ အလှက အတိတ်ကထက် သာနေပြီဖြစ်ပြီးတော့ သူမရဲ့ ဉာဏ်ရည်ကလည်း ထက်မြက်လာပြီဖြစ်တယ်။ သူမက သူမရဲ့ အလှပေါ်မှာပဲ လုံးဝမှီခိုနေတဲ့သူ မဟုတ်တော့ဘူး။ သူမက မျက်ရည်တွေကို ထိန်းထားတဲ့အတိုင်း သူမရဲ့ မျက်လုံးတွေက နီရဲနေပေမဲ့ သူမရဲ့အသံက ဒေါကန်နေတဲ့ ခံစားချက်ပါနေတယ်။
"အမေက သူ့ဘာသာ တမင် သူမရဲ့ သွေးသားကို ဆုံးရှုံးရအောင် လုပ်တယ်လို့ မမ ပြောချင်တာလား။"
ဒီလို သနားစရာကောင်းတဲ့ ပုံပေါ်နေတဲ့ မိန်းမလှလေးကို မြင်တော့ ရွှမ်းလီက နှစ်သိမ့်လိုက်တယ်။
"ဒုတိယသခင်မလေး ကျေးဇူးပြုပြီး အရမ်းဝမ်းနည်းပါနဲ့။"
ကျန်းယွမ်က မေးခွန်းတစ်ခုနဲ့ ပြန်ဖြေလိုက်တယ်။
"ဘာလို့ အဲဒါက မဖြစ်နိုင်တာလဲ။"

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now