Part 108(2)

2.1K 230 0
                                    

Unicode
မုန်းမာန်ဖွဲ့ရန်ငြိုး

Part 140

အပိုင်း ၁၀၈(ခ)

နောက်နေ့ မနက်စောစောမှာ ကျန်းယွမ်က ကိုယ်လက်သန့်စင်နေတုန်းမှာပဲ ဟုန်ရင်းက ချောင်ယုချည်ကို သူမနဲ့ အတူယူလာပြီးတော့ ယွမ်ဂျူထဲကို ပြေးဝင်လာတယ်။ ရုတ်တရက် သတင်းကြောင့် သူမရဲ့ စိတ်က ဝမ်းနည်းပြီးတော့ သူမက အရမ်းစိတ်ပူနေတဲ့ပုံပဲ။ သူမအတွက် သာမာန်ထက်ပိုတဲ့ အရာတစ်ခု ဖြစ်ပေမဲ့လည်း သူမရဲ့ ပုံမှန် တည်ငြိမ်ပြီးတော့ အေးဆေးတဲ့ ပုံစံက မရှိတော့ဘူး။ ဆိုင်းမဆင့် ဘုံမဆင့်နဲ့ သူမက မေးခဲ့တယ်။
“အကြီးဆုံးသခင်မလေး ဘာတွေဖြစ်နေတာတုန်း။”
အရင်နေ့က သူမက တကယ်ပဲ အဲ့ချည်ကို ကြိုက်ခဲ့တာဖြစ်ပြီး သူမက သူမရဲ့ ခြံကို ပြန်ရောက်တာနဲ့ ဘာပုံစံထိုးရင်ကောင်းမလဲဆိုပြီး စစဉ်းစားခဲ့တာဖြစ်တယ်။ ဒါ့ကြောင့် သူမက ကျန်းယွမ်ရဲ့ အစေခံ ထျန်ကျူးက သူမဆီကို နောက်နေ့မှာပဲ လာပြီးတော့ ချည်က ဆေးစိမ်ခံထားရပြီးတော့ ကိုယ်ဝန်ပျက်ကျစေနိုင်တယ်လို့ လာပြောမယ်လို့ သူမ မထင်ခဲ့ဘူး။
ကျန်းယွမ်က သူမအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်တယ်။
“ငါးယောက်မြောက် ကိုယ်လုပ်တော် မစိုးရိမ်ပါနဲ့။ ကျွန်မလည်း ဒီလှည့်ကွက်မိသွားပါတယ်။”
သူမက သက်ပြင်းအရှည်ကြီး ချလိုက်ပြီးတော့ ဆက်ပြောတယ်။
“တကယ်လို့ အပျိုစင်တစ်ယောက်က ဒီဆေးပင်နံ့ကို ဆက်ပြီးရှူမိရင် အနာဂတ်မှာ သူမက…. ကိုယ်ဝန် လွယ်နိုင်မှာ မဟုတ်တော့မှာ စိုးတယ်။”
ဟုန်ရင်းက လန့်သွားတယ်။ ဒါက သူမ ဘယ်တုန်းကမှ မထင်မှတ်ထားတာ ဖြစ်တယ်။ သူမက ကျန်းယွမ်ကို တုံ့ဆိုင်းစွာနဲ့ ကြည့်လိုက်ပြီး မေးလိုက်တယ်။
“အကြီးဆုံးသခင်မလေး ဒီတော့ အခု သခင်မလေးက ဘာလုပ်မှာလဲဟင်။”
“ဘာလုပ်ရမလဲ ကျွန်မ သမားတော်နဲ့ ပြရုံပဲ ရှိတော့မှာပေါ့။”
ကျန်းယွမ်က ခေါင်းခါရင်း ပြန်ပြောလိုက်တယ်။
ဟုန်ရင်းက ပြောတယ်။
“ဒါက ဘယ်လိုလုပ်ပြီး….. အဲ့သခင်မက အကြီးဆုံးသခင်မလေးကို ဒီလောက်ထိ အန္တရာယ်ပေးခဲ့ပြီးတော့ ဒီကိုယ်လုပ်တော်ရဲ့ ဗိုက်ထဲက ကလေးကိုတောင် အန္တရာယ်ပြုခဲ့တယ်။ ဒီလိုလုပ်ရပ်မျိုးက တကယ့်ကို ယုတ်မာလွန်းပါတယ်။ ဒီနိမ့်ကျတဲ့ ကိုယ်လုပ်တော်က အစေခံတစ်ယောက်ဖြစ်ပေမဲ့ အကြီးဆုံးသခင်မလေးက တကယ် မြင့်မြတ်ပြီး သန့်စင်တဲ့သွေးဖြစ်ပြီးတော့ ကျန်းအိမ်တော်ရဲ့ အထင်ကြီးလောက်စရာကောင်းပြီး ဖြောင့်မတ်တဲ့ အကြီးဆုံးသမီးဖြစ်ပါတယ်။ ဘယ်လိုလုပ်ပြီးတော့ သခင်မက သခင်မလေးကို ဒီလိုလုပ်တာကို သည်းခံနိုင်ရတာ ပါလဲ။ မယ်တော်ယိတျယ်က သခင်မလေးက အရမ်းချစ်တာ။ တကယ်လို့ အကြီးဆုံးသခင်မလေးက ဒီအကြောင်းကို မယ်တော်ယိတျယ်ဆီကို သတင်းပို့ရင် သူမက သခင်မလေးအတွက် ဆုံးဖြတ်ချက်တစ်ခု ချပေးမှာ သေချာပါတယ်။”
ကျန်းယွမ်ရဲ့ နှုတ်ခမ်းလေးတွေ အပေါ်မှာ အပြုံးလေးတစ်ခုက ပေါ်လာပြီး သူမက ဟုန်ရင်းကို အကဲခတ်လိုက်တယ်။ ဟုန်ရင်းက အရူးမဟုတ်ဘူးပဲ။ သူမကလည်း ကျန်းယွမ်ကို ဘယ်လိုအသုံးချပြီး ရှယန်ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို တွေးပြီးပြီနေမှာ။ တကယ်ကြီးလား။ ဒီကမ္ဘာပေါ်မှာ အရမ်းသက်တောင့်သက်သာ ဖြေရှင်းနိုင်တာ ဘာမှမရှိဘူး။ ပြီးတော့ သူမက သူတောင်စင်မကြီးလဲ မဟုတ်ဘူး။ ဘာလို့ သူမက သူတို့ လမ်းမှာ ပိတ်နေတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးရမှာလဲ။
“ငါးယောက်မြောက်ကိုယ်လုပ်တော်က တကယ်ပဲ နန်းတွင်းကို သွားပြီး ဒီကိစ္စကို မယ်တော်ယိတျယ်ဆီ သွားပြီး တင်သွင်းတာက အကောင်းဆုံးအကြံလို့ ထင်နေတာလား.”
ကျန်းယွမ်က မေးလိုက်တယ်။
ဟုန်ရင်းရဲ့ နှလုံးသားက ရှုပ်ထွေးသွားတယ်။ သူမက ကျန်းယွမ်ရဲ့စကားတွေနောက်က ရည်ရွယ်ချက်ကို ရိပ်စားမိသွားတော့ သူမက ဖြေးညင်းစွာ မေးလိုက်တယ်
“ဒါက…. အဲဒါက မသင့်တော်ဘူး ဖြစ်သွားမလား။”
“ငါးယောက်မြောက် ကိုယ်လုပ်တော်က အခု အဲဒါကို တွေးပြီးပြီဖြစ်မှာပါ။ ဒီချောင်ယုချည်က သုံးရက်လောက် ရှူမိသွားရင် ကိုယ်ဝန်ပျက်ကျမှာ ဖြစ်တယ်။ ကိုယ်လုပ်တော်ကို အမှန်အတိုင်းပြောရရင် ကျွန်မရဲ့ ယွမ်ဂျူက တကယ်တော့ အရမ်း မသန့်ဘူး။ ဒါ့အပြင် ငါးယောက်မြောက်ကိုယ်လုပ်တော်က မနေ့က ချည်ကို ကိုယ်လုပ်တော်ရဲ့ ခြံထဲကို သယ်သွားတော့ လမ်းမှာ အစေခံ နည်းနည်းပဲ တွေ့မှာပါ။ ကျန်းအိမ်တော်က အရမ်းမကြီးဘူး။ ပြီးတော့ တကယ်လို့ ဒီကိစ္စသေးသေးလေးကို တစ်ယောက်ယောက်က သေချာစုံစမ်းရင် ရှာတွေ့နိုင်တယ်။ ငါးယောက်မြောက်ကိုယ်လုပ်တော် ကိုယ်ဝန်ရှိနေပေမဲ့ ချည်ကို ကိုယ်ဝန်ပျက်မကျဘဲ သယ်နေတာ။ သခင်မ သိသွားရင် သူမ ဘာတွေးမလဲဆိုတာ ဘယ်သူသိမှာလဲ။”
ဟုန်ရင်းက ခဏလောက် အံ့အားသင့်သွားတယ်။ ချက်ချင်းပဲ သူမက ကျန်းယွမ်ရဲ့ စကားတွေနောက်က ရည်ရွယ်ချက်ကို နားလည်သွားပြီးတော့ ကြက်သီးထသွားတယ်။
ကျန်းယွမ်က ဆက်ပြောတယ်။
“ကျွန်မက နန်းတွင်းထဲကို သွားပြီးတော့ မယ်တော်ယိတျယ်ကို သတင်းပို့တယ်ထားပါဦး။ သခင်မက သိသွားရင် သူမက အဖမ်းခံရမှာကို စောင့်နေမှာ မဟုတ်တာ သေချာတယ်။ သူမက ငါးယောက်မြောက်ကိုယ်လုပ်တော်ကို အရမ်းမုန်းတာ တကယ်လို့ သူမက သေရမယ်ဆိုရင်တောင် သူမက ကိုယ်လုပ်တော်ကို သူမနဲ့ အတူ ဆွဲခေါ်သွားမှာ။ အချိန်ကျရင် တော်ဝင်သမားတော်က လာဘ်ထိုးလို့ရတဲ့ သာမာန်လူမဟုတ်ဘူး. ပြီးတော့ သူက မူမမှန်တာကို ချက်ချင်းပဲ ဖော်ထုတ်မှာဖြစ်တယ်။ တကယ်လို့ ဒီလိုဖြစ်သွားရင် ငါးယောက်မြောက်ကိုယ်လုပ်တော်ကလည်း စိတ်ဆင်းရဲစရာ အဆုံးသတ်ကို ခံစားရမှာစိုးတယ်။ ကျွန်မက ဘာမှဆုံးရှုံးစရာ မရှိဘူး။ ပြီးတော့ တကယ်လို့ သခင်မက ကျွန်မကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဒုက္ခပေးချင်ရင် ပြန်ပြီးဒဏ်ခတ်စရာ တချို့ပဲရှိမှာ။ နောက်ဆုံးမှာ ငါးယောက်မြောက်ကိုယ်လုပ်တော်က ပင်ပင်ပန်းပန်း လုပ်ထားတာတွေကို အချဉ်းနှီးဖြစ်သွားအောင် လုပ်တော့မလို့လား။ ငါးယောက်မြောက် ကိုယ်လုပ်တော်က တကယ် အဲ့လိုဖြစ်စေချင်လား။”
စကားလုံးတိုင်းက သူမကကို ဖမ်းစားဖို့ ဂါထာရွတ်နေသလိုပဲ။ ဟုန်ရင်းက ရေရွတ်လိုက်တယ်။
“ကျွန်မ အဲ့လို မဖြစ်စေချင်ဘူး။ အဲ့လို မဖြစ်စေချင်ဘူး။”
ကျန်းယွမ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်တယ်။
ဟုန်ရင်းက ကျန်းယွမ်ကို ကြည့်လိုက်ပြီး ရုတ်တရက် သူမရဲ့ အင်္ကျီလက်ကို ဆွဲလိုက်တယ်။ သူမက ပြောတယ်။
“သခင်မလေး၊ သခင်မလေး ဒီကိုယ်လုပ်တော်ကို ကယ်ပါဦး။ ဒီကိုယ်လုပ်တော်က သခင်မရဲ့ လျှို့ဝှက်ကြံစည်မှုထဲကို သားကောင်ကျသွားသလို မဖြစ်ချင်ပါဘူး။ ဒီကိုယ်လုပ်တော်က ဒီအိမ်တော်မှာ အခြေလေးစိုက်ချင်တာပါ။”
နောက်ဆုံးတော့ သူမက ဒီသူမရှေ့က ကျန်းအိမ်တော်ရဲ့ အကြီးဆုံးသခင်မလေး၊ လက်ရှိဟောင်အန်းကျွမ်းကျူ့ကပဲ သူမကို ကယ်နိုင်တယ်ဆိုတာကို သိခဲ့တယ်။ ကျန်းယွမ်က ဘာမှမပြောခဲ့ပေမဲ့ သူမမှာ အကြံရှိတယ်ဆိုတာကို ဟုန်ရင်းကသိတယ်။
“ငါးယောက်မြောက် ကိုယ်လုပ်တော် စိုးရိမ်စရာ မလိုပါဘူး။”
ကျန်းယွမ်က ဟုန်ရင်းရဲ့ လက်ကို ဖွဖွလေးပုတ်လိုက်ပြီးတော့ သူမရဲ့ အပြုံးက ပိုပြီးတော့ ညင်သာလာတယ်။
“လက်ရှိမှာ သခင်မက ငါးယောက်မြောက်ကိုယ်လုပ်တော်က ကိုယ်ဝန်ပျက်ကျမယ်ဆိုပြီးတော့ ယုံကြည်ချက်ရှိနေတော့ တကယ်လို့ ငါးယောက်မြောက်ကိုယ်လုပ်တော်က သုံးရက်အတွင်းမှာ ကိုယ်ဝန်ပျက်မကျရင် သခင်မက ငါးယောက်မြောက်ကိုယ်လုပ်တော်ရဲ့ ဗိုက်ထဲက ကလေးကို စပြီး သံသယရှိလာမှာပဲ။ ဒါပေမဲ့ တကယ်လို့ ငါးယောက်မြောက်ကိုယ်လုပ်တော် ယူသွားတာက ဆေးမစိမ်ထားတဲ့ ချောင်ယုချည် ဖြစ်နေမယ်ဆိုရင်ရော ဘာဖြစ်မလဲ။”
ဟုန်ရင်းက ကျန်းယွမ်ရဲ့ အင်္ကျီလက်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်ပြီးတော့ သူမကို ကြောင်ကြည့်နေတယ်။
“ချောင်ယုချည်နှစ်ရစ်ရှိတဲ့ထဲကမှ တစ်ရစ်ကို ကျွန်မရဲ့ ခြံကို ပို့ခဲ့ပြီးတော့ နောက်တစ်ရစ်ကို ဒုတိယညီမရဲ့ ခြံကို ပို့ခဲ့တယ်။ အဲ့ကိုပို့လိုက်တဲ့ ချည်က ဒုတိယညီမလေးကိုလည်း ဒီလိုမျိုး အဝတ်မှာ ပန်းထိုးမယ်လို့ ယူဆလို့ရတယ်။ တကယ်လို့ အစေခံတွေက ချည်မှားပြီးယူမိရင် ငါးယောက်မြောက်ကိုယ်လုပ်တော်လည်း ကိုယ်ဝန်ပျက်ကျမှာ မဟုတ်သလို ငါးယောက်ယောက်ကိုယ်လုပ်တော်ရဲ့  ကံကောင်းမှုလည်း ဖြစ်နိုင်တယ်။”
ဟုန်ရင်းက ပြန်ပြီးတော့ တွေးနေတယ်။ တကယ်လို့ ကျန်းယွမ်ရဲ့ ချည်ကို ဘာမှမဖြစ်စေတဲ့ချည်နဲ့ လဲလိုက်မယ်ဆိုရင် ကျန်းစုစုရဲ့ ချည်က ဆေးရည်စိမ်ထားတဲ့ ချည်ဖြစ်သွားမှာ ဖြစ်ပြီးတော့ ဟုန်ရင်းက ကိုယ်ဝန်ပျက်မကျဘဲ ကိုယ်ဝန်ပျက်ကျမယ့်သူက….. တခြားတစ်ယောက်ဖြစ်သွားမှာဖြစ်တယ်။
ဟုန်ရင်းက သူမရဲ့ ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် အနည်းငယ်လုပ်လိုက်ပြီးတော့ ကျန်းယွမ်ကို မယုံကြည်နိုင်မှု တချို့နဲ့ ကြည့်လိုက်တယ်။ သူမက ပြောလိုက်တယ်။
“အကြီးဆုံးသခင်မလေးအတွက်တောင် ဒီလိုပြောတာက လွယ်ပေမဲ့ ဒီကိုယ်လုပ်တော်က ဘယ်လိုလုပ်ပြီးတော့ ချည်ကို လဲနိုင်မှာပါလဲ။”
သူမက မပြောခင် ခဏလောက်စဉ်းစားလိုက်တယ်။
“အကြီးဆုံးသခင်မလေးက ထူးချွန်တဲ့သူတွေ အများကြီးရှိတော့ အကြီးဆုံးသခင်မလေးအတွက်တော့…”
“ငါးယောက်မြောက်ကိုယ်လုပ်တော်”
ကျန်းယွမ်က သူမပြောလို့ မပြီးခင်မှာပဲ ကြားဖြတ်ပြောလိုက်တယ်။
“သခင်မနဲ့ ကျွန်မမှာ ရန်ကြွေးရှိပေမဲ့ အချိန်အကန့်သတ်ချက် မရှိဘူး။ တကယ်လို့ ကျွန်မက အနာဂတ်မှာလက်တုံ့ပြန်ချင်ရင် ကျွန်မက နည်းလမ်းတစ်ခု စဉ်းစားမှာဖြစ်တယ်။ ဒါပေမဲ့ ငါးယောက်မြောက် ကိုယ်လုပ်တော်ကတော့ စောင့်လို့မရဘူး။ ငါးယောက်မြောက်ကိုယ်လုပ်တော် တကယ်လို့ နောက်သုံးရက်အတွင်း ရှင် ချည်ကို မလဲနိုင်ရင် ရှင့်ရဲ့ ရွေးချယ်မှုက..”
သူမ ပြုံးလိုက်တယ်။
“ကိုယ်ဝန်ပျက်ကျစေဖို့ နည်းလမ်းတစ်ခု ရှာဖို့ပဲ။ ဒါပေါ့ ဒီနည်းကို သုံးလို့ရပေမဲ့ အဲ့အချိန်ကျရင် ငါးယောက်မြောက်ကိုယ်လုပ်တော်က အားသာချက်ကိုလည်း ဆုံးရှုံးမှာဖြစ်တယ်။
ဟုန်ရင်းရဲ့ နှလုံးသားက ကျောက်တုံးတစ်တုံးလို မာတောင့်သွားတယ်။ ကျန်းယွမ်ပြောတဲ့ စကားလုံးတိုင်းက သူမရဲ့ အချက်အချာနေရာတွေကို ထိသွားတာဖြစ်တယ်။ အဲဒါက အမှန်ပဲ။ သံသယဖြစ်မှုကို ရှောင်လွှဲဖို့ သူမက ကိုယ်ဝန်ပျက်ကျသလို ဟန်ဆောင်လို့ရပေမဲ့ အဲဒါက သူမ အားသာချက်ကို ဆုံးရှုံးပြီလို့ ဆိုလိုတာပဲဖြစ်တယ်။ တကယ်လို့ သူမက ချည်ကို လဲနိုင်ရင် သူမက ရှယန်ရဲ့ မျှော်လင့်ချက်တင်မကဘဲ သူမရဲ့ ဗိုက်ထဲက ကလေးကို တစ်ချက်ထဲနဲ့ ရှင်းထုတ်နိုင်မှာဖြစ်တယ်။ ပြီးတော့ အဲ့ဆေးစိမ်ထားတာကလည်း ရှယန်ရဲ့ အကြံပဲ မဟုတ်ဘူးလား။
ကျန်းယွမ်ရဲ့ အသံက သူမရဲ့ နားထဲကို သိမ်မွေ့စွာနဲ့ ဝင်လာတယ်။
“ငါးယောက်မြောက်ကိုယ်လုပ်တော်က တကယ်ပဲ သခင်မရဲ့ ဗိုက်ထဲက ကလေးကို သတ်ဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား။ ငါးယောက်မြောက်ကိုယ်လုပ်တော် ဘာလို့ ကိုယ့်နှလုံးသားကို ဘာလို့ နားမထောင်တာလဲ။”
ဟုန်ရင်းရဲ့ ခန္ဓာကိုယ်က တုန်ယင်သွားတယ်။ ဟုတ်တယ်။ သူမက ရှယန်ကို မုန်းတယ်။ သူမဗိုက်ထဲက ကလေးကိုဆို ပိုတောင်မုန်းသေးတယ်။ ဒါ့ကြောင့် အခုက အိမ်တော်ထဲမှာ သူမကို ရှင်းဖို့အခွင့်အရေးဖြစ်ပြီးတော့ ကျန်းချွမ်ကို သူမကို ပိုပြီး အာရုံစိုက်စေရမယ်။
ဟုန်ရင်းက ကျန်းယွမ်ကို လေးလေးနက်နက် ကြည့်လိုက်တယ်။ ရုတ်တရက် သူမက မတ်တပ်ရပ်ပြီး ပြောလိုက်တယ်။
“ဒီကိုယ်လုပ်တော်က အကြီးဆုံးသခင်မလေးကို သူမရဲ့ အကြံပေးချက်အတွက် အများကြီး ကျေးဇူးတင်ပါတယ်။”
ကျန်းယွမ်က ဘာမှမပြောဘဲ ပြုံးလိုက်တယ်။ လူတွေရဲ့ နှလုံးသားတွေက အတူတူပဲ။ မနာလိုမှု၊ မလိုလားမှု၊ ရန်လိုမှုတွေရှိတယ်။ သေးငယ်တဲ့ တိုက်တွန်းမှုက လူတစ်ယောက်ရဲ့ အကြောင်းအရင်းကို ပြိုလဲစေဖို့ လုံလောက်တယ်။ ဟုန်ရင်းက သူမရဲ့ ရွေးချယ်မှုကို ပြုလုပ်ပြီးပြီဖြစ်တယ်။ အဲဒါက ဒီကမ္ဘာရဲ့ ကိစ္စတွေပဲ။ တကယ်လို့ တစ်ယောက်ယောက်က တစ်ခုခုလိုချင်ရင် သူမက တူညီတဲ့ အရာတစ်ခု ပြန်ပေးဆပ်ရမှာဖြစ်တယ်။
သူမ ထွက်မသွားခင်မှာ ဟုန်ရင်းက ကျန်းယွမ်ဘက်လှည့်ပြီး သိမ်မွေ့စွာ ပြောလိုက်တယ်။
“အကြီးဆုံးသခင်မလေး သခင်မလေး ချည်ကို ဒီကိုယ်လုပ်တော်ဆီ ပို့တုန်းက တကယ်ပဲ ဒီချည်က ဆေးစိမ်ထားတာဆိုတာကို မသိခဲ့တာလား။”
ကျန်းယွမ်က သူမရဲ့ လက်ဖက်ရည်တစ်ခွက်သောက်လိုက်ပြီး ပြောလိုက်တယ်။
“ကျွန်မ တကယ် မသိတာပါ။”
ဟုန်ရင်းက ဆက်ပြီး တိတ်ဆိတ်နေပြီး ခဏကြာတော့ သူမက ထွက်သွားတယ်။
သူမ ထွက်သွားတော့ ထျန်ကျူးက ကျန်းယွမ်ဘေးကို လာပြီးတော့ ပြောတယ်။
“သူမက တကယ်ပဲ ချည်ကို လဲဖို့ နည်းရှိရဲ့လား။”
“ဒါပေါ့။”
ကျန်းယွမ်က အာရုံစိုက်ပြီး ကြည့်လိုက်တယ်။ ဆောင်ကြာမြိုင်က အမျိုးသမီးတစ်ယောက် အဖြစ်ကနေ တရားဝင်မိန်းမကို ဆန့်ကျင်နိုင်တဲ့အထိ တက်လှမ်းလာတဲ့ ကိုယ်လုပ်တော်တစ်ယောက် ပြီးတော့ ကျန်းချွမ်သဘောကျတာ ခံရတယ်။ ဟုန်ရင်းက သာမာန်အမျိုးသမီး တစ်ယောက်မဟုတ်တာ သိသာတယ်။ နှစ်တွေ အကြာကြီး သူမက ရှယန်ဘေးမှာ ဆူးအဖြစ်ရှိနေခဲ့ပြီး မထိမခိုက်နဲ့ ရှိနေသေးတယ်။ တကယ်လို့ သူမက မစွမ်းဆောင်နိုင်ရင် သူမက အရိုးတောင်မကျန်တဲ့အထိ ဝါးမျိုးခံနေရပြီးလောက်ပြီ။
ဟုန်ရင်းက‌ ကျောက်မိန်မဟုတ်ဘူး။ သူမက ကျောက်မိန်ထက် ပိုပြီး ထက်မြက်သလို ပိုပြီးတော့လည်း ရက်စက်တယ်။
ထျန်ကျူးက ကျန်းယွမ်ကို အကဲခတ်ပြီးတော့ ဘာမှမပြောခဲ့ဘူး။ ဒီအခြေအနေက ကျန်းယွမ်ကို ဘာမှမလှုပ်ရှားစေခဲ့ဘဲနဲ့ ဟုန်ရင်းကိုပဲ သတင်းအချက်အလက် နည်းနည်းပေးစေခဲ့တယ်။ ဒါက ထျန်ကျူးကို ချည်လဲခိုင်းတာထက် ပိုကောင်းတဲ့ ဖြေရှင်းချက်ဆိုတာ သေချာတယ်။
ကျန်းယွမ်က မျက်စိမှိတ်လိုက်ပေမဲ့ သူမရဲ့ မျက်နှာပေါ်မှာ ထူးခြားတဲ့ အပြုံးတစ်ခု ရှိနေတယ်။ ဒီကမ္ဘာပေါ်မှာ သူမရဲ့ ကလေးကို ဆုံးရှုံးရလို့ ပူပင်သောကဒဏ်ကို မခံစားရတဲ့ အမေမရှိဘူး။ သူမ အရင်ဘဝတုန်းက ခံစားခဲ့ရတဲ့ နာကျင်မှုကို ရှယန်က ဒီဘဝမှာ ခံစားရရုံတင်မကဘူး။ အဲ့ထက်တောင် ပိုပြီး ဆိုးဆိုးဝါးဝါး ခံစားရနိုင်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now