ငင့်....မိန်းမတောင်းခိုင်းမယ်ဆိုပဲ...ဒီတစ်ခါတော့
မိန်းမပဲရမလား..ထိုင်းရောက်ပြီး ဖြတ်ဖောက်ချုပ်ပဲ လုပ်လိုက်ရတော့မလားမသိဘူး.....

......

"ဘယ်လိုဖြစ်ရတာလဲ ငါ့မောင်ရယ် နင့်မယ် ကျော်မကောင်း ကြားမကောင်း "

ဒေါ်မြတ်မြတ်မေ တစ်ယောက် မောင်ဖြစ်သူ ကွတကွတနဲ့ လမ်းလျှောက်နေခြင်းအားကြည့်ပြီး စိတ်မသက်မသာ ဖြင့် ညဥ်းညူမိသည်။

"အဲ့ ယောကျာ်းလျာ လက်ချက်ပေါ့ မမရာ အာ့ကြောင့်မို့ ပိုးလေးကို တောင်းပေးပါလို့ ပြောနေတာကို မမမှ နားမဝင်ပဲ "

"ဟဲ့ ဟိုက လက်ထပ်တော့မယ်ဆိုပြီး တရားဝင်ကြေငြာထားတာလေ နောက်ပြီး နင့်လိုငပွေငရှုပ်ကို သူ့မိဘတွေက သဘောတူနေအုန်းမယ် အခုထားနေတဲ့ ကောင်မလေးတွေနဲ့သာ နင့်ဘာသာနေစမ်းပါ သွားမရှုပ်နဲ့ တစ်ခုခုအသံကြားလာရရင် နင့်ယောက်ဖအကြောင်း မသိတာလည်း မဟုတ်ဘူး ဟိုက သူ့ကုမ္မဏီအတွက်ဆို မိသားစုသွေးသားရင်းတောင် ငဲ့တာမဟုတ်ဘူး "

ဘယ်လိုမှနားချလို့မရတဲ့ အမကို စိတ်ကုန်ကြည့် ကြည့်ကာ အပေါ်ထပ်ကိုသာ တက်လာလိုက်တော့သည်။ အမအနေနဲ့ အားကိုးရမလား တောင်းဆိုကြည့်ပါတယ်..မရတော့လည်း ကိုယ့်ဖာသာရအောင်ယူရုံပေါ့...
ငါ့ကို တစ်ခါလာကျောရင် နှစ်ခါပြန်နာအောင်လုပ်ရမှ ကျေနပ်တဲ့လူ...မင်းလာထိတဲ့သူမှားသွားပြီ ငှက်ခြောက်ရေ...

.....

In Bangkok...

ခွဲခန်းရှေ့ဝယ် စိတ်ဂနာမငြိမ်စွာနဲ့ လမ်းလျှောက်ရင်း ဘုရားစာများဆိုကာ အထဲက သားလေးအန္တရာယ်ကင်းဖို့ နွေ တစ်ယောက် ဆုတောင်းနေရသည်။ ထို့အတူ ထိုင်ခုံတန်းလေးမှာထိုင်ရင်း သူရသမျှဘုရားစာလေးဆိုပေးရင်း နွေ့ကိုစိတ်မချကြည့်နေရတဲ့သူမှာ လွှာပင်...

ခွဲစိတ်ခန်းမဝင်ခင် သုံးလေးရက်အလိုကတည်းက သားလေးအနားမှာ နေ့မအိပ်ညမအိပ်နဲ့ အနားယူပါလို့ ပြောလို့မရအောင်ကိုပင် စိတ်ပူနေရှာတဲ့ ဦးကို ဝင့်လွှာမှာလည်း အရိပ်တကြည့်ကြည့်နဲ့ နေရသည်။ ဆရာဝန်ကြီးတွေကတော့ 70% လို့ပြောထားတာကြောင့် သိပ်မစိုးရိမ်ရပေမယ့် အမေဆိုတော့လည်း ကိုယ့်သားသမီးအတွက် ကမ္ဘာပျက်မတတ်ပူရတာပါပဲ...

Start with Heart And End with Love Where stories live. Discover now