part 105(1)

2.4K 277 13
                                    

Unicode
မုန်းမာန်ဖွဲ့ရန်ငြိုး

Part 134

အခန်း - ၁၀၅ အပိုင်း(၁)

ရိုးရှင်းတဲ့ ရထားလုံးတစ်ခုက ကျန်းအိမ်တော်ရဲ့ တံခါးဝမှာ လာရပ်တယ်။ အပြင်ကို ထွက်ပြီးတော့ ဧည့်သည်ကို ကြိုတဲ့ရှယန်ရဲ့ အစေခံနှစ်ယောက်က မိန်းမလှလေးတစ်ယောက်ကို ရထားလုံးကထဲကနေ ထွက်ဖို့ ကူပေးနေတာကို မြင်တော့ တုန်တုန်ယင်ယင်ဖြစ်သွားတယ်။
အဲ့ကောင်မလေးက ကျန်းစုစုက လွဲပြီး ဘယ်သူဖြစ်ဦးမှာလဲ။ သူမက လွန်ခဲ့တဲ့ သုံးနှစ်ကထက် ပိုပြီး အရပ်ရှည်လာတယ်။ သူမ မိသားစု ဘိုးဘေးဘုရားကျောင်းမှာ အကြာကြီးနေခဲ့လို့ သူမက တည်ငြိမ်နေပုံပေါ်ပြီး အတိတ်က သူမရဲ့ မောက်မာတဲ့ပုံစံကလည်း လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ပြီးတော့ တစ်သီးတစ်ခြားနေတဲ့ ခံစားမှု နည်းနည်းပဲ ကျန်ခဲ့တယ်။ သူမရဲ့ နှုတ်ခမ်းတွေပေါ်မှာ အပြုံးတစ်ခု ရှိပြီးတော့ သူမ မျက်နှာပေါ်က အမာရွတ်က အရာတောင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတယ်။ သူမရဲ့ မျက်နှာက နူးညံ့ပြီး လှပလာတယ်။ သူမက ဆွဲဆောင်မှုရှိလာသလိုပဲ။ သူမရဲ့ လှုပ်ရှားမှုတိုင်းကို သေသေချာချာ လိုက်ကြည့်နေတဲ့သူတွေကလည်း အာရုံမစိုက်နိုင်ဖြစ်သွားကြတယ်။
ရှယန်က သူမရဲ့ မျက်နှာကို စစချင်းတွေ့တော့ သူမရဲ့ ရင်ထဲမှာ ပျော်ရွှင်မှုတွေနဲ့ ပြည့်သွားတယ်။ ပြီးတော့ သူမရဲ့ ခါးကို ကိုးရိုးကားရား ဖက်လိုက်ရင်း သူမက ရှေ့ကို ပြန်တိုးလိုက်ပြီး ကျန်းစုစုရဲ့ မျက်နှာကို ထပ်ကြည့်လိုက်တယ်။
“စုအာ သမီးရဲ့ မျက်နှာက ဘယ်လိုလုပ် ပြန်ကောင်းသွားတာလဲ။”
အိမ်တော်ကို အရင်က လာခဲ့တဲ့ သမားတော်က အဲ့တုန်းက ကျန်းစုစုရဲ့ မျက်နှာပေါ်က အမာရွတ်တွေက လုံးဝကုသနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ အနာဂတ်မှာ သူက ရှားပါးပြီး တန်ဖိုးရှိတဲ့ ဆေးကုန်ကြမ်း တချို့ကို ရှာတွေ့ရင်တော့ အမာရွတ်က နည်းနည်းပဲ ပျောက်သွားမှာဖြစ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ လက်ရှိမှာ ကျန်းစုစုရဲ့ အသားအရေက လုံးဝ ကြက်ဉပြုတ်ကို ဘာအရာမှ မထင်အောင်နွှာထားသလိုပဲ။
ကျန်းစုစုက သူမကို ကြည့်လိုက်ပြီးတော့ သိမ်မွေ့စွာနဲ့ တခစ်ခစ်ရယ်လိုက်တယ်။
“သူ့ဘာသာ ပျောက်သွားတာ။”
သူမက ရှယန်ကို ကြည့်တဲ့အကြည့်က ပျော့ပျောင်းနေလို့ မမျှော်လင့်စွာနဲ့ ရှယန်က သူမရင်ထဲမှာ တုန်ခါမှုကို ခံစားလိုက်ရတယ်။ အကြောင်းတချို့ကြောင့် သူမရှေ့က ကျန်းစုစု မတူညီတဲ့ လူတစ်ယောက်လို ဖြစ်ပြီး အရမ်း မရင်းနှီးသလိုပဲ။ ဒါပေမဲ့ သေသေချာချာ အကဲခတ်ကြည့်လိုက်တော့ သူမက အတူတူပါပဲ။ သူမက သူမရဲ့ သံသယကို ပြန်သိမ်းထားလိုက်ပြီးတော့ ပြောလိုက်တယ်။
“စုအာ သမီးပြန်လာတာ အတော်ကောင်းတယ်။ သမီးက အရမ်း အကြင်နာတရား ကင်းမဲ့တာပဲ။ လွန်ခဲ့တဲ့သုံးနှစ်က သမီး အမေကို မတွေ့ချင်ခဲ့ဘူး……”
ကျန်းစုစုက သူမပြောတာကို မကြားရသလို ဟန်ဆောင်ခဲ့တယ်။ သူမရဲ့ အကြည့်က ရှယန်ကို ကျော်ပြီးတော့ အိမ်တော်ရဲ့ တံခါးဝနားမှာ ပေါ်လာတဲ့ ထမ်းစင်ပေါ် ရောက်သွားတယ်။
အဲဒါက အနီဖျော့ရောင် ထမ်းစင်ဖြစ်ပြီးတော့ တော်ဝင်ရဲမက်လေးယောက်က တူညီဝတ်စုံတွေနဲ့ ထမ်းစင်ကို သယ်လာကြတယ်။ ထမ်းစင်က အရမ်းလက်ရာမြောက်ပြီးတော့ ခမ်းနားပေမဲ့ အထဲက လူရဲ့ အဆင့်အတန်းကို မဖော်ပြဘူး။ ဘယ်အိမ်တော်က မြင့်မြတ်သူလည်းဆိုတာကို သိချင်စိတ်နဲ့ လမ်းတစ်လျှောက် စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေတဲ့သူတွေ အများကြီး ရှိတယ်။
ထမ်းစင်က ကျန်းအိမ်တော်ရှေ့မှာ ရပ်သွားတယ်။ကျန်းစုစုက ဘာမှမပြောဘဲ ထမ်းစင်ကို စိုက်ကြည့်လိုက်တယ်။လှပစွာ ဝတ်ဆင်ထားတဲ့ အစေခံတွေက ထမ်းစင်နောက်ကနေ ထွက်လာတယ်။ သူတို့က ပုတီးစေ့ခြယ်ထားတဲ့ လိုက်ကာကို အပြုံးနဲ့ ဖွင့်လိုက်ပြီးတော့ အထဲကလူကို ထွက်လာဖို့ ကြိုဆိုလိုက်တယ်။
အနီရောင်ဝတ်စုံ ဝတ်ထားတဲ့မယှဉ်နိုင်လောက်အောင် လှပတဲ့ မိန်းကလေး တစ်ယောက်က ညှို့ယူဖမ်းစားတဲ့ အသွင်အပြင်နဲ့ ထွက်လာတယ်။ သူမက တည်ငြိမ်စွာနဲ့ လာပြီးတော့ သူမ ခြေလှမ်းလှမ်းလိုက်တိုင်း ရှယန်က လက်သီးကို ပိုတင်းတင်းကျပ်ကျပ် ဆုပ်လိုက်တယ်။နောက်ဆုံးမှာ ဝတ်ရုံနီနဲ့မိန်းကလေးက ရှယန်ရှေ့မှာ ရပ်လိုက်တယ်။ သူမက အပြုံးနဲ့ ပြောလိုက်တယ်။
“ယွမ်နိုင် အမေနဲ့ ဒုတိယညီမလေးကို နှုတ်ဆက်ပါတယ်။ မတွေ့ရတာ အတော်ကြာပြီနော်။”
ရှယန်က သူမရင်ထဲမှာ မွန်းကျပ်လာတာကို ခံစားလိုက်ရပြီး သူမရဲ့ မျက်နှာမှာ အမူအရာက ပေါ်လာတယ်။ နန်းတွင်းထဲမှာ ကျန်းယွမ်ရဲ့အခမ်းအနားက မြို့တော်ထဲကို ပြန့်သွားပြီးဖြစ်တယ်။ ရှယန်က ဒါကို တွေးလိုက်တာနဲ့ သူမ ကျန်းယွမ်ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲချင်ခဲ့တယ်။ ဘာလို့ ဒီလို ကောင်းတဲ့ကံတွေက ကျန်းစုစုအပေါ်ကို မကျရောက်တာလဲ။ အခု ကျန်းစုစု ပြန်လာတော့ ကျန်းယွမ်ကလည်း တစ်ချိန်တည်းမှာ ပေါ်လာတယ်။ သူတို့ကြားမှာ ယှဉ်လိုက်ရင် ကျန်းယွမ်က ထင်ရှားနေပြီးတော့ အပြင်ဘက်က လူတွေကလည်း သေချာတွေ့နေရတော့ မနက်ဖြန်ကျရင် မြို့တော်ထဲမှာ ကောလဟာလတွေက ပြန့်နေဦးမှာဖြစ်တယ်။ သူတို့က မြို့တော်ကို တစ်ချိန်တည်း တစ်လမ်းထဲကနေ ပြန်လာခဲ့ပေမဲ့ ကျန်းယွမ်က ခမ်းနားစွာ ပြန်လာခဲ့ပြီးတော့ ကျန်းစုစုက နိမ့်ကျတဲ့ ရထားလုံးနဲ့ ပြန်လာခဲ့တယ်။ ရှယန်ရဲ့ နှလုံးသားက ဒေါသတွေနဲ့ ပြည့်နေတယ်။ ကျန်းယွမ်က ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာပဲ။
ကျန်းစုစုက ကျန်းယွမ်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်တယ်။
“မမ မတွေ့ရတာ ကြာပြီနော်။ မမက ပိုပြီးတော့တောင် လှလာတယ်။”
ကျန်းစုစုရဲ့ အသွင်အပြင်က ရိုးရှင်းပြီးတော့ နည်းနည်းခရီးပန်းလာပုံ ပေါ်ပေမဲ့ သူမရဲ့ တစ်ကိုယ်လုံးက ကွဲပြားတဲ့ ဆွဲဆောင်မှုတစ်မျိုး ထုတ်လွှတ်နေတယ်။ အမျိုးသမီးတွေကတောင် သူမကို ကြည့်ပြီး စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ဘူး။ ဒါ့အပြင် တကယ်လို့ တစ်ယောက်ယောက်က သူမကို စကားတစ်လုံးနဲ့ ဖော်ပြရမယ်ဆိုရင် အဲဒါက …. မိစ္ဆာမပဲ။ တကယ်ပဲ ကျန်းစုစုရဲ့ ခန္ဓာကိုယ်က စန္ဒကူးနံ့ထွက်နေတယ်။ သူမရဲ့ အဝတ်တွေက ရိုးရှင်းပြီးတော့ သူမက သူမရဲ့မျက်နှာပေါ်မှာ ဘာပါးနီနဲ့ ပေါင်ဒါမှ မလိမ်းထားဘူး။ သူမက တကယ် နတ်သမီးတစ်ယောက်လို့ ခံစားလိုက်ရတယ်။ ဒါပေမဲ့ သူမရဲ့ လှုပ်ရှားမှုတိုင်းက ….  မမျှော်လင့်စွာနဲ့ ဆွဲဆောင်မှုရှိခြင်းကို သယ်ဆောင်လာတယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ အသက်ပျောက်သွားသလိုပဲမို့လို့ သူမကို မကြည့်သင့်သလိုပဲ။
ကျန်းယွမ်က သူမရဲ့ အကြည့်ကို ရုတ်သိမ်းလိုက်ပြီးတော့ ပြုံးလိုက်တယ်။
“ဒုတိယညီမလေး ညီမလေး တော်တော်ဝေးဝေးကို သွားလိုက်တာဆိုတော့ ညီမလေး မသိမိလောက်ဘူး။ မယ်တော်ယိတျယ်က အစ်မကို ဟောင်အန်းကျွမ်းကျူ့ဆိုတဲ့ ဘွဲ့တော်ကို ချီးမြှင့်ခဲ့တယ်။ ညီမလေးနဲ့ အစ်မတို့က ညီအစ်မတွေဖြစ်ပြီးတော့ အမေနဲ့ သမီးနဲ့က သားအမိဖြစ်ပေမဲ့ စည်းကမ်းတွေကို ထိန်းသိမ်းရမယ်လေ။ တကယ်လို့ အဲ့စကားတွေက ပြန့်သွားရင် လူတွေကတော်ဝင်မိသားစုကို အထင်သေးတယ်လို့ ပြောကြလိမ့်မယ်။ ဒီတော့ ယွမ်နိုင်က အဲဒါကို အနာဂတ်မှာ သတိပေးပါ့မယ်။ စိစစ်ရေးအဖွဲ့ဝင်တွေ ဒီအကြောင်းကို မကြားစေဖို့အတွက် စည်းကမ်းကို လိုက်နာတာ ပိုကောင်းလိမ့်မယ်။ ပြီးတော့ အဲဒါက အဖေ့ကို စစ်ဆေးခံရစေနိုင်တယ်။”
တည်ငြိမ်ပုံပေါ်တဲ့ ကျန်းစုစုက ဒါကို ကြားတော့ သူမရဲ့ ပါးတွေက ကြမ်းကြုတ်ရက်စက်စွာ တင်းသွားပြီးတော့ သူမက ရွဲ့လိုက်ပြီးတော့ ဟန်ဆောင်ထားပုံပဲ။ ပြီးတော့ သူမက ဖြည်းညင်းစွာနဲ့ ကျန်းယွမ်ကို ကြည့်လိုက်ပြီးတော့ သူမရဲ့ မျက်ဝန်းထဲက သဘောထားက ပြောင်းလဲသွားတယ်။ နောက်ဆုံးမှ သူမရဲ့ တည်ငြိမ်မှုက ပြန်ရောက်လာတယ်။ ခပ်ယဲ့ယဲ့အပြုံးနဲ့ သူမက ဒူးထောက်လိုက်ပြီးတော့ ကျန်းယွမ်ကို အရိုအသေပေးလိုက်တယ်။
“စုနိုင် ကျွမ်းကျူ့ကို အရိုအစေပေးပါတယ်။”
ကျန်းယွမ်ပြုံးလိုက်ပြီးတော့ သူမကို ထဖို့ ပြောလိုက်တယ်။ ရှယန်က သွားတွေကို ကျိုးတော့မယ်လို့ ထင်ရလောက်အောင်အထိ အံကြိတ်မိတယ်။ ကျန်းယွမ်က ရှယန်ရဲ့ ဗိုက်ကို ကြည့်လိုက်ပြီးတော့  ခဏလောက်တွေးလိုက်တယ်။
“အမေက ဒီစည်းကမ်းကနေ ကင်းလွတ်ခွင့်ရတယ်။ အခု အမေက ကိုယ်ဝန်ရှိနေတော့ တကယ်လို့ သူမက တစ်ခုခုဖြစ်သွားရင် ယွမ်နိုင်တောင်မှ အပြစ်တင်တာကနေ လွတ်ငြိမ်းမှာ မဟုတ်ဘူး။”
ရှယန်က သူမရဲ့ အကြည့်ကို တွေ့သွားပြီးတော့ လန့်သွားတယ်။ သူမက သူမရဲ့ ဗိုက်ကို မသိစိတ်နဲ့ လက်နှစ်ဖက်လုံးနဲ့ ကာမိသွားပြီးတော့ ကျန်းယွမ်ကို သေသေချာချာ ကြည့်နေတယ်။ ပြီးတော့ သူမက အတင်းပြုံးပြလိုက်တယ်။
“သမီး ဘာအကြောင်းပြောနေတာလဲ။”
ကျန်းယွမ်ရဲ့ အပြုံးက ပိုပြီး သိမ်မွေ့လာတယ်။
“အမေက အရမ်းအကာအကွယ်ပေးတာပဲ။ မသိတဲ့သူတွေက သမီး အမေ့ဗိုက်ထဲက ကလေးကို တစ်ခုခုလုပ်တော့မယ်လို့ ထင်သွားကြဦးမယ်။ အမေ အရမ်းစိတ်ပူစရာ မလိုပါဘူး။”
သူမ လှည့်လိုက်တော့ ကျန်းစုစုက ရှယန်ရဲ့ ဗိုက်ကိုကြည့်နေတာကို တွေ့လိုက်တယ်။ သူမရဲ့ မျက်ဝန်းတွေက ဒီလိုအံ့အားသင့်ဖွယ်ကောင်းတဲ့အလင်းနဲ့ ပြည့်နေလို့ လူတွေကို ကြက်သီးတောင် ထစေခဲ့တယ်။ သူမက ပြောလိုက်တယ်။
“ဒုတိယညီမလေး ဒီလိုဖြစ်နေတာကို ကြည့်ရတာ သူမကလည်း အမေ့ဗိုက်ထဲက ကလေးကို ချစ်တယ်နဲ့တူတယ်။ ကြည့်ရတာ အမေက မကြာခင်မှာ အိမ်တော်ထဲကို နောက်ထပ် မောင်လေးတစ်ယောက် ထပ်ပြီး ဖြည့်ပေးနိုင်ဦးမယ်နဲ့တူတယ်။”
အဲဒါကို ပြောပြီးတော့ အပြုံးလေးနဲ့ သူမက ဘာမှမပြောဘဲ သူမရဲ့ အစေခံတွေကို သူမနောက်လိုက်ပြီးတော့ အိမ်ထဲကို ဝင်ခဲ့ဖို့ ညွှန်ကြားပြီး ထွက်သွားတယ်။
ရှယန်က ကျန်းစုစုရဲ့ မျက်ဝန်းတွေကို ကြည့်ပြီးတော့ သူမရဲ့ အမူအရာကြောင့် လန့်သွားတယ်။ ကျန်းစုစုက သူမရဲ့ ဗိုက်ကို ကြင်နာမှု ဒါမှမဟုတ် ချစ်ခြင်းတရားနဲ့ ကြည့်နေတာ မဟုတ်ဘူး။ သူမရဲ့ မျက်လုံးတွေက သူမရဲ့ ဗိုက်ကို အရသာရှိတဲ့ ဟင်းတစ်ခွက်လို ကြည့်နေတာဖြစ်ပြီးတော့ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူမက ခုန်အုပ်ပြီးတော့ သူမကို စားတော့မလိုပဲ။
ရှယန်က အခု သူမဗိုက်ထဲက ကလေးကို သူမရဲ့ အသက်သွေးကြောအနေနဲ့ သတ်မှတ်ထားတာဖြစ်တယ်။ ကျန်းစုစုရဲ့ ကြောက်စရာကောင်းတဲ့ အမူအရာကို မြင်တော့ သူမက ချက်ချင်းပဲ နောက်ကိုဆုတ်လိုက်တယ်။ ဒါပေမဲ့ သူမက ဒီလို အမူအရာမျိုးကို လုပ်လိုက်တော့ ကျန်းစုစုက ချက်ချင်းပဲ သတိပြန်ဝင်လာတယ်။ သူမ မျက်ဝန်းထဲက လောဘက ရုတ်တရက် ပျောက်ကွယ်သွားတယ်။ ပြီးတော့ ခပ်ယဲ့ယဲ့အပြုံးနဲ့ သူမက ပြောလိုက်တယ်။
“အမေ သမီးအရင်ဝင်နှင့်တော့မယ်။”
ပြီးတော့ သူမက ရှယန်ရဲ့ ဗိုက်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီးတော့ အိမ်တော်ထဲကို ဖြည်းဖြည်းချင်းနဲ့ ဝင်သွားတော့တယ်။ ရှယန်က ကြောင်ပြီးတော့ တိတ်တဆိတ်နဲ့ ခုနက ကျန်းစုစုရဲ့ အကြည့်ကို စဉ်းစားနေတယ်။ အကြောင်းတချို့ကြောင့် သူမရဲ့ နှလုံးသားက ကြက်သီးထသွားတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now