part 71(1)

2.7K 300 9
                                    

unicode
Part 68

အခန်း -၇၁

အပိုင်း (၁)

မိုးဖွဲဖွဲလေးတွေက တစ်ညလုံး ရွာပြီးတော့ လွင့်စင်သွားတယ်။

မိုးလင်းတာနဲ့ အရာရှိအိမ်တော်က မြူတွေနဲ့ ဖုံးလွှမ်းသွားပြီးတော့ အနက်ရောင်တိမ်တွေက တစ်မြို့လုံးကို ဖျက်ဆီးတော့မလိုပဲ။ ခြံထဲက သစ်ကိုင်းတွေက ညက မိုးဒဏ်ကို ဖြတ်သန်းပြီးတော့ ပိုပြီး စိမ်းလန်းလာပြီးတော့ အစိုဓာတ် ပြည့်ဝလာတဲ့ပုံပဲ။

နွေဦးလေပြေထဲမှာ အေးစက်မှုတွေပါပြီးတော့ အစေခံတွေက စောစောထပြီးတော့ မအေးဘဲ မနေနိုင်ခဲ့ဘူး။ အစေခံတစ်ယောက်က ပြတင်းပေါက်တွေကို ဖွင့်ပြီဂ အပြုံးနဲ့ ပြောလိုက်တယ်။

"သခင်မလေး အချိန်ကျကာနီးပြီ။ "

စောင်ခြုံထားတဲ့သူက လက်ထုတ်လိုက်တယ်။ ထို သန့်စင်ပြီး ဖြူဖွေးပြီး အသားပြည့်ပြည့်လေးနဲ့ လက်မောင်းလေးက နူးညံ့ပြီး ချစ်စရာကောင်းတယ်။ ကြည့်လိုက်တာနဲ့ အဲ့လက်မောင်းလေးက ဖက်ထားချင်စရာကောင်းပြီးတော့ ဆွဲဆောင်မှုရှိတဲ့ အသားအရောင်ရှိတယ်။ ဒါပေမဲ့ သူမက ထလိုက်ပြီး သူမရဲ့ တစ်ဖက်ခြမ်းကို ပြလိုက်တဲ့အချိန်မှာ အမာရွတ်ရှည်ကြီးက ရုပ်ဆိုးပြီး ကင်းခြေများကြီးက တက်လာနေသလိုပဲ။

အစေခံမလေးတွေ မျက်နှာက ကျန်းစုစုက ထူးဆန်းတဲ့ မေးခွန်းတွေ မေးလို့ အံ့အားသင့်နေကြတယ်။

"မနက်တောင်ရောက်လာပြီလား။ "

သူမက ရယ်လိုက်ပြီး ရုပ်ဆိုးတဲ့ မျက်နှာက ချက်ချင်းပဲ ထူးဆန်းတဲ့ အပြုံးကို ဖော်ပြလိုက်တယ်။

"ငါ ပွဲကောင်းကောင်းကြည့်ဖို့ မစောင့်နိုင်တော့ဘူး။ "

ဟူတျဲက အဖြူရောင် ဘလောက်စ်က ဗီပုံစံ ကော်လာပေါ်မှာ ကျွဲခေါင်းသီးကို ရွှေရောင်နဲ့ ပန်းထိုးထားပြီးတော့ အဲ့ဘလောက် ဂါဝန်ပေါ်မှာ လျှို့ဝှက် ပုံစံသေးသေးလေးတွေ ပါတယ်။ ဂါဝန်ရှည်က မြေပြင်ကို ထိလုနီးပါးပဲ။ ပြီးတော့ အဝါရောင် ပန်းထိုးက ပန်းလေးတွေကို ဖြည့်ပေးတယ်။ သူမရဲ့ ခန္ဓာကိုယ်ပေါ်ကို ဝတ်လိုက်ပြီးတော့ အဲ့တာက သူမရဲ့ ရုပ်ရည်နဲ့ ဆန့်ကျင်ဘက် ဖြစ်ပြီးတော့ သူမကို ထူးဆန်းစွာ နားလည်လွယ်ပြီး ကြော့ရှင်းစေတယ်။ ဒီဝတ်စုံက သူမရဲ့ အနာအဆာရှိတဲ့ မျက်နှာကလွဲပြီး ကျန်တာတွေနဲ့ အကုန်လိုက်တယ်။ ကျင်းထင် သူမကို ပေးတဲ့ မျက်နှာလွှာဇာကို ကြည့်လိုက်တာနဲ့ ကျန်းစုစုရဲ့ မျက်ဝန်းထဲမှာ အမုန်းတွေထွက်ပေါ်လာတယ်။ ကျန်းစုစု မျက်နှာလွှားဇာကို သေချာအုပ်ပြီးတော့ သူမ တံခါးကို တွန်းလိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now