part 92(1)

2.5K 299 3
                                    

Unicode

မုန်းမာန်ဖွဲ့ရန်ငြှိုး

Part 107

အခန်း - ၉၂ အပိုင်း(၁)

ကျောက်စိမ်း ဒိုင်လျှံဟွ ပယင်းနားကပ်လေးက မြေပြင်ပေါ်မှာ ကျနေတယ်။ ပိုင်ကျီက အဲဒါကို ကောက်တော့မလို့ပဲ။ ဒါပေမဲ့ ရှောင်ရှို့က အရင်ကောက်လိုက်တယ်။ ပိုင်ကျီရဲ့ လက်တွေက တုန်လှုပ်နေပြီးတော့ သူမရဲ့ အသံက သံသယရှိမှုနဲ့ ရောနေပြီးတော့ သူမမေးလိုက်တယ်။
“ဘာလို့ ရှင့်ဆီမှာ ကျွန်မ သခင်မလေးရဲ့ နားကပ်ရှိနေတာလဲ။”
ရှောင်ရှို့က အံ့အားသင့်သွားပုံပေါ်တယ်။
“ကျန်းယွမ်ရဲ့ နားကပ်လား။”
“ဒါ ကျွန်မသခင်မလေးရဲ့ နားကပ်။”
ပိုင်ကျီက ပြောလိုက်တယ်။
“အဲဒါက ပျောက်သွားတာ နှစ်တော်တော်ကြာနေပြီ။ ရှင့်ဆီကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ။”
ရှောင်ရှို့က သူ့ကို တောင့်တောင့်ကြီး ကြည့်နေတဲ့ ရဲ့ဖန်းကို လှည့်ကြည့်လိုက်တယ်။
ကျောက်ယွမ်ဖန်းနဲ့ တခြားသူတွေကလည်း သူ့ကို ခေါင်းခြောက်သလို ကြည့်နေကြတယ်။ ရှောင်ရှို့က ချောက်ကမ်းပါး အစွန်းကို သွားပြီးတော့ တခြားသူတွေ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ပဲ။ သူ့ရဲ့ ဝတ်ရုံ အစွန်းကို မပြီးတော့ ရှေ့ကို ကျွမ်းထိုးပြီး ခုန်ချသွားတယ်။ သူလှုပ်ရှားတာ မြန်လွန်းလို့ ဘယ်သူကမှ သူ့ကို အချိန်မှီ မတားလိုက်နိုင်ဘူး။ ရဲ့ဖန်းက အော်ချိန်ပဲ ရလိုက်တယ်။
“သခင်”
မြူခိုးနဲ့ တိမ်တွေက ရှူရီချောက်ကမ်းပါးနားမှာ ပတ်ပတ်လည်ဝိုင်းနေတယ်။ ဒီတိတ်ဆိတ် ငြိမ်သက်တဲ့နေရာမှာ တောင်ကျချောင်းတွေနဲ့ ထူထပ်တဲ့ တောအုပ်ကိုပဲ တွေ့နိုင်တယ်။ ဒါပေမဲ့ အဆုံးမသတ်နိုင်တဲ့ အန္တရာယ်တွေလည်း ရှိပုံပေါ်တယ်။
ရဲ့ဖန်းက ချောက်ကမ်းပါးအစွန်းကို ပြေးသွားလိုက်ပြီးတော့ သူ့မျက်နှာပေါ်မှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတဲ့ ပုံစံပေါ်နေတယ်။ ခဏလောက်လန့်သွားပြီးတော့ ကွမ်လင်းဟန်က စိတ်ငြိမ်သွားပြီးတော့ ရဲ့ဖန်းဆီသွားပြီးတော့ သူ့ရဲ့ ပခုံးကို ပုတ်လိုက်တယ်။ သူက ပြောလိုက်တယ်။
“ရှောင်ရှို့ရဲ့ ကိုယ်ခံပညာက ထူးခြားတယ်။ တကယ်လို့ သူက သူ အောင်မြင်နိုင်မယ်လို့ သေချာပေါက် မထင်ရင် သူက အဲ့လိုလုပ်မှာမဟုတ်ဘူး။ မင်းအရင် ပြန်နှင့်ပါ့လား။ ကျောက်လူကြီးမင်းနဲ့ ငါ အတူတူ ဆက်ပြီးတော့ အလုပ်လုပ်ပြီးတော့ စစ်သားတွေနဲ့ အောက်ကို သွားပြီးတော့ သူတို့ကို သွားရှာလိုက်မယ်။”
သူလည်း လန့်သွားပြီး ဘာလို့ ရှောင်ရှို့က မမျှော်လင့်စွာ ချောက်ကမ်းပါးအစွန်းကနေ ခုန်ချသွားလဲ ဆိုတာ ဦးနှောက်ခြောက်သွားပေမဲ့ အဲ့သူ့ရဲ့ တပည့်ငနဲက ဘယ်တုန်းကမှ တဇွတ်ထိုးလုပ်တတ်တဲ့ ကောင်မဟုတ်ဘူးဆိုတာ သူသိတယ်။ ဒါ့ကြောင့် သူဒီလို လုပ်တာ အကြောင်းတစ်ခုခု ရှိကို ရှိရမယ်။
ရဲ့ဖန်းက ကွမ်လင်းဟန်ပြောတာကို နားထောင်ခဲ့တယ်။ ရှောင်ရှို့ရဲ့ ကိုယ်ခံပညာရဲ့ အတိုင်းအတာကို သိပြီးတော့ ရှောင်ရှို့အပေါ်ကို ဘာမှကျရောက်မှာ မဟုတ်တာကို ယုံကြည်ခဲ့တယ်။ ဒါ့ကြောင့် သူက သူ့ရဲ့ အသိစိတ်ပြန်ဝင်လာပြီးတော့ ကွမ်လင်းဟန်ရဲ့ ဘေးကို ပြန်သွားလိုက်တယ်။ ပိုင်ကျီဘေးကနေ ဖြတ်သွားရင်း သူက သူမကို စိတ်ရှုပ်တဲ့အကြည့် မပေးဘဲ မနေနိုင်ခဲ့ဘူး။
ပိုင်ကျီက ကွမ်းလင်းဟန် ရှာဖို့အကြောင်းပြောတဲ့ အချိန်မှာ သူမ သက်ပြင်းချလိုက်ပြီးတော့ မြေပြင်ပေါ်မှာ သတိမေ့နေပြီး လဲနေတဲ့ လန်ချောင်ကို အမြန်သွားစစ်ဆေးတယ်။ သူမရဲ့ သံသယရှိမှုက သူမကို ဖိစီးနေတယ်။
“ကျင်းရင်းဝမ်နဲ့ ကျန်းယွမ်တို့က ဘယ်လိုနည်းနဲ့မှ အဆက်အစပ်မရှိကြဘူး။ ဒီတော့ ဘာလို့ သူက ဒါကို သယ်နေတာလဲ။ အဲ့ကျောက်စိမ်းတိုင်လျှံဟွက ကျောက်မိန်ရဲ့ အကြိုက်ဆုံး နားကပ်တွေဖြစ်ပြီးတော့ သူမက အဲဒါတွေကို သူမလက်ထပ်ခဲ့ပြီးတော့ ဗိုလ်ချုပ်အိမ်တော်ကနေ ထွက်လာခဲ့တဲ့အချိန်တုန်းက ယူခဲ့တာဖြစ်ပြီးတော့ သူမက အမြဲတမ်း အဲ့နားကပ်တွေကို သဘောအကျဆုံးဖြစ်ခဲ့တယ်။ လုပ်ထားတဲ့ ပုံစံက လှပပြီးတော့ ကုန်ကြမ်းပစ္စည်းတွေက ရဖို့ ခက်ခဲတယ်။ ကျန်းယွမ် ကြီးလာတော့ ကျောက်မိန်က အဲ့နားကပ်တစ်စုံကို ကျန်းယွမ်ကို ပေးခဲ့ပြီးတော့ ကျန်းယွမ်က အဲဒါတွေကို တစ်ချိန်လုံးဝတ်ထားခဲ့တယ်။ နောက်တော့ အကြောင်းအရင်းတချို့ကြောင့် အဲဒါတွေက ပျောက်သွားတယ်။ သူမ တစ်ခုတည်းနဲ့ ပြန်လာခဲ့တယ်။ သူမက နားကပ်တစ်ဖက်တည်း မဝတ်သင့်တော့ သူမက ချွတ်ထားရတယ်။ အဲဒါက ကျောက်မိန်ရဲ့ ပစ္စည်းမို့လို့ ကျန်းယွမ်က သေတ္တာသေးသေးလေးထဲမှာ ထည့်ထားပြီးတော့ သူမပုံမှန် သန့်ရှင်းရေးလုပ်ဖြစ်တယ်။
လက်ရှိမှာ အဲ့ဟာက သေတ္တာထဲမှာ ရှိနေတုန်းပဲဖြစ်ပေမဲ့ တခြားတစ်ဖက်က ရှောင်ရှို့ဆီမှာ ရှိနေတယ်။ ဘာလို့လဲ။”
ပိုင်ကျီက ဘာမှထပ်တွေးလို့ မရဖြစ်နေတယ်။
နောက်ထပ် ဘာမှ ဆက်စပ်လို့ မရဖြစ်နေတဲ့ နှစ်ယောက်ရှိသေးတယ်။ ကျောက်ယွမ်ဖန်းနဲ့ ကျောက်ရီတို့ဖြစ်တယ်။ သူတို့ရဲ့ မျက်လုံးထဲမှာတော့ ရှောင်ရှို့က ကျန်းယွမ်ကြောင့် ချောက်ကမ်းပါးထဲကို ခုန်ချသွားတာဖြစ်တယ်။ ဒါပေမဲ့ ရှောင်ရှို့ရဲ့အကျင့်နဲ့ ရင်းနှီးတဲ့သူတွေကတော့ သူက ဆန့်ကျင်ဘက်လိင်ကို ခံစားချက်မရှိတဲ့ သူဆိုတာ သေချာနေကြတယ်။ ကြည့်ရတာ ရှောင်ရှို့နဲ့ ကျန်းယွမ်ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပုံ ပေါ်ပေမဲ့ ကျန်းယွမ် အစေခံရဲ့ မျက်နှာပေါ်က မျက်နှာထားက သံသယတွေ အများကြီး ဖြစ်ပေါ်စေတယ်။
ဒါပေမဲ့ သံသယတွေနဲ့ သူတို့က အဲ့နှစ်ယောက်ကို ဆက်ပြီး ရှာနေကြတုန်းဖြစ်တယ်။ ကျောက်ယွမ်ဖန်းက လက်ခါပြလိုက်ပြီး ပြောလိုက်တယ်။
“ငါ လီအန်းကို ခေါ်လာပြီးတော့ ချီလဲ့စစ်တပ်ဆီကနေ ဖမ်းထားတဲ့ သူတွေကို မြို့တော်ကို ပြန်ခေါ်လာခဲ့မယ်။ ရီအာ မင်း ကွမ်လင်းဟန်နဲ့ နေခဲ့လိုက်ပြီးတော့ ကျန်းယွမ် ရှိနိုင်မယ့်နေရာတွေကို ရှာထား။”
အတွေးတချို့ တွေးပြီးတော့ သူက လေးလံတဲ့ လေသံနဲ့ ထပ်ပြောလိုက်တယ်။
“မင်းသူမကို ရှာနိုင်မှ ဖြစ်မယ်။”
ကျောက်မိသားစုက ကျန်းယွမ်ကို ခဏလေးပဲ သိပေမဲ့ ကျောက်မိသားစုက သူမကို ဗိုလ်ချုပ်အိမ်တော်က မိန်းမပျိုလေးအဖြစ် တကယ်ပဲ သတ်မှတ်ထားပြီးပြီဖြစ်တယ်။ သူမရဲ့ ဦးလေးအနေနဲ့ သူက လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ စိတ်ဖိစီးမှုတွေ အများကြီး ခံစားရပြီးပြီဖြစ်ပြီးတော့ တကယ်လို့ ကျန်းရှင်းကျီသာ ရှာတွေ့သွားရင်…. ကျောက်ယွမ်ဖန်း ခေါင်းခါလိုက်ပြီးတော့ စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီးတော့ နောက်ထပ် ဖရိုဖရဲဖြစ်ဦးမှာကို စိုးရိမ်သွားတယ်။
* * *
တောတောင်နက်ထဲမှာ မတ်စောက်တဲ့ ချောက်ကမ်းပါးတွေက ကျန်တဲ့ မြေမျက်နှာသွင်ပြင် ပေါ်မှာ မူတည်တယ်။ တောင်အလယ်မှာ နှင်းတွေက အရည်မပျော်သေးဘူး။ နှင်းတွေနဲ့ ရေခဲပုံတွေက တစ်ပေလောက် မြင့်နေတယ်။ ခြေလှမ်းတိုင်းမှာ သူ့ရဲ့ ခြေထောက်က နှင်းထဲကို နစ်ဝင်သွားပြီးတော့ အအေးဒဏ်က သူ့ရဲ့ အရိုးတွေကို အပ်နဲ့ ထိုးနေသလို ထိုးနှက်တယ်။
မိုးက မရပ်မနား ရွာသွန်းလာပြီးတော့ ရေခဲလိုမျိုး လေကလည်း ပိုပြီးအေးလာသလို သူ့ရဲ့ ခန္ဓာကိုယ်ကလည်း ပိုပြီး အေးလာတယ်။
ကျန်းယွမ် မတ်စောက်ပြီး မညီညာတဲ့ ချောက်ကမ်းပါးရဲ့ ချိုင့်ဝှမ်းကြမ်းပြင်ပေါ်မှာ လျှောက်နေတယ်။ ရွံ့တွေနဲ့ နှင်းတွေက သူမရဲ့ အဝတ်တွေပေါ်မှာ ပေကျံနေပြီးတော့ သူမရဲ့ အဝတ်တွေက ညစ်ပတ်နေပြီးတော့ သူမက သူမရဲ့ အရမ်းဝမ်းနည်းစရာကောင်းတဲ့ ပုံစံကို ဖုံးကွယ်ထားတယ်။ သူမ သူမရဲ့ ချောက်ချားဖွယ်ဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ဆက်ပြီးတော့ လျှောက်နေပြီးတော့ ခပ်လှမ်းလှမ်းမှာ လှိုဏ်ဂူငယ်လေးကို တွေ့မှပဲ ရပ်တော့တယ်။
သူမက သူမရဲ့ အဝတ်တွေကို  တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီးတော့ လှိုဏ်ဂူအဝကို ရှာနေပြီးတော့ နောက်ဆုံးမှာ ရှာတွေ့သွားပြီးတော့ ဝင်လိုက်တယ်။ လှိုဏ်ဂူက သိပ်မကျယ်ဘူး။ အဝင်ဝမှာ အေးစက်တဲ့ လေပြင်းကို ကာရုံမျှပဲ တတ်နိုင်တဲ့ ထူထပ်တဲ့ ခြုံတွေရှိတယ်။
ကောင်းကင်က မှောင်မိုက်လာတာနဲ့ ကျန်းယွမ်က လှိုဏ်ဂူဝင်ပေါက် အနောက်မှာ ထိုင်ချလိုက်ပြီး နံရံကို မှီလိုက်ပြီး သက်ပြင်းချလိုက်တယ်။ ပြီးတော့ သူမက သူမရဲ့ အင်္ကျီလက်ကို မလိုက်တော့ သူမရဲ့ ပုခုံးပေါ်က အနာက ပေါ်လာတယ်။
သူမရဲ့ အဝတ်တွေကလုံးဝရွှဲနစ်နေပြီးတော့ သူမရဲ့ လက်မောင်းတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ထားပြီးတော့ အဲ့မှာ သွေးနံ့ထွက်နေတယ်။ သူမ အဝတ်စကို ဆွဲလိုက်တာနဲ့ အသားစကို ဆွဲဖြဲလိုက်သလို အသံထွက်ပေါ်လာပြီးတော့ သူမရဲ့ သွေးနဲ့ ကပ်နေတဲ့ အဝတ်က ဖြည်းညင်းစွာ ကွာကျလာပြီးတော့ အောက်က အနာက ဖြည်းညင်းစွာ ထွက်ပေါ်လာတယ်။
အဲဒါက နက်နဲတဲ့ ဒဏ်ရာဖြစ်ပြီးတော့ ဒဏ်ရာက အသားစက ထွက်နေတယ်။ သူမက သူမ ပြုတ်ကျတုန်းက ချွန်ထက်တဲ့ သစ်ကိုင်းတွေ ခြစ်တာခံခဲ့ရတယ်။ သူမက ဆေးတချို့ကို သယ်ခဲ့ပေမဲ့ အဲဒါတွေက အခု ဘယ်ရောက်ကုန်မှန်း သူမ မသိခဲ့ဘူး။ သူမ တောင်စောင်းကနေ ပြုတ်ကျတုန်းက လွင့်ကျသွားခဲ့တာ ဖြစ်နိုင်တယ်။
ကျန်းယွမ်က အနာကို အေးစက်တဲ့ လေထုထဲမှာ ဖော်လိုက်ပြီးတော့ လှိုဏ်ဂူဝကို ငေးကြည့်နေရင်း အတွေးထဲမှာ နစ်မျောနေတယ်။
ရှူရီချောက်ကမ်းပါးရဲ့ မြေမျက်နှာသွင်ပြင်က ဘူးသီးခြောက်အဝကို စစ်မဟာဗျူဟာနဲ့ ပတ်သက်တဲ့ နေရာအဖြစ် ပြုလုပ်ထားတယ်။ အဲ့နေရာက ချောက်ကမ်းပါးကနေ တိမ်တွေကို ကြည့်ရင် အရမ်းကြည်နူးဖွယ်ရာ ကောင်းပြီးတော့ အထူးသဖြင့် နွေဦးရဲ့ နံနက်စောစောမှာဆိုရင် တိမ်တွေနဲ့ မြူတွေက မပျောက်ကွယ်သေးဘူး။ နေရောင်ထွက်ပေါ်လာတာကို ချောက်ကမ်းပါးပေါ်ကနေ ရပ်ကြည့်ရင် နေရောင်ရဲ့ နှင်းဆီရောင်အလင်းတန်းက ကောင်းကင်ကို ဖြတ်ပြီး ထွက်ပေါ်လာနဲ့ မိုးရေက ရေငွေ့အဖြစ် အငွေ့ပြန်ပြီးတော့ ပန်းတွေနဲ့ သစ်ပင်တွေက လေထုကို သန့်စင်ပေးနေတာက အဲဒါက တကယ်ပဲ ကမ္ဘာပေါ်က သုခဘုံပဲ။
သူမရဲ့ အတိတ်ဘဝမှာ ရွှမ်းလီက သူမကို ဒီကို နေထွက်တာကို ကြည့်ဖို့ တစ်ခါ ခေါ်လာခဲ့သေးတယ်။
သူမ ဒီမြင်ကွင်းရဲ့ လှပမှုကြောင့် အံ့အားသင့်နေတဲ့ အချိန်မှာ ရွှမ်းလီက သူမရဲ့ ခါးကို ဖက်ထားပြီးတော့ သူမနဲ့ အတူ ခုန်ချလိုက်တယ်။ သူမက အော်နေပေမဲ့ ရွှမ်းလီရဲ့ တောက်ပတဲ့ ရယ်သံကို သူမ ကြားခဲ့ရတယ်။ ဒီတော့ ဒီကျယ်ပြန့်တဲ့ ကမ္ဘာကြီးထဲမှာ ကျယ်ကျယ်ပြန့်ပြန့် သိတဲ့သူတွေ ရှိသေးတာပဲ။ ရှူရီချောက်ကမ်းပါးအောက်မှာ ဒီလို ရှူခင်း ရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ တိမ်တွေနဲ့ မြူခိုးတွေ ဖုံးကွယ်နေတဲ့အောက်မှာက ရွံစရာကောင်းတဲ့ အပျက်အစီးတွေ မဟုတ်ဘဲ ချောမွေ့ပြီး သိမ်မွေ့တဲ့ ဆင်ခြေလျှောဖြစ်နေတယ်။ တကယ်လို့ တစ်ယောက်ယောက်က ချောက်ကမ်းပါးကနေ ခုန်ချလိုက်ရင် သူက ဒီကျောက်တုံး ကြမ်းပြင်ကို ဖြတ်လမ်းကနေ ရောက်လာမှာဖြစ်တယ်။
သူမက ရွှမ်းလီနဲ့ ကုန်ဆုံးခဲ့တဲ့ မိနစ်တိုင်း စက္ကန့်တိုင်းကို အမြဲတမ်း ချစ်ခင်မြတ်နိုးခဲ့တာဖြစ်တယ်။ အထူးသဖြင့် ဒါက သူမ နန်းတော်ထဲကို ဝင်ခဲ့ပြီးမှ ဖြစ်တာဖြစ်ပြီးတော့ သူမက လှပတဲ့ သဘာဝရှူခင်းတွေကို အချိန်တိုင်း အချိန်တိုင်း ထပ်တလဲလဲ ပြန်လည် အမှတ်ရနေမှာဖြစ်တယ်။ သူမက ရှူရီချောက်ကမ်းပါးရဲ့ မြေမျက်နှာသွင်ပြင်တွေကို တခြားသူတွေထက် ပိုပြီးတော့ သိတယ်။
ဒါ့ကြောင့် သူမက တုံ့ဆိုင်းခြင်း မရှိဘဲ တောင်ကုန်းပေါ်ကနေ တိမ်တွေကို ဖြတ်ပြီးတော့ ခုန်ချခဲ့ပြီးတော့ ကျောက်တုံး ကြမ်းပြင် ပေါ်ကိုကျခဲ့တာဖြစ်တယ်။ ပြီးတော့ သူမက သူမရဲ့ မှတ်ဉာဏ်ထဲက လမ်းကြောင်းအတိုင်း လိုက်ပြီးတော့ အောက်ကို ဆက်ဆင်းသွားတာဖြစ်တယ်။
စစ်သားတွေက ချောက်ကမ်းပါးကနေ တစ်ခြားနေရာတွေကို ဆင်းမှာ ဖြစ်ပေမဲ့ ဒီကျောက်တုံးကြမ်းပြင်ကို မြင်မှာ မဟုတ်ဘူး။ သူတို့က သူမကို ချောက်ကမ်းပါးရဲ့ အောက်ခြေမှာပဲ သူမရဲ့ နာမည်ကို အော်ခေါ်ပြီးတော့ ရှာကြမှာဖြစ်တယ်။
သူမက သူမရဲ့ ဂါဝန်ကို အပိုင်းလေးဖြစ်အောင် ဖြဲပြီးတော့ သူမ လာခဲ့တဲ့ လမ်းတစ်လျှောက်က သစ်ကိုင်းတွေမှာ ချည်ခဲ့တယ်။ ဒါမှ ကျောက်မိသားစုက လူတွေက အဲ့သစ်ကိုင်းတွေကို တွေ့ရင် သူမကို ရှာနိုင်မှာဖြစ်တယ်။
သူမ ပင်ပန်းလို့ မျက်လုံး မှိတ်ထားလိုက်တယ်။ ကိုယ်ပိုင်စစ်တပ် ထောင်ခြင်း၊ ပုန်ကန်ဖို့ ကြိုးစားခြင်း၊ ဒီရာဇဝတ်မှုတွေ အကုန်လုံးကို ဦးဆောင်တဲ့အတွက် မဟာကောင်စီဝင်အိမ်တော်က ဘယ်တော့မှ ခွင့်လွှတ်ခံရမှာ မဟုတ်ဘူး။ ဒါ့အပြင် သူမ ပြုလုပ်ခဲ့တဲ့ အပြုအမူတွေက သံသယရှိဖွယ်ကောင်းလို့ သူမက လီအန်းက သူမကို ချောက်ကမ်းပါးကနေ ခုန်ချခိုင်းသလို ဟန်ဆောင်ခဲ့ရတယ်။ ဒီနည်းနဲ့ ရာဇဝတ်မှုတွေက တရားရုံးတော် အရာရှိရဲ့ မိသားစုတစ်ယောက်ကို သတ်ဖို့ လျှို့ဝှက်ကြံစည်တယ်ဆိုပြီး လီအန်းအပေါ်ကို ကျရောက်သွားမှာဖြစ်တယ်။ သူမအတွက်ကတော့ သူမက သူမကိုယ်သူမ ရှင်းရှင်းလင်းလင်းနဲ့ ရှင်းထုတ်နိုင်ပြီးတေ့ာ သံသယတွေ အကုန်လုံးကို ဖယ်ရှားပစ်နိုင်မှာဖြစ်တယ်။
သူမက အကုန်လုံးအတွက် လုပ်ခဲ့ပေမဲ့ သူမရဲ့ ခန္ဓကိုယ်က ဒီအချိန်မှာ လက်လျော့မယ်လို့ သူမ တွက်ချက်မှုတွေက မမျှော်လင့်ထားခဲ့လို့ လေတိုက်တာကနေ ရှောင်လွှဲဖို့ ပုန်းအောင်းဖို့နေရာ တစ်ခု ရှာဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး။
ငယ်ငယ်ကတည်းက သူမက အားနည်းပြီး မကြာခဏ နေမကောင်းဖြစ်ပြီးတော့ ကျန်းလန်နှိပ်စက်တာ ခံခဲ့ရပြီး လွန်ခဲ့တဲ့ နှစ်တွေက ကျေးလက်မှာ သူ့ရဲ့ မိသားစုရဲ့ နှိပ်စက်မှုကြောင့် ဒီအခြေအနေကို ပိုပြီး ဆိုးလာစေခဲ့တယ်။ နောက်ကျ ချန်ကျောက်ကြောင့် ရေထဲပြုတ်ကျခဲ့တဲ့ အချိန်တုန်းက နှင်းထဲကို မိုးသီးတွေ ထပ်ထည့်လိုက်သလိုပဲ။ ဒီဘဝမှာ သူမက အိမ်တော်ကို စောစောပြန်လာခဲ့ပြီးတော့ လန်ချောင်နဲ့ ပိုင်ကျီတို့က သူမကို အမြဲတမ်း ဂရုစိုက်နေကြတယ်။ ဒါ့ကြောင့် သူမရဲ့ ကျန်းမာရေးက အရင်ကထက် ပိုကောင်းလာသလိုပဲ။ ဒီနေ့ ဒီလိုမျိုး ဝရုန်းသုန်းကား အခြေအနေမျိုး ရောက်လာလိမ့်မယ်လို့ ဘယ်သူကသိမှာလဲ။ အထူးသဖြင့် ဒီလို အေးစက်ပြီး လေပြင်းတိုက်တဲ့ နေရာဖြစ်တယ်။ သူမက သူမရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းလာတာကို ခံစားနေရပြီဖြစ်ပြီးတော့ သူမကို လာကယ်မယ့် စစ်သားတွေကို စောင့်နေရင် သူတို့ မရောက်လာခင်မှာ သူမ သတိမေ့သွားမှာ စိုးရိမ်နေပြီးတော့ တောရိုင်းတိရိစ္ဆာန်တွေ ရောက်လာမှာလည်း စိုးရိမ်နေတယ်။
သူမက ဒီလှိုဏ်ဂူကို ရှာတွေ့ထားပြီး လေပြင်းနဲ့ အအေးဒဏ်ကနေ ခဏ ခိုလှုံနေလို့ရနေပေမဲ့ သူမရဲ့ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း အေးစက်လာတာကို သူမ ခံစားနေရသေးတယ်။ ဒါ့အပြင် သူမ ခန္ဓာကိုယ်ပေါ်က အဝတ်တွေက နှင်းနဲ့ မိုးကြောင့် စိုရွှဲနေပြီဖြစ်ပြီးတော့ သူမက သူမကိုယ်သူမ နွေးအောင်လုပ်ဖို့ ဘာမှမရှိဘူး။ တကယ်လို့ သူမက ဒီအေးစက်ပြီး စိုရွှဲနေတဲ့ အဝတ်တွေကို တစ်ညလုံးဝတ်ထားရင် သူမ ဘာဖြစ်သွားမလဲဆိုတာကို မသိဘူး။
ကျန်းယွမ် သူမ နှဖူးကို ပွတ်လိုက်ပြီးတော့ အပြင်ကို ထွက်ပြီးတော့ လှိုဏ်ဂူဝကို ပိတ်ဖို့ ကျောက်တုံးတချို့ သွားသယ်နေတဲ့ အချိန်မှာ သူမ ခြေလှမ်းတွေကို ကြားလိုက်ရတယ်။
သူမရဲ့ အမူအရာက ပြောင်းလဲသွားပြီးတော့ အပြင်က လှုပ်ရှားမှုကို ဂရုတစိုက် နားထောင်ရင်း မတ်တပ်ရပ်လိုက်တယ်။
ခြေလှမ်းတွေက ပေါ့ပါးပြီး အေးအေးဆေးဆေးဖြစ်ပြီး ဖြည်းဖြည်းမှန်မှန် ဖြစ်တယ်။ ဒါပေမဲ့ ဘာအော်သံမှ မရှိသလို တခြားဘာသံမှလည်း မရှိဘူး။ အဲဒါက စစ်သားတစ်ယောက် သူမကို ရှာနေတာမဖြစ်နိုင်ဘူး။ ကျန်းယွမ်ရဲ့ နှလုံးသားက တုန်လှုပ်သွားတယ်။ နောက်ကျနေပြီ သာမာန် သားကောင်က ဒီနေရာကို လာမှမဟုတ်ဘူး။ ဘယ်သူဖြစ်နိုင်မလဲ။
ခြေလှမ်းတွေက လှိုဏ်ဂူကို ဦးတည်လာနေတယ်။
ကျန်းယွမ်က သူမရဲ့ အင်္ကျီလက်ထဲကို နှိုက်လိုက်တယ်။ သူမ ကျန်းအိမ်တော်ကနေ မထွက်ခင်က ဖွက်လာတဲ့ ဓားမြှောင်က ရှိနေတုန်းပဲ။ သူမ အေးစက်နေတဲ့ ဓားမြှောင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ထားပြီးတော့ ခြုံတွေ နောက်မှာ ပုန်းနေရင်း လှိုဏ်ဂူဝကို စောင့်ကြည့်နေတယ်။
တစ်လှမ်းပြီး တစ်လှမ်း လှမ်းသံကို ကြားနေရပြီး သူမရဲ့ နှလုံးသားကို တုန်လှုပ်စေတယ်။
ခြေလှမ်းတွေက လှိုဏ်ဂူအဝကို ရောက်ခါနီးမှာ ရပ်သွားတော့ ကျန်းယွမ် သက်ပြင်းချလိုက်တယ်။
နောက်တစ်စက္ကန့်မှာပဲ ခြုံတွေက ဘေးကို တစ်ခုခု တိုးတာ ခံလိုက်ရပြီးတော့ ကျစ်လျစ်တဲ့ ပုံရိပ်တစ်ခု ပေါ်လာတယ်။
ကောင်းကင်က အုံ့မှိုင်းနေပြီးတော့ ညနေတောင် ရောက်နေပြီဖြစ်တယ်။ မထင်မရှားအလင်းရောင် အောက်မှာ သူ့ရဲ့ မျက်နှာက ကျန်းယွမ်ရဲ့ သူငယ်အိမ်ထဲမှာ ထင်ထင်ရှားရှား စွဲထင်နေတယ်။
အဲ့အချိန်အတွင်းမှာ သူတို့ အချင်းချင်း ကြည့်နေကြတယ်။ တစ်ယောက်က အံ့အားသင့်နေပြီး တခြား တစ်ယောက်က နည်းနည်း လန့်သွားတယ်။
ကျန်းယွမ်က သူ့ကိုပဲ စိုက်ကြည့်နေတယ်။ ရှောင်ရှို့က အနက်ရောင်ဝတ်ရုံနဲ့ သူ့ရဲ့ ရှည်လျားတဲ့ ပုံက ပိန်ပါးပြီး ကြော့ရှင်းတယ်။ သူ့ရဲ့ ထူးခြားတဲ့ အသွင်အပြင်က သူ့ရဲ့ သဘာဝအတိုင်း နူးညံ့သိမ်မွေ့တဲ့ စိတ်နေစိတ်ထားက မြှင့်တင်ပေးခဲ့တယ်။ ဒါ့ကြောင့် မှောင်မိုက်ညစ်ပတ်နေတဲ့ လှိုဏ်ဂူကို သူရောက်ရှိတာနဲ့ တောက်ပစေခဲ့တယ်။
ရှောင်ရှို့ကလည်း သူ့ကို ကြည့်နေတဲ့သူကို အကဲဖြတ်နေတယ်။ နက်မှောင်တဲ့ ဆံပင်တေွနဲ့ သူမ ခန္ဓာကိုယ်မှာ အဝတ်အစားတွေ တွယ်ကပ်နေတဲ့ မိန်းမပျိုလေးတစ်ယောက်။ သူမရဲ့ မျက်ဝန်းတစ်စုံက နိုးကြားမှုနဲ့ အံ့အားသင့်မှုတို့နဲ့ အတူ သူ့ကို ငေးကြည့်နေတယ်။ သူမက အမြဲတမ်း သိမ်မွေ့ပြီး တည်ငြိမ်ပြီးတော့ လူတွေကို ပြုံးပြီးတော့ ကြိုးကိုင်တတ်တယ်။ ဒီတော့ ဒါက သူ သူမကို သနားစရာကောင်းတဲ့ ပုံနဲ့ တွေ့ဖူးတာ ပထမဆုံးအကြိမ်ပဲ။
သူ့ခေါင်းထဲမှာ ဒီအတွေးတွေ တွေးနေတုန်းမှာ သူက လှိုဏ်ဂူထဲကို ခြေလှမ်းကျဲတွေနဲ့ လျှောက်လာတယ်။
“ရှောင်လူကြီးမင်း။”
ခဏကြာပြီးတော့ ကျန်းယွမ်က သတိပြန်ဝင်လာတယ်။ သူ့ကို ကြည့်ရင်းနဲ့ သူမ မေးလိုက်တယ်။
“ရှင်ဘာလို့ ဒီမှာ ရောက်နေတာလဲ။”
“နောက်ကျနေပြီ။ ဒီနေရာက ထွက်ရတာခက်တယ်။ မင်းရဲ့ ခန္ဓာကိုယ်ကလည်း အရမ်း အားနည်းနေတယ်။ မင်း သိပ်မလှုပ်ရှားသင့်ဘူး။ ဒီမှာ နေပြီးတော့ စစ်သားတွေကို စောင့်တာ အကောင်းဆုံးပဲ။”
ရှောင်ရှို့က တည်ငြိမ်စွာ ပြောလိုက်တယ်။
ကျန်းယွမ်က သူ့စကားတွေ နောက်က အဓိပ္ပာယ်ကို ကြားတော့ ရယ်လိုက်တယ်။
“ရှောင်လူကြီးမင်းက ကျွန်မကို ကယ်ချင်တာလား။”
ရှောင်ရှို့က နားလည်ရခက်ပြီးတော့ မတွေးတတ်အောင် ခက်ခဲနက်နဲလွန်းတဲ့အတွက် သူမက သံသယတချို့ ရှိနေတုန်းပဲ။ ဘယ်သူကမှ သူဘာတွေ တွေးနေလဲဆိုတာ မခန့်မှန်းနိုင်ဘူး။ အရင်တစ်ခေါက်က သူက ကျန်းစုစုကို ကူညီခဲ့ပေမဲ့ သူက အခုနောက်ပိုင်းမှာ သူမကို ခဏခဏ ကူညီခဲ့တယ်။ သူမက ဒါက ဘာကို ဆိုလိုတာလဲဆိုတာကို မတွေးနိုင်သေးဘူး။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now