part 77(1)

2.9K 315 5
                                    

unicode

Part 79

အခန်း - ၇၇ အပိုင်း (၁)

တစ်လနီးပါးရှိပြီး ဖြစ်ပေမဲ့ ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်က မိုးရွာတာ ရပ်မယ့်ပုံမပေါ်ဘူး။  လယ်ကွက်တွေ အများကြီးက ရေမြုပ်သွားပြီးတော့ ဆန်တွေက ဈေးတက်လာတယ်။  ဆန်ကွဲတွေတောင်မှ ဈေးတက်လာပြီဖြစ်တယ်။  အကုန်လုံးအတွက် စားနပ်ရိက္ခာတွေ အတွက် မလုံမလောက်ဖြစ်လာတယ်။  ချမ်းသာပြီး မြို့တော်အပြင်ကနေ ဝယ်နိုင်တဲ့သူတွေကလွဲပြီးတော့ သာမာန်လူတန်းစားတွေက သူတို့ နေ့ရက်တိုင်းကို ဆာလောင်စွာနဲ့ ဖြတ်သန်းခဲ့ကြရတယ်။ အဲ့မှာ ထမင်းတစ်နပ်တောင် မစားနိုင်တဲ့ လူတွေလည်း ရှိတယ်။  လူတွေက ဒီနွေဦးမိုး မြန်မြန်တိတ်ဖို့ကို စုတောင်းနေကြပေမဲ့ မိုးကောင်းကင်က လူတွေရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးခဲ့ဘူး။  ပြီးတော့ မိုးကလည်း ရွာတာ ရပ်မယ့်ပုံ မပေါ်ဘူး။

ကျန်းချွမ်က သီးသန့်ဘုရားကျောင်း ကိစ္စနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အစီအစဉ်ချပြီးပြီဖြစ်ပြီးတော့ ကျန်းစုစုကို နောက်ထပ်ရက်နည်းနည်း ကြာရင် ခေါ်သွားမှာဖြစ်တယ်။  ရှယန်နဲ့ကျန်းချောင်က သူ့ကို မလုပ်ဖို့ ဖျောင်းဖျကြပေမဲ့လည်း ကျန်းချွမ်က ဆုံးဖြတ်ပြီးပြီဖြစ်တယ်။  ရှမိသားစုက ရှကျွမ်းက ကျန်းစုစုအတွက် ကြားဝင်မပေးတော့ ဒီကိစ္စက အစီအစဉ်အတိုင်း ဆောင်ရွက်မှ ရမှာဖြစ်တယ်။ 

မျှော်လင့်ထားတဲ့အတိုင်းပဲကျန်းသခင်မကြီးရဲ့ မွေးနေ့ပွဲပြီးတော့ တစ်မြို့လုံးက ကျန်းမိသားစုရဲ့ ကောလဟာလတွေအကြောင်းကို ပြောတာက နှောင့်နှေးသွားကြတယ်။  ထိပ်ဆုံးက ကောလဟာလက တာအိုဆရာ ရှူကုန် ပြောတဲ့ သူမ ငယ်ငယ်တုန်းက သူမကို ကျိန်စာသင့်တယ်ဆိုပြီး မှားယွင်းတဲ့ ဟောပြောချက်ဖြစ်တယ်။  ရလာဒ်အနေနဲ့ ကျန်းယွမ်က ကျေးလက်ကို အပို့ခံလိုက်ရပြီးတော့ ငါးနှစ်လောက် မလိုအပ်တဲ့ ကံဆိုးမှုအတွက် ခံစားလိုက်ရတယ်။  သေချာတာကတော့ မြို့တော်အတွင်းမှာ အထက်တန်းစားတွေက ကန်းနေတာ ဒါမှမဟုတ် နားကန်းနေတာ မဟုတ်ဘူး။  သူတို့တွေက ဒီဇာတ်လမ်းကို နားလည်ဖို့အတွက်ကို ထက်မြက်တယ်။  လိမ္မာပါးနပ်ပြီးတော့ အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတဲ့ ရှယန်ရဲ့ ဂုဏ်သတင်းကို အခုအချိန်မှာ ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီဖြစ်တယ်။  ကျန်းယွမ်ရဲ့ မနေ့က စွမ်းဆောင်မှုအပေါ် အခြေခံပြီး သူမရဲ့ စိတ်နေစိတ်ထားကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူးဆိုတာ ထင်ရှားတယ်။  အခုတော့ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်က လူတွေက ကျန်းမိသားစုရဲ့ အကြီးဆုံးသမီးက လျှော့တွက်သင့်တဲ့သူ မဟုတ်ဘူးဆိုတာ သိသွားကြပြီ။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now