ကျီလင်းက "သူမ အပြန်လမ်းတစ်လျှောက်လုံး ပြေးလာခဲ့တာ" လို့ ပြောတာကြောင့်ပဲလား ဒါမှမဟုတ် စစ်ယွီရဲ့ တောင်းပန်မှုပုံစံကပဲ ဉာဏ်ကောင်းလွန်းတာကြောင့်ပဲလားတော့မသိ။ ပဉ္စမသခင်လုသည် သူ့နားမှ နူးညံ့ချိုသာသော အသံလေးကို ကြားလိုက်ရသောအခါ သူ့နှလုံးသားထဲမှ ရက်စက်ကြမ်းကြုတ်မှုများ ရုတ်တရက် အနည်းငယ် လျော့ပါးသွားခဲ့၏။ နှစ်တစ်နှစ်၏ ဒီအချိန်သည် သူလို ကိုယ်လုံးကိုယ်ပေါက်ရှိတဲ့ လူတွေအတွက် အမြဲတမ်း အခက်ခဲဆုံးအချိန်ပင်။ အရင်တုန်းက သူသည် ယင်စွမ်းအင်စုဆောင်းထားတဲ့ ပစ္စည်းတွေတစ်သီကြီးဝယ်ပြီး ဒီအချိန်ကိုဖြတ်သန်းဖို့ ကြိုးစားတတ်သည်။ အခုတော့ စစ်ယွီလိုလူ တစ်ယောက်ကို သူရှာတွေ့ပြီးနောက် ပဉ္စမသခင်လုသည် ထိုကဲ့သို့သောဒုက္ခမျိုးကို သည်းခံနေဖို့ မလိုအပ်တော့ပေ။ သို့သော် စစ်ယွီကိုရှာဖို့ တစ်ယောက်ယောက်ကို သူလွှတ်လိုက်သောအခါ ထိုကလေးမလေးသည် တစ်ခွန်းမှတောင် ပြောမသွားဘဲ မြို့ကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း သူသိလိုက်ရ၏။

ထိုအချိန်တွင်၊ စစ်ယွီသည် သူမ ကျန်းမြို့မှာပဲ လိမ်လိမ်မာမာ နာနာခံခံလေး နေပါ့မယ်ဟု သဘောတူပြီးသားဖြစ်သည်။ ထို့နောက် မကြာခင်ပဲ သူမက ဒါကိုမေ့ပစ်လိုက်ပြီး သူ့စကားကို နောက်ဆုံးပို့ထားလိုက်သည်။ ဒါသည် သူ့အပေါ် လေးစားမှုရှိသလို ဟန်ဆောင်ရဲသည့် သတ္တိရှိလှသည့်လူကို ပဉ္စမသခင်လု ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူသေချာ ပြန်သတိရသွားချိန်တွင် သူသည် သူမအား ဒီနေရာတစ်လျှောက်လုံး လိုက်ဖမ်းနေပြီးသား ဖြစ်မိနေ၏။

... သူ ဒီလို စိတ်လိုက်မာန်ပါ မလုပ်ခဲ့တာ အတော်ကြာနေပြီ။ ပဉ္စမသခင်လုသည် သူ့မူမမှန်မှုကို အံသြနေချိန်တွင် စစ်ယွီကို ဟိုတယ်ထဲတွင် ရှာမတွေ့ပါဟု သူ့လက်အောက်ငယ်သားများထံမှ သတင်းရရှိခဲ့သည်။ အရာဝတ္ထုတွေက သူ့ထိန်းချုပ်မှု အောက်ကနေ သွေဖည်သွားတဲ့ ပါးနပ်လှတဲ့ခံစားမှုမျိုးက သူ့ကို အနည်းငယ် စိတ်တိုသွားစေခဲ့သည်။

လူဖြစ်စေ၊ ပစ္စည်းဖြစ်စေ သူ့ထိန်းချုပ်မှု‌ အောက်ကနေ လွတ်သွားတာမျိုးကို သူ လုံးဝမကြိုက်ပေ။ အစကတော့ ဒီရဲတင်းတဲ့ မိန်းကလေးကို ဘယ်လို သင်ခန်းစာ ပေးရမလဲဆိုတာကို သူတကယ်ပဲ တွေးထားပြီးသားဖြစ်သည်။ သို့သော် စစ်ယွီက အလွန်ချင့်ချိန်တတ်နေမည်ဟု သူမထင်ခဲ့ပေ။ သူ့ဒေါသကိုထုတ်မပြရသေးခင်မှာပဲ သူမက အမှားဝန်ခံခဲ့သည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now