Part 68(2)

3K 301 17
                                    

unicode
Part 63

အခန်း - ၆၈

အပိုင်း (၂)

အခန်းထဲကို ဝင်လိုက်တော့ မွှေးပျံ့တဲ့ရနံ့က သူ့နှာခေါင်းဝကို ရောက်လာတယ်။ သူက နေရာတိုင်းမှာ မြူတွေတွေ့နေရပြီးတော့ သေသေချာချာ မမြင်ရဘူး။ သူက စိုးရိမ်စွာနဲ့ ပြောလိုက်တယ်။

"မိန်းမလှလေး မင်းဘယ်ရောက်နေလဲ။ "

"အကြီးဆုံးသခင်လေးလီ သခင်လေးက စုအာကို ခြောက်နေတာပဲ။ "

ညင်သာတဲ့အသံက သူ့နားထဲကို ရောက်လာတယ်။ လီရန်ရဲ့ နှလုံးသားက တုန်လှုပ်နေတယ်။ ကျန်းစုစုရဲ့ လှပတဲ့ မျက်နှာလေးက သူ့ရဲ့မျက်စိရှေ့မှာ ပြန်ပေါ်လာတယ်။ သူက မူးမူးနဲ့ ဝမ်းသာလွန်းစွာနဲ့ သူမကို ချက်ချင်းဖက်ထားလိုက်တယ်။

"စုအာက အရမ်းအခြေအနေကို ဖန်တီးယူတတ်တာပဲ။ အဲဒါက ကိုယ့်ကို စိတ်လှုပ်ရှားစေတယ်။ "

အနီရောင်ဝတ်စုံနဲ့ မိန်းကလေးက သူ့ကို တည်ငြိမ်စွာနဲ့ လေ့လာနေတယ်။ လီရန်က သူ့ရဲ့ မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ထားပေမဲ့ သူမရဲ့ မျက်နှာက မှုန်မှုန်ဝါးဝါးဖြစ်နေတုန်းပဲ။ သူက သူမနားကို ကပ်ပြီးတော့ သူမကို နမ်းချင်နေတယ်။ မမျှော်လင့်စွာနဲ့ မိန်းကလေးက ရုတ်တရက် ရယ်လိုက်ပြီးတော့

"အကြီးဆုံးသခင်လေးလီ စုအာက သခင်ကြီးလေးအတွက် လက်ဆောင်ရှိတယ်။ "

လီရန်က ဒါကိုကြားတော့ သူ လူတွေအများကြီးနဲ့ ဆုံခဲ့ဖူးပေမဲ့ သူက ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ မိန်းမနဲ့ မတွေ့ဖူးဘူး။ သူမက နတ်သမီးလေးနဲ့ သိသိသာသာတူနေပေမဲ့ မကောင်းတဲ့ မိန်းမလို သူ့ကို လက်ဦးမှုယူနေတယ်။ သူ့ရဲ့ စိတ်ဝင်စားမှုက လျော့သွားတယ်။

"ဘယ်လိုလက်ဆောင်လဲ။ "

မိန်းကလေးက တိုးတိုးလေးပြောလိုက်တယ်။

"ဘာလက်ဆောင်လဲဆိုတော့ - ငရဲကို သွားတော့"

သူမအဲ့လိုပြောပြီးတာနဲ့ သူမက ရက်စက်စွာနဲ့ သူ့ကို အနောက်ကနေပြီးတော့ ပန်းအိုးနဲ့ ထုလိုက်တယ်။ ဒီမိန်းမလှလေးက ရုတ်တရက် အသက်တွေကို နှုတ်ယူတဲ့ မကောင်းဆိုးဝါးဖြစ်လာလိမ့်မယ်လို့ သူထင်မထားဘူး။ ဒါ့ကြောင့် အံ့အားသင့်သွားပြီးတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပြီး ချက်ချင်းပဲ သူ့ခေါင်းကနေ သွေးတွေ ပန်းထွက်လာတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က ပျော့ခွေပြီးတော့ လဲကျသွားတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now