"ကျီလင်း၊ သူ......" ရှုချင်းဝမ်၏ ဒူးပေါ်ရှိ လက်များသည် မသိစိတ်ဖြင့် သူမ၏ စကတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်မိ၏။ သူမ မျက်လုံးထဲရှိ မကျေနပ်မှုများကို ဖုံးကွယ်ရန် ခေါင်းငုံ့ထားလိုက်သည်။ သူမ အပြုံးတစ်ခုကို ညှစ်ထုတ်ဖို့ ကြိုးစားလိုက်ပြီး ဥက္ကဌဝမ်ကို ပြောလိုက်သည်။ "ရှင်ဘာတွေစိတ်ပူနေလဲ ကျွန်မသိပါတယ်။ ရှင် စိတ်ချပါ။ ကျီမိသားစုက ကျိုးစစ်ယွီကို မကူညီမှာ သေချာပါတယ်။"

ဥက္ကဋ္ဌဝမ်က စစ်ယွီကို အစားထိုးဖို့ မလုပ်နိုင်ရခြင်း၏ အကြောင်းရင်းကို သိပြီးနောက်၊ ရှုချင်းဝမ်၏ နှလုံးသားသည် ပို၍ပင် ဆုံးဖြတ်ချက် ခိုင်မာလာခဲ့၏။ ရှုချင်းဝမ်သည် သူမ၏ အတိတ်ဘဝတွင် ကျီမိသားစုရဲ့ချွေးမ ဖြစ်ခဲ့သည်။ မဒမ်ကျီ၊ သွမ့်ရူလန်သည် စစ်ယွီအား ဘယ်လောက်မုန်းတယ် ဆိုတာကို သူမထက် ဘယ်သူကမှ မသိနိုင်ပေ။ ဤကမ္ဘာတွင် စစ်ယွီအား ပျောက်ကွယ်သွားဖို့ အမျှော်လင့်ဆုံးသူမှာ သူမ၏မိခင်အရင်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်...။

ရှုချင်းဝမ်သည် သူမနှလုံးသားထဲတွင် တိတ်တိတ်လေး တွေးလိုက်သည်။ "တောင်းပန်ပါတယ် ကျီလင်း၊ ကျွန်မလည်း ဒါကိုလည်း မလုပ်ချင်ခဲ့ပါဘူး" ဒါပေမဲ့ ကျီလင်းက ကျိုးစစ်ယွီလို မိန်းမမျိုးနဲ့ ဆက်ပေါင်းနေပါက အမေနဲ့သားကြား ကွဲလွဲမှုဖြစ်စေမှာ သေချာပေသည်။ သူမအနေနဲ့ ဒီလိုအခြေအနေမျိုးမဖြစ်အောင် ကြိုတင်တားဆီးထားခဲ့တာက ကျီလင်းကောင်းဖို့အတွက်ပဲ။

အနှေးနှင့်အမြန် ကျီလင်းက သူမရဲ့ ဒုက္ခခံပြီး ကြိုးစားခဲ့ရတာကို နားလည်လာလိမ့်မယ် ...

......

ချင်ကော်၏ လူရွေးပွဲပြီးဆုံးပြီးနောက် သက်ဆိုင်ရာ ရွေးချယ်ခံရသူများစာရင်းကို ထိုနေ့တွင်ပဲ ထုတ်ပြန်ကြေညာခဲ့၏။ အံ့ဩစရာမကောင်းစွာဘဲ၊ စစ်ယွီသည် သူမနာမည်ကို မြင်လိုက်ရသည်။ သူမသည် လက်အောက်ခံနိုင်ငံ၏ မင်းသမီး ယွင်ဟယ်အဖြစ် သရုပ်ဆောင်ရမည်ဖြစ်သည်။ သူမတွင် ဇာတ်ကွက်များစွာ မပါရှိပေ။ ရက်နည်းနည်းနဲ့ ပြီးသွားနိုင်၏။ ထို့ကြောင့် စစ်ယွီသည် ယွီလင်းအား သတင်းကောင်းပြောပြဖို့ ဖုန်းခေါ်ပြီးနောက် သူမသည် ထုတ်လုပ်ရေးအဖွဲ့မှ စီစဉ်ပေးသည့် ဟိုတယ်တွင် တည်းခိုလိုက်ပြီး ရိုက်ကူးမှုစတင်ရန် စောင့်ဆိုင်းနေခဲ့သည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now