"စခန်းမှူးကြီးရယ် ကျွန်မကလေးက သူများကိုဒီလိုလုပ်ဖို့နေနေသာသာပုရွက်ဆိတ်တစ်ကောင်တောင် သတ်ရက်တာမဟုတ်ပါဘူးရှင်
ဒီကလေးနဲ့ပတ်သက်နေတဲ့သူတိုင်း လိုက်မေးကြည့်လို့ရပါတယ်ရှင် "

"ဟုတ်ပါတယ် ဒီကလေးက စိတ်နေစိတ်ထားကောင်းတယ်ဆိုတာ လူတိုင်းအသိပါ ေနာက်ပြီး ကျွန်မသမီးလေးနဲ့ မဂ်လာကိစ္စလည်း ရှိသေးတော့ တရားလိုနဲ့ပဲ ကျွန်မတို့ညှိကြည့်လို့မရဘူးလားရှင် ဒီကိစ္စက ဒီကလေးရဲအနာဂတ်အတွက်အမည်းစက်လိုမျိုးဖြစ်သွားမှာကြောင့်ပါ "

ဝင့်လွှာတို့ရော အမေတို့ရော မမိဘတွေရောဝင်ပြောနေပေမယ့် စခန်းမှူးကတော့အလျော့မပေးခဲ့ချေ...မကတော့ ဘာစကားမှမပြောပေမယ့် သူမရဲ့ဒေါသတွေက လက်သီးကိုတင်းနေအောင်ဆုပ်ကာ ဖြေလျော့နေရတာမို့ မလက်တွေနာမှာစိုးတဲ့ ဇင်ယော့်မှာလည်း ခုံအောက်ကနေ မလက်ကလေးကို ဖြေလျော့ပေးနေရသည်။

"ကျွန်တော်တို့ကလည်း လူတစ်ယောက်ကိုဖမ်းချင်တိုင်း ဖမ်းလို့မရပါဘူး ဦးထက်မြက်မောင်ကို ကားနဲ့တိုက်ပြီးထွက်ပြေးသွားတဲ့တရားခံကို ကျွန်တော်တို့ ၈နာရီကြာပြီးနောက်ပိုင်းဖမ်းမိပြီးတဲ့နောက် စစ်စေးရေးမှာ စစ်တော့ သူက မဇင်ယော်ကပိုက်ဆံပေးခိုင်းတယ်လို့ထွက်ဆိုထားပါတယ် ဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း Cctv တွေစစ်ပြီး သက်သေနဲ့တကွ ဖမ်းဝရမ်းနဲ့ ပါ ဖမ်းရတာပါ "

ဘယ်လိုမှ ငြင်းလို့မသာတဲ့အဆုံး အကုန်လုံးကိုပြန်ခိုင်းလိုက်တော့သည်။ ရှင်းရင်း ရှင်းရင်းနဲ့ညနေတောင် ရောက်ပြီမို့
စခန်းမှူးကလည်း ပြန်ခိုင်းတော့သည်။ မတို့အသိုင်းအဝိုင်းရဲ့ဂုဏ်သိက္ခာကြောင့် ဇင်ယော့်ကို အချုပ်ထဲမထည့်ထားပေမယ့် အချုက်ခန်းဘေးလေးက တစ်ယောက်အိပ်ကုတင်လေးမှာ နေဖို့နေရာပေးသေည်။

မကတော့ ရှေ့နေ့ခေါ်ဖို့လို့ ထွက်သွားပေမယ့် ထက်မြက်မောင်ဆီသွားမှာကို ဇင်ယော်ကြောက်မိသည်။ သေချာပေါက် ဟိုလူက မကုိလိုချင်နေလို့လုပ်ကြံလိုက်တဲ့ ဇာတ်လမ်းမှာ မကုိ ဇင်ယော်အပါမခံနိုင်...မေမေကတော့ မျက်ရည်လေးတဝဲဝဲနဲ့ ဇင်ယော့်ကို
အားပေးစကားတွေပြောနေပေမယ့် ဇင်ယော်တကယ်ကြောက်မိပါသည်။

Start with Heart And End with Love Where stories live. Discover now