"ရား...နင်ဘာစကားပြောတာလည်း "

အမွှေးလေးတောင်းတာကို အော်ကြီးဟစ်ကျယ် ရန်ပြန်လုပ်နေတဲ့ ငှက်ကြီးကို မြင်ရတာ ဝင့်လွှာအတွက် စိတ်ညစ်စရာတွေတကယ်ပြေစေပါသည်။

"ဟား...ဟား...ဟား....ဘာအတွေးတွေ မှောင်မိုက်တွေးခေါင်နေတာလဲ နင်က ငှက်ဆိုတော့ ငှက်မွှေးတောင်းတာလေ မကြားဖူးဘူးလား လာဘ်ရှိတဲ့ငှက်ရဲ့အမွှေးဆောင်ထားရင် ကံကောင်းတယ်တဲ့ "

"နင်နော် ငှက်ကယ်သွားလို့ မဟုတ်ရင် ငါ့ပါးစပ်က ထွက်တော့မှာ
..အဟွန်း...တော်ပြီ..တော်ပြီ မပြောတော့ဘူး ငါ့ မ ကိုဖုန်းဆက်ရအုန်းမယ် ဒါပဲ"

"အမယ်လေး....ဖြစ်ပျက်နေတာ ပြီးရော ဒါပဲ "

"အဲ...အဲ..နေအုန်း နေအုန်း "

ဖုန်းချဖို့ နှိပ်ခါနီးမှ ငှက်ကြီးတားဆီးသံကြောင့် ဝင့်လွှာမှာ လက်တွန့်သွားရသည်။

"နင့် ဦးလေးကဖုန်းဆက်အုန်းတဲ့ တစ်ပတ်တစ်ခါတောင် မှန်အောင်မဆက်ဘူးဆို "

"မအားလို့ပါဟ တစ်ခါတစ်လေ ကျတော့လည်း ဆက်ဖို့သတိကရတယ် မေ့မေ့သွားတာ "

"အေး နင်အဲ့လို ကျပ်ကျပ်လုပ်သိလား ဟိုက နင့်ရဲ့တစ်ဦးတည်းသော အုပ်ထိန်းသူနော် သူသဘောတူအောင်လည်း အလုိလိုက်အကြိုက်ဆောင်ပေးလိုက်အုန်း တော်ကြာသူကထပ်ခွဲနေပြန်မှ ကူကယ်ရာမဲ့ဖြစ်နေအုန်းမယ် "

"အမယ်လေး လေးလေးလောက်ကတော့ စပျော့ပါ သဘောမတူလည်း မဂ်လာ ကိုယ့်ဖာသာဆောင်မှာ Ok ဒါပဲမလား ခဏနေဖုန်းဆက်လိုက်မယ် "

"အေး အေး ဒါပဲ "

ဝင့်လွှာဆီဖုန်းဆက်ပြီးတာနဲ့ အချစ်ဒေသစံတော်ချိန် ၉ နာရီကလည်း ထိုးပြီးမို့ ကိုယ့်နှလုံးသားလေးဆီ ဖုန်းဆက်ရသည်။
ဒီလိုပါပဲ ဘဝဆိုတာ အချစ်လေးရှိနေတော့ လောက ကြီးကအရာအားလုံးလှပနေသလိုပင်...
ဒီရက်ပိုင်း အလုပ်ရှုပ်ပေမယ့်လည်း အားတဲ့အချိန်တိုင်း
မနဲ့သွားတွေ့လိုက် ဖုန်းပြောလိုက် ပိတ်ရက်ကျရင် လက်ထပ်ပွဲအတွက် စီစဥ်ရနဲ့ အားတယ်လို့မရှိပါဘူး..ဒါပေမယ့် အဲ့မအားတာလေးကိုပဲ ကျေနပ်ပီတိဖြစ်နေရတာ....
...

Start with Heart And End with Love Where stories live. Discover now