သူမ နေကောင်းတယ်ဆိုရင် ကောင်းတာပါပဲ။ ဖန်များသည် စိတ်အေးသွားရသော်လည်း လှုပ်လှုပ်ရွရွဖြစ်သွားကြပြီး မကြာခင်မှာပင် အမြင်စူးရှသော မိန်းမငယ်လေးတစ်ယောက်သည် ပုံအားသေချာစိုက်ကြည့်ကာ တွေးလိုက်၏။ 'အာ ဒီမော်ဒယ်ရဲ့ မျက်နှာက ရင်းနှီးနေသလိုပဲ။ ငါ သူမကို မြင်ဖူးသလိုပါပဲ --- ဒါ ဒါက သိပ်မကြာခင်တုန်းက ဝေ့ပေါ်မှာ ရှာဖွေမှုစာရင်းဝင်သွားခဲ့တဲ့ "ကားအောက်ကနေ ကလေးလေးကို ကယ်ခဲ့တဲ့ နတ်သမီးလေး" ထဲက ကောင်မလေးမဟုတ်လား။'

[ကျီကောကို ဒီနေ့ ရှူရှိုက်ပြီးပြီ]: ညီအစ်မတို့ ကြည့်ကြစမ်း... ဗီဒီယိုရဲ့ အရည်အသွေးက သိပ်မကောင်းပေမဲ့ ‌ဒီမော်ဒယ် ရှောင်ကျဲကျဲက ကားဘီးအောက်ကနေ ကလေးကို ကယ်ခဲ့တဲ့ ကောင်မလေးနဲ့ အတူတူပဲဆိုတာ သေချာမြင်နိုင်သေးတယ်။ သူတို့က တစ်ယောက်တည်းပဲ။ ပြီးတော့ မင်းတို့ကြည့်လိုက်ကြစမ်း၊ ရှောင်ကျဲကျဲက ကလေးကို ကယ်ပြီးတော့ သွေးအန်ခဲ့သေးတယ်။ အခု ငါ သူမရဲ့ကျန်းမာရေးကို စိတ်ပူလာမိပြီ... ပုံထဲကသွေးတွေက အတုတွေနဲ့ မတူဘူးလို့ မင်းတို့ မထင်မိကြဘူးလား...

ထိုမှတ်ချက်သည် အကြီးအကျယ် မွှေသွားခဲ့ပြီး ဖန်တွေကို စက္ကန့်အနည်းငယ်လောက် ကြောင်အ,သွားစေခဲ့၏။ ထို့နောက် သူတို့သည် အရင်တုန်းက နာမည်ကြီးသွားတဲ့ ကယ်ဆယ်တဲ့ ဗီဒီယိုအား အလျင်အမြန် ပြန်ရှာကြတော့သည်။ ရလဒ်ကတော့ သူတို့က တကယ်ကြီး တစ်ယောက်တည်းပဲတဲ့...

၎င်းသည် အကြီးအကျယ် အော်ဟစ်စေခဲ့၏။ အလွန်အမင်း ထိတ်လန့်နေကြသော မိန်းကလေးငယ် အများအပြားသည် ပျားလေးများကဲ့သို့ပင် ကျိုးစစ်ယွီ၏ ဝေ့ပေါ်အကောင့်သို့ ဝိုင်းအုံလာကြ၏။ သို့သော် ကျိုးစစ်ယွီ၏ ဝေ့ပေါ် မှာ ဗလာသာဖြစ်နေပြီး ဖန်များသည် သူမအား သီးသန့်မက်ဆေ့ချ်များ အဆက်မပြတ်ပို့ကြတော့သည်။ ဤစိုးရိမ်မှု၏ စွမ်းဆောင်ချက်သည် ဖန်များအား သူတို့သည် သိပ်မကြာခင်က သူတို့ပြောဆိုခဲ့သည့် ဤနာမည်မရှိသော မော်ဒယ်လေး၏ ဖန်များ မဟုတ်ဘဲ ကျီလင်း၏ အသေခံဖန်လေးများဖြစ်သည်ကိုပင် မေ့လျော့သွားစေခဲ့၏။

ကိစ္စများကို စုစည်းသွားစေခဲ့သော ဖန်ကလပ်၏ စွမ်းဆောင်မှုမှာ ကြောက်ခမန်းလိလိပင်ဖြစ်သည်။ သိပ်မကြာခင်က တစ်ခြားကောင်မလေးတစ်ယောက်သည်လည်း ထိုလူကယ်နေသည့် ဗီဒီယိုအောက်မှ [ဖက်ရှင်အိုင်ကွန်၏ တရားဝင်အကောင့်] ၏ ကိုယ်ပိုင်မှတ်ချက်ကို သတိထားမိသွားခဲ့သည်။ ထိုမှတ်ချက်သည် စစ်ယွီ၏ ကျန်းမာရေးမှာ တစ်ချိန်လုံး အကောင်းဘက်တွင် ရှိမနေဟု ရေးထားခဲ့သည်။ ရှုတင်အတွင်းမှာ သွေးအန်ခဲ့သော ကိစ္စရပ်များပင် ရှိခဲ့သည်ဟုလည်း ဖော်ပြထားပြီး ပြီးတဲ့အထိ ဆက်ရိုက်ဖို့ သူမကိုယ်သူမ အလုပ်ထဲ စိတ်နှစ်ထားခဲ့သည်ဟုလည်း ပြောထား၏။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now