part 97(2)

2.2K 231 1
                                    

Unicode
မုန်းမာန်ဖွဲ့ရန်ငြှိုး

Part 118

အခန်း - ၉၇ အပိုင်း(၂)
 
နန်းတွင်းညစာစားပွဲ မတိုက်ခင်တစ်ယောက်မှာ ကျန်းသခင်မကြီးက ရုရီလိုကနေ အထူးမှာယူတယ်။ အဝတ်တွေ အကုန်လုံးက ကျန်းအိမ်တော်ရဲ့ မိန်းမပျိုလေးတွေ ကိုယ်တုင် ရွေးထားတဲ့ ပစ္စည်းတွေကနေပဲ ချုပ်ထားတယ်။ လျိုရုရီက အဝတ်တွေကို ပြတဲ့အချိန်မှာ သူက ကျန်းယွမ်ကို စိတ်ဒုက္ခရောက်သလို ကြည့်လိုက်တယ်။
“အကြီးဆုံးသခင်မလေးက ဒီလိုဖြူဖွေးတဲ့ အသားအရေနဲ့ တခြားနေ့တွေမှာ အနီရောင် ပိတ်စကိုပဲ ခမ်းနားတဲ့ ဝတ်စုံဖြစ်အောင် ရွေးမှာ။ ဒါပေမဲ့ ဒီမက်မွန်ဖျော့ရောင်က ကြည့်ကောင်းပေမဲ့ အဲ့တောက်ပတဲ့ အနီရောင်နဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး။”
လျိုရုရီရဲ့ ရှုထောင့်ကနေဆိုရင် ကျန်းယွမ်က တောက်ပတဲ့ အနီရေင်တွေကို သူမရဲ့ ဖြူဖွေးတဲ့ အသားအရေနဲ့ဆိုရင် အရမ်းလိုက်တယ်။ သူမက တောက်ပတဲ့ အဝတ်တွေ ဝတ်တဲ့အချိန်မှာ သူမက သူမရဲ့ အလှကို ယှဉ်လို့မရနိုင်ဘဲ တောက်လောင်နေတဲ့ အသက်ဝင်မှုရဲ့ အရိပ်အမြွတ်ကို ဆောင်ထားပေမဲ့ စိတ်တည်ငြိမ်နေဆဲဖြစ်တယ်။ စိတ်ဝင်စားစရာကောင်းစွာနဲ့ မီးတောက်လို အရောင်ဆင်မြန်းထားပေမဲ့ အေးစက်ပြီး ဂရုမစိုက်တဲ့ အပြုအမူက တိုးမြှင့်ပေးနေတယ်။ သာမာန်အနေနဲ့ မီးနဲ့ ရေခဲက ဆန့်ကျင်ဘက်နှစ်ခုဖြစ်ပေမဲ့ သူမအတွက်တော့ သူတို့က ထူးခြားစွာနဲ့ သင့်မြတ်နေပြီးတော့ - တစ်ချက်ကြည့်လိုက်ရုံနဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ အလှတရားတစ်ခုပဲ။
ကျန်းယွမ်ကိုယ်တိုင်က သူမရဲ့ အဝတ်ဖြစ်ဆုံးအရောင်က အနီရောင်ဆိုတဲ့ ဒီအချက်ကို သတိထားမိတယ်။ ဒါပေမဲ့ ဒီအထူးအခမ်းအနားအတွက် သူမက မကြုံစဖူး အရောင်ဖျော့ဖျော့ကို ရွေးလိုက်တာဖြစ်တယ်။ လျိုရုရီက လိမ္မာပါးနပ်စွာနဲ့ အကြံပေးလိုက်တာဖြစ်တယ်။ ဒါတောင်မှ ကျန်းယွမ်က သူ့ရွေးချယ်မှုမှာ ခိုင်မာဆဲပဲ။ ဒီတော့ ဆက်မပြောတော့ဘဲ လျိုရုရီက ကျန်းယွမ်ရဲ့ ညွှန်ကြားချက် အတိုင်း ချုပ်ဖို့ သူမကိုယ်သူမ ကြိတ်မှိတ်လက်ခံလိုက်ရတယ်။
“ဆိုင်ရှင်လျိုရဲ့ ကြင်နာတဲ့ အရေးထားမှုအတွက် ကျေးဇူးအရမ်းတင်ပါတယ်။”
ကျန်းယွမ်က ပြုံးလိုက်တယ်။
“ဒါပေမဲ့ ကျွန်မ ဒီအရောင်ကို ကြိုက်တုန်းပဲ။”
သူမက ကျန်းယွမ်ဘာလို့ သူမရဲ့ ဆုံးဖြတ်ချက်ကို မဆုတ်မနစ် ဖြစ်နေလဲဆိုတာကို နားမလည်ခဲ့ဘူး။ ကျန်းမိသားစုရဲ့ အကြီးဆုံးသခင်မလေးက သူမစိတ်ကိုသူမ သိတဲ့သူဆိုတာကို ပြီးတော့မှ သတိပြန်ရလာတယ်။ ဒါ့အပြင် သူမရဲ့ ဆုံးဖြတ်ချက်အတွက် အကြောင်းတစ်ခု သေချာပေါက် ရှိမှာဖြစ်ပြီးတော့ သူမက အတွင်းသိ မဖြစ်တာ တစ်ခုပဲ။ ဒါကို သိတော့ သူမက ရယ်ပြီးပြောလိုက်တယ်။
“အကြီးဆုံးကျန်းသခင်မလေးက ပြိုင်ဘက်ကင်းနဲ့ အလှနဲ့ ဖြစ်ပြီးတော့ သခင်မလေး ဘာကိုပဲ ဝတ်ဝတ် ကြည့်ကောင်းပြီးတော့ ကျွန်မက စည်းကျော်မိတာပါ။ အဲဒါက တခြားအိမ်တော်က မိန်းမပျိုလေးတွေက နန်းတွင်းဂုဏ်ပြုညစာစားပွဲကို အရေးကြီးတယ်လို့ သဘောထားကြပြီးတော့ ကျွန်မကို အဝတ်အစားတွေကို အကြိမ်ပေါင်းများစွာ ပြင်ခိုင်းခဲ့လို့ပါ။”
သူမက ထပ်ပြီးတော့ ဒီအချက်ကို ထပ်ပြီးတော့ ထုတ်ပြောလာပြန်တော့ ကျန်းယွမ်က ပြုံးရုံပဲ ပြုံးနိုင်ခဲ့တယ်။
“နန်းတွင်းဂုဏ်ပြုညစာစားပွဲတွေက တကယ်ပဲ အရမ်းအရေးကြီးပြီးတော့ ကျွန်မရဲ့ ညီမလေးတွေကလည်း ကျန်းအိမ်တော်ကို မျက်နှာမပျက်စေချင်ကြဘူး။ ဒါ့ကြောင့် သူတို့က စေ့စပ်ကြတာပါ။”
တကယ်ပဲ နန်းတွင်းဂုဏ်ပြုညစာစားပွဲက ဘယ်လိုမျိုးပွဲမို့လို့လဲ။ တကယ်လို့ ဒီနှစ် ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ထဲမှာ ရေကြီးတာကြောင့် မဟုတ်ရင် ဒါမှမဟုတ် အရာရှိတွေရဲ့ သမီးတွေက ဒီလိုပွဲမျိုးကို တက်ရောက်ဖို့ သူတို့ရဲ့ ဘဝမှာ အခွင့်အရေးရမှာ မဟုတ်ဘူး။ ဒါ့အပြင် မြင့်မြတ်တဲ့ မိသားစုတွေနဲ့ သူတို့ရဲ့ သခင်လေးတွေက တက်ရောက်မှာဖြစ်ပြီးတော့ ဘယ်သူကမှ အနာဂတ်မှာ ဂုဏ်သတင်းကြီးတဲ့ လက်ထပ်မှုကမ်းလှမ်းတဲ့ အကြောင်းကို သယ်လာမယ့်မျှော်လင့်ချက်ကို ဘယ်သူက ထားခဲ့ချင်မှာလဲ။ ဒါ့ကြောင့် ဒီအရာရှိတွေရဲ့ သမီးတွေ အထူးသဖြင့် ကိုယ်လုပ်တော်တွေကနေ မွေးလာတဲ့သူတွေအတွက် ဒီနန်းတွင်ဂုဏ်ပြုညစာစားပွဲ အခွင့်အရေးက အသက်ထက်ကို ပိုပြီးတော အရေးပါမှာဖြစ်တယ်။
လျိုရုရီပြောပြီးတော့ သူမက ထွက်သွားခဲ့တယ်။ ကျန်းယွမ်က လုကျူးကို သူမကို လိုက်ပို့ခိုင်းလိုက်ပေမဲ့ မမျှော်လင့်စွာနဲ့ ကျန်းရှင်းကျီက သူမရဲ့ ခြံထဲကို ဝင်လာတယ်။
သူမကို မြင်တော့ သူက မေးလိုက်တယ်။
“အားယွမ် မနက်ဖြန်အတွက် ပြင်ဆင်ပြီးပြီလား။”
သူမဘေးက အဝတ်သစ်တွေကို သတိထားမိတော့ သူဆက်ပြောတယ်။
“ညီမလေး အဝတ်သစ်တွေရပြီဆိုတော့ မနက်ဖြန်ကျရင် အားယွမ် ညီမလေးရဲ့ အလှက တခြားသူတွေအကုန်လုံးထက် သေချာပေါက် ပိုလှနေမှာပဲ။
ကျန်းရှင်းကျီရဲ့ မျက်လုံးထဲမှာ ကျန်းယွမ်က အကောင်းဆုံးပဲ။ သူမက လှပပြီး သိမ်မွေ့ပေမဲ့ စဉ်းစားတတ်ပြီး သတ္တိရှိတယ်။ သူက အနီရောင်ဝတ်စုံ ဒါမှမဟုတ် အပန်းရောင်ဝတ်စုံနဲ့ ပတ်သက်ပြီး ဘာမှမသိပေမဲ့ ကျန်းယွမ်က သူမ ဝတ်မယ့်ဝတ်စုံထဲမှာ လှပနေတယ်ဆိုတာကိုပဲ သူသိတယ်။
ကျန်းယွမ်က သူ့ရဲ့ ပေါက်ကရစကားတွေကို အာရုံစိုက်ဖို့ကို ပျင်းနေပြီးတော့ ကျန်းရှင်းကျီက တကယ်ပဲ သူမရှေ့မှာ ထိုင်ပြီးတော့ သူမကို လေးနက်စွာနဲ့ ပြောလိမ့်မယ်လို့ ထင်မထားဘူး။
“နန်းတွင်က အိမ်တော်လိုမဟုတ်ဘူး။ အဲ့မှာ အရာရာတိုင်းအတွက် စည်းကမ်းတွေနဲ့ အကျင့်တွေရှိတယ်။ ကျန်းအိမ်တော်က လူတွေက ညီမလေးကို ဂုဏ်ပြုညစာစားပွဲ တက်တဲ့အချိန်မှာ ပြုမူရမယ့် အလေ့အကျင့်တွေနဲ့ နန်းတွင်းမှာ ပြုမူရမယ့် အမူအကျင့်‌တွေကို သင်မပေးဘူးဆိုတာ သေချာတယ်။ အခုတောင်မှ တစ်ယောက်ယောက်ကို အကူအညီတောင်းပြီးတော့ ညွှန်ပြဖို့ မစီစဉ်ပေးဘူး။ ဒါက ညီမလေး မနက်ဖြန် ပွဲကျရင် အမှားလုပ်မိမှာကို သူတို့မျှော်လင့်နေလို့ပဲ။ ဒီတော့ ညီမလေး မှတ်ထား….”
“ကိုကြီး”
ကျန်းရှင်းကျီ ဆက်ပြောမှာကို မစောင့်ဘဲ ကျန်းယွမ်က သူ့ကို ကြားဖြတ်ပြောလိုက်တယ်
“ကိုကြီးပြန်လာကတည်းက ညီမလေး ဘယ်အပိုင်းက လိုနေတာကို တွေ့လို့လဲ။”
ကျန်းရှင်းကျီက ခဏလောက် ကြက်သေသေသွားပြီး ချက်ချင်းပဲ သူ့ခေါင်းကို ခါပြီး ပြောလိုက်တယ်။
“မတွေ့ရဘူး။”
အဲဒါအမှန်ပဲ။ သူ မြို့တော်ကို ပြန်ရောက်ကတည်းက ကျန်းယွမ်က အရမ်းရင့်ကျက်သွားတယ်လို့ သူခံစားခဲ့ရပြီးတော့ သူမရဲ့ စိတ်ထားကလည်း အရင်ကနဲ့ယှဉ်ရင် တခြားသူတစ်ယောက်လိုပဲ။ သူမရဲ့ အကျင့်တွေကလည်း ပြုပြင်ပြီးသားဖြစ်သွားတယ်။ လွန်ခဲ့တဲ့ရက်တွေတုန်းက သူက ကွမ်လင်းဟန်နဲ့ အတူ နေရာတော်တော်များများ လိုက်ခဲ့ရပြီးတော့ အထက်တန်းစားအရာရှိတွေနဲ့ မြင့်မြတ်တဲ့မိသားစုက မိန်းမပျိုလေးတွေနဲ့ တွေ့ခဲ့ရပြီးတေည့ သူတို့က ကျန်းယွမ်လို ကြော့ရှင်းတဲ့ ပုံစံ တစ်စက်မှ မရှိဘူး။
ကျန်းယွမ်က ရယ်လိုက်တယ်။
“အဲ့မှာလိုနေတာ မရှိဘူးဆိုတော့ ကိုကြီး ဘာကိုမှ စိတ်ပူစရာ မလိုဘူး။ ညီမလေးက ကျန်းအိမ်တော်ထဲမှာတောင် နေနိုင်မှာတော့ နန်းတွင်းမှာလည်း နေနိုင်မှာပဲ။ အဲ့မှာ ခြားနားချက် အများကြီးမရှိပါဘူး။ အခြေအနေက နည်းနည်းပိုတင်းကျပ်လာတာက လွဲလို့ပေါ့။”
ကျန်းရှင်းကျီက မျက်မှောင်ကြုတ်လိုက်တယ်။
“ဒါပေမဲ့ ညီမလေး နန်းတွင်းကို မရောက်ဖူး…..”
“ကိုကြီး”
ကျန်းယွမ်က ထပ်ကြားဖြတ်ပြောလိုက်တယ်။
“ညီမလေးက တော်ဝင်အမျိုးသမီးတွေ အကုန်လုံးရဲ့ အဆင့်တွေကို ကောင်းကောင်းသိပြီးတော့ မိန်းမစိုးခေါင်းဆောင်တွေကိုလည်း ဆုကြေးပေးပြီး ကြင်ရာတော်တွေကို ဘယ်လိုမျိုး ခေါ်ရမလဲဆိုတာ မေးပြီးပါပြီ။ ဒါ့အပြင် ညီမလေးက ဘယ်နေရာမှာ ဘယ်နန်းတော်ရှိပြီး ဘယ်အဆောင်တော်ရှိလဲ။ ပြီးတော့ ဘယ်နေရာက မဝင်သင့်လဲဆိုတာရော သိပြီးပါပြီ။”
သူမက ပြောလိုက်တယ်။
“ကိုကြီး ဘယ်လောက်သိတုန်း။ နန်းတွင်းထဲမှာ ဘယ်သူက ဧကရာဇ်ရဲ့ အယုံကြည်ရဆုံး မိန်းမစိုးလည်းဆိုတာ ကိုကြီးသိလား။ ဒါမှမဟုတ် ဘယ်မိန်းမစိုးက ဘယ်မိန်းမစိုးခေါင်းဆောင်ရဲ့ မွေးစားသားလည်းဆိုတာကော ကိုကြီးသိလား။ ဘယ်ဧကရီရဲ့ ကိုယ်ပိုင်အစေခံနှစ်ယောက်က ကိုယ်ခံပညာတတ်သလဲဆိုတာရော ကိုကြီးသိလား။ ဒါမှမဟုတ် ဘယ်လှပတဲ့ အမျိုးသမီးက ကြောက်စရာ အကောင်းဆုံး စိတ်ထားရှိပြီးတော့ အခြေအနေတိုင်းမှာ ရှောင်သင့်တယ်ဆိုတာရော ကိုကြီးသိလား။”
သူမက နှေးနှေးလေးနဲ့ အမိန့်အာဏာနဲ့ ပြောနေပြီးတော့ ကျန်းရှင်းကျီက နားထောင်ရင်း အံ့အားသင့်သွားတယ်။ သူ့ရင်ထဲမှာ ဟာသွားပြီး မယုံနိုင်သလို ခံစားလိုက်ရပေမဲ့ သူက ကျန်းယွမ်ပြောတာတွေကို တစ်ခါမှ သံသယမရှိဖူးဘူး။ သူမရဲ့ လေသံက နန်းတွင်းစစ်ပုန်းခုတ်တာရဲ့ အတွင်းဆုံးအပိုင်းတိုင်းကို သည်းခံပြီးတော့ ပုံသွင်းခံခဲ့ရတဲ့သူလိုပဲ။ အတွင်းလူတစ်ဦးရဲ့ အမြင်လိုပဲ….. အဲဒါကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့လူတစ်ယောက်လိုပဲ။ ကျန်းယွမ်က ဒီလိုအတွေ့အကြုံရှိဖို့က မဖြစ်နိုင်တာ သေချာတယ်။ ဒါပေမဲ့ နန်းတွင်းထဲက ဒီလျှို့ဝှက်ချက်တွေက ဘယ်လိုလုပ်ပြီးတော့ လူသိမခံတဲ့ သခင်မလေးတစ်ယောက်ဖြစ်တဲ့ သူမက ဒီလောက် သတင်းတွေ ရှိနေတာလဲ။ ဒီလျှို့ဝှက်ချက်လေးတွေက ပေါက်ကြားလာတာလား။ အဲဒါက ကိစ္စအကြီးအကျယ်တွေဖြစ်မှာပဲ။ သူ့ရဲ့ နှလုံးသားက ဒီထူးဆန်းတဲ့ ခံစားချက်နဲ့ ထပ်ပြည့်နေလာပြီးတော့ သူက ကျန်းယွမ်ကို ကြည့်လိုက်တယ်။
“အားယွမ် ညီမလေး ဒါတွေအကုန်လုံးကို ဘယ်လိုသိတာလဲ။”
“ကိုကြီးဘယ်လိုထင်လဲ။”
ကျန်းယွမ်က သူ့ကို ကြည့်ပြီးတော့ အဖြေမတောင်းတဲ့မေးခွန်းနဲ့ ဖြေလိုက်တယ်။
ကျန်းရှင်းကျီက စိတ်ရှုပ်သွားပေမဲ့ ရှောင်ရှို့အကြောင်းကို မတွေးဘဲ မနေနိုင်ခဲ့ဘူး။ ရှောင်ရှို့နဲ့ ကျန်းယွမ်ကြားက ဆက်ဆံရေးက သာမာန်လို့ မြင်လို့မရတော့ဘူး။ ဒါ့အပြင် ရှေင်ရှို့က ဧကရာဇ် သဘောကျတာခံထားရပြီးတော့ ယုံကြည်တာခံတားရတယ်။ သူ့ရဲ့ ကိုယ်ပိုင်အာဏာနဲ့ အင်အားကလည်း ကောင်းကင်ဘုံကို ကျော်လွန်နေတယ်။ တကယ်လို့ ရှောင်ရှို့က ဒါတွေ အကုန်လုံးကို တကယ်ပဲ ထုတ်ပြောခဲ့ရင်….. တစ်ဖက်မှာလည်း သူစိတ်သက်သာရာရသွားတယ်။ ရှောင်ရှို့က ကျန်းယွမ်ကို အရမ်းယုံကြည်တာပဲ။ ဒါပေမဲ့ တစ်ဖက်မှာလည်း သူက ရှောင်ရှို့က ဒီကိစ္စတွေက နန်းတွင်းနဲ့ ပတ်သက်တာကို မသိလည်း ဘာမှမဖြစ်တဲ့ ကျန်းယွမ်ကို ဒီလိုလျှို့ဝှက်ချက်တွေကို ပြောခဲ့လို့ ရှောင်ရှို့ကို နည်းနည်းစိတ်ဆိုးနေတယ်။ အမှန်အတိုင်းပြောရရင် ရှောင်ရှို့က ကျန်းယွမ်ကို ကမ္ဘာလောကရဲ့ နာကျင်မှုနဲ့ ဒုက္ခတွေကို မခံစားရဘဲ လွတ်လွတ်လပ်လပ်နဲ့ ချမ်းမြေ့တဲ့ ရိုးရှင်းတဲ့ဘဝနဲ့ နေစေချင်ခဲ့တာဖြစ်တယ်။ ရှောင်ရှို့က ကျန်းယွမ်ကို ဒီလိုကိစ္စတွေ ပိုမျှဝေလေလေ သူမရဲ့ ဘဝက ပိုရှုပ်ထွေးလာလေလေပဲ။
သူက ကျန်းယွမ်ကို စူးစမ်းစွာ ကြည့်လိုက်တယ်။
“အားယွမ် ဒါတွေကို တခြားသူတွေကို ဘယ်တော့မှ သွားမပြောနဲ့နော်။”
ကျန်းယွမ်က ပြုံးလိုက်တယ်။
“ညီမလေး ဒီကိစ္စတွေကို ဘယ်သူ့ကိုမှ မပြောပါဘူး။ ညီမလေးက ကိုကြီးကို တော်ဝင်နန်းတွင်းထဲက ကိစ္စတွေကို အလေးထားစေချင်တာပါ။ ညီမလေးလည်း တော်တော်များများသိတယ်။ ကိုကြီး ညီမလေးအတွက် စိုးရိမ်စရာ မလိုပေမဲ့ ဒီနန်းတွင်းထဲမှာ တိုက်ခိုက်မှုက အရိပ်ထဲက လှုပ်ရှားနေကြတဲ့ လူတော်တော်များများကို လှုပ်ရှားဖို့ အခွင့်အရေးတစ်ခု ဖန်တီးပေးလိုက်သလိုဖြစ်မှာ သေချာတယ်။ ဒီတော့ ကိုကြီး သေချာပေါက် သတိထားပြီး အလောတကြီး မလုပ်မှဖြစ်မယ်။”
ကျန်းရှင်းကျီက ခေါင်းညိတ်လိုက်တယ်။
“ကိုကြီး နားလည်ပါတယ်။”
ရုတ်တရက် ကျန်းရှင်းကျီက တစ်ခုခုကို ပြန်သတိရပြီးတော့ သူ့ အင်္ကျီရင်ဘတ်ထဲက တစ်ခုခုကို ထုတ်လိုက်တယ်။
“အရင်တုန်းက ကိုကြီး ညီမလေးကို ဒါပြန်ပေးဖို့ အခွင့်အရေး မရခဲ့ဘူး။ နောက်ဆုံးတော့ ဒါက သူ့ရဲ့ ပိုင်ရှင်အမှန်ဆီ ပြန်ရောက်သွားပြီ။”
ကျန်းရှင်းကျီရဲ့ လက်ထဲမှာ လတစ်ဝက်ပုံစံ ပုယင်းကျောက်လေးက တိတ်ဆိတ်စွာနဲ့ ရှိနေတယ်။ အဲ့တာက ချောမွေ့တောက်ပပြီးတော့ အသက်ဝင်နေတဲ့ လိပ်ပြာတောင်ပံတစ်ခု မြှုပ်ဝင်နေသလိုပဲ။ ဝူလင်းလမ်းမှာ အဲ့မသမာတဲ့သူတွေက ဒီပယင်းနဲ့ ကျန်းရှင်းကျီကို သူတို့ရဲ့ ထောက်ချောက်ထဲကို မျှားခေါ်ခဲ့ကြတာဖြစ်တယ်။ ကျန်းရှင်းကျီက ပယင်းကို ရခဲ့ပေမဲ့ ကျန်းယွမ်ကို ပြန်ပေးဖို့ အခွင့်အရေး မရခဲ့ဘူး။
ကျန်းယွမ်က တုံ့ပြန်လိုက်တယ်။
“လွန်ခဲ့တဲ့ ငါးနှစ်က ညီမလေး ကျေးလက်က အိမ်တော်ကို အပို့ခံလိုက်ရကတည်းက ဒီပယင်းက ပျောက်နေတာပဲ။ အဲဒါကို ပြန်ရှာတွေ့လိမ့်လို့ ညီမလေး မထင်ခဲ့ဖူးဘူး။”
သူမရဲ့ နှလုံးသားက အေးစက်သွားတယ်။ ဒီပယင်းက လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ပျောက်ဆုံးသွားတာဖြစ်ပြီးတော့ ကျန်းရှင်းကျီပြန်လာမှပဲ ပြန်ပေါ်လာတယ်။ ဒီလိုဆိုတော့ ရှယန်က သူမကို အသုံးပြုပြီးတော့ ကျန်းရှင်းကျီကို သတ်ဖို့ ကြံစည်ခဲ့တာပေါ့။ တကယ်ပဲ မလွဲနိုင်တဲ့ အကြံအစည်ပဲ။
ကျန်းရှင်းကျီ ပယင်းလေးကို သူမကို ပေးလိုက်တယ်။
“ကိုကြီး အရိပ်ထဲကနေ ပေါင်းကြံနေတဲ့သူတွေကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟူတ်ဘူး။”
ကျန်းယွမ်က သူ့ဆီကနေ ကြမ်းတမ်းတဲ့ ရောင်ဝါ ထွက်ပေါ်လာတာကို သတိထားမိပြီးတော့ သူမခေါင်းခါလိုက်တယ်။
“ကိုကြီး လက်လွတ်စပယ် မလှုပ်ရှားရဘူးနော်။”
ကျန်းရှင်းကျီ အပေါ်ကို ကြည့်လိုက်ပေမဲ့ သူ့ရဲ့ အကြည့်က ကျန်းယွမ်ရဲ့ လက်ကောက်ပေါ်ကို ကျရောက်သွားပြီးတော့ သူက သိချင်စိတ်နဲ့ မေးလိုက်တယ်။
“ဘယ်တုန်းကတည်းက ညီမလေး ဒီလက်ကောက်ရထားလဲ။”
ကျန်းရှင်းကျီက ဒါက သွေးလလက်ကောက်မှန်း သတိမပြုမိဘဲ အဲဒါက သာမာန်ပစ္စည်းတွေကနေ လုပ်ထားပြီးတော့ ကျွမ်းကျင်စွာ ဒီဇိုင်းဆွဲထားတဲ့ လက်ကောက်လို့ပဲ သတိပြုမိခဲ့တယ်။ အဲဒါက တစ်ချက်ကြည့်လိုက်တဲ့ အချိန်မှာ စိတ်ဝင်စားဖွယ် တောက်ပနေသေးလို့ အဲဒါက ရှားပါးတဲ့ ရတနာမှန်း သိနိုင်တယ်။ ဒီအထူးလက်ကောက်က ကျန်းယွမ် ကျောက်မိန်ဆီကနေ ရခဲ့တဲ့အရာ မဟုတ်နိုင်လောက်ဘူး။ ပြီးတော့ ကျန်းမိသားစု ပေးထားတာလည်း မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် သူ့အတွေးတွေကနေ သံသယရှိမှုတချို့ ထွက်လာတယ်။
ကျန်းယွမ် သူ့အကြည့်နောက်ကို လိုက်ပြီး လိုက်ကြည့်လိုက်တယ်။ သူမရဲ့ အင်္ကျီလက်ကို လက်ကောက်ကို ဆွဲချပြီး မဖုံးခင်မှာ
“ဒါ သူငယ်ချင်း တစ်ယောက်ဆီက ရထားတဲ့ လက်ဆောင်ပါ။”
ကျန်းရှင်းကျီက ဆက်ပြီးမေးတော့မလိုပဲ။ ဒါပေမဲ့ ကျန်းယွမ်က စကားကို အရင်ပြောလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်တယ်။
ကျန်းရှင်းကျီ ထွက်သွားတာ မကြာသေးခင်မှာပဲ လုကျူးက လျိုရုရီကို သွားကြည့်ပြီး ပြန်လာတယ်။ လန်ချောင်နဲ့ ပိုင်ကျီတို့က မနက်ဖြန်ညနေခင်းရဲ့ နန်းတွင်းဂုဏ်ပြုညစာစားပွဲအတွက် ပျာယာခတ်နေကြတယ်။ စောစောက သူတို့က မှန်တင်ခုံပေါ်က သေတ္တာထဲက လက်ဝတ်ရတနာ တချို့ကို ရွေးနေကြပြီဖြစ်တယ်။ လန်ချောင်က ပြောင်ခေါင်းစိမ်းထည့်သွင်းထားတဲ့ ရွှေရောင်ယက်လက်ကောက်ကို ရွေးခဲ့ပေမဲ့ ပိုင်ကျီက ခေါင်းခါလိုက်ပြီး
“ဒါက နည်းနည်းအလေးအနက်မထားသလိုပဲ။ မနက်ဖြန်ညနေကျရင် မြင့်မြတ်တဲ့ အမျိုးသမီးတွေ အများကြီးရှိမှာ ဒီတော့ ငါတို့ က္ကန္ဒြေရတဲ့ တစ်ခုခုရွေးရင် ပိုကောင်းလိမ့်မယ်လို့ ငါထင်တယ်။”
ဒါကို ပြောပြီးတော့ သူမက သေတ္တာငယ်လေးထဲကို မွှေနှောက်ရှာပြီးတော့ ရွှေရောင်ပန်းလေးတွေနဲ့ အလှဆင်ထားတဲ့ ကျောက်စိမ်းလက်ကောက်လေးကို ရွေးလိုက်တယ်။
“ဒါဆိုရင်ရော။”
ဒါအတွက် လန်ချောင်က လက်ခါလိုက်တယ်။
“အဲဒါ မဟုတ်ဘူး။ အဲဒါက အရမ်းတည်ကြည်တဲ့ပုံ ပေါ်ပြီးတော့ ငါတို့ သခင်မလေးရဲ့ အဝတ်အစားနဲ့ မကိုက်ဘူး။ ပထမတစ်ခုက ပိုပြီးတော့ လိုက်ပြီးတော့ ပိုကြည့်ကောင်းတယ်။
ကျန်းယွမ် သူမလက်ထဲမှာ ကိုင်ထားတဲ့ စာအုပ်ကိုချလိုက်ပြီး ပြောလိုက်တယ်။
“ဘာမှရွေးမနေနဲ့တော့။ မနက်ဖြန်ကျရင် ငါတို့ ရိုးရှင်းတဲ့ခရုပတ်ကွိုင်ဆံပင်ပုံစံနဲ့ အဲ့ချိတ်ဆွဲတဲ့ နှင်းဆီအဆင်တန်ဆာကို သုံးမယ်။”
ကျန်းယွမ်က ပုံမှန်ဆိုရင် သူမရဲ့ ဆံပင်ပုံစံနဲ့ မိတ်ကပ်ကို နည်းနည်းလေးတောင် စိတ်မဝင်စားဘူး။ ဒီအစေခံနှစ်ယောက်ကိုပဲ ဘယ်ပုံစံလုပ်မလဲဆိုတာကို အများဆုံးလွှဲတာဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူမက သူမရဲ့ရွေးချယ်မှုထဲမှာ အရမ်းတိကျနေတယ်။ လုကျူးက မေးလိုက်တယ်။
“သခင်မလေးရဲ့ အဝတ်အစားက ခပ်မှိန်မှိန်နဲ့ အရမ်းရိုးရှင်း မနေဘူးလား။”
“ကျွန်မမှာ ကျွန်မရဲ့ အကြောင်းတွေ ရှိပါတယ်။”
ကျန်းယွမ်က ဆက်ပြောလိုက်တယ်။
“ဒီတော့ အဲဒါက ဖြေရှင်းပြီးပြီပေါ့။”
လန်ချောင်နဲ့ ပိုင်ကျီတို့ အချင်းချင်း ကြည့်လိုက်ကြပြီးတော့ စိတ်ရှုပ်နေကြတုန်းဖြစ်ပေမဲ့ ထပ်ပြီးတော့ မမေးရဲကြဘူး။ လုကျူးက ပါးစပ်ပိတ်လိုက်ပြီးတော့ လက်ဝတ်ရတနာဘူးကို အမြန်သိမ်းလိုက်တယ်။ ကျန်းယွမ်က သူမရှေ့က စာအုပ်ကို ကြည့်နေပေမဲ့ နောက်တစ်စက္ကန့်မှာပဲ သူမရဲ့ အကြည့်က တုံ့ဆိုင်းသွားတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now