part 93(1)

2.5K 297 8
                                    

Unicode
မုန်းမာန်ဖွဲ့ရန်ငြှိုး

Part 109

အခန်း - ၉၃ အပိုင်း(၁)

လှိုဏ်ဂူထဲက အလင်းရောင် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတယ်။ ဘေးပတ်ဝန်းကျင်က အနုစိတ်မဟုတ်ပေမဲ့ မီးရောင်က မြင်ကွင်းကို တစ်နည်းနည်းနဲ့ သာယာစေတယ်။
ခြုံတွေကို လှိုဏ်ဂူအဝမှာ အေးစက်တဲ့လေတွေ မတိုးအောင် တင်းကျပ်စွာ ပိတ်ထားတယ်။ ကျန်းယွမ်က မီးပုံရှေ့က ကျောက်တုံးကို မှီလိုက်ပြီးတော့ ပင်ပန်းနွမ်းနယ်မှုကြောင့် သူမရဲ့ မျက်လုံးတွေကို မှိတ်လိုက်တယ်။

ဒီလို ဖိစီးတဲ့အချိန်မှာ သူတို့က တစ်သီးတစ်ခြား နေနေတဲ့ ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ပဲ။ သူမက ရှောင်ရှို့ သူမကို တစ်ခုခုလာလုပ်မှာကို နည်းနည်းလေးမှ စိတ်မပူခဲ့ဘူး။ သူမရဲ့ အရင်ဘဝမှာ သူက တည်ငြိမ်ပြီး သီးသန့်နေပြီးတော့ မိန်းမတွေရဲ့ ဆွဲဆောင်မှုကို ဂရုမစိုက်ဘူး။ ရွှမ်းလီက သူ့ကို လှပတဲ့ မိန်းမတွေ အများကြီး လက်ဆောင်ပေးပြီးတော့ စည်းရုံးပေမဲ့ အဆုံးမှာတော့ အောင်မြင်မှုမရဘဲ ပြန်လာခဲ့ရတယ်။ ဒါ့အပြင် လက်ရှိမှာ သူမက ငယ်သေးပြီးတော့ သူမက ဒီလို သနားစရာကောင်းတဲ့ အခြေအနေမှာ ရှိနေကြီးတော့ ဒီလို အခြေအနေရှိနေတဲ့ သူမအပေါ်ကို အကွက်ရွှေ့ဖို့ ဆုံးဖြတ်ရင် သူက ကန်းနေလို့ပဲ ဖြစ်ရမယ်။

ရှောင်ရှို့ရဲ့ ဆေးကို သုံးပြီး တစ်ခုခု စားပြီးတဲ့ အချိန်မှာ သူမရဲ့ ခန္ဓာကိုယ်က နွေးထွေးလာတယ်။ တစ်နေ့လုံး လှုပ်ရှားပြီးတော့ သူမက တကယ်ပဲ မောပန်းနေပြီဖြစ်တယ်။ ဒါ့ကြောင့် သူမက မအိပ်ဘဲ မနေနိုင်ခဲ့ဘူး။
သူမ မအိပ်ခင်မှာ သူမက သူမ ရှောင်ရှို့ကို မေးခဲ့တဲ့ မေးခွန်းနဲ့ သူ ဘယ်လိုပြန်ဖြေ ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားနေတယ်။

သူက ပြောခဲ့တယ်။

“မင်း ကိုယ့်ကို ကယ်ခဲ့လို့ပဲ။”
“ဒါဘာကို ဆိုလိုတာလဲ။”

ကျန်းယွမ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်။ မီးပုံကို ငေးနေတဲ့ လူငယ်က အတွေးထဲမှာ နစ်မြောနေပြီးတော့ သူမကို ခဏလောက် ကြည့်ပြီး လေးလေးနက်နက် စဉ်းစားနေတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးDove le storie prendono vita. Scoprilo ora