"ဘာဖြစ်တာလဲ။ ငါအလုပ်ကိစ္စဆွေးနွေးနေတယ်လေ။"

"ဝမ်ဟောက်..." သွမ့်ရူလန်က ခေါ်လိုက်သည်။

"ဝမ်ဟောက်၊ ရှင် ရှင့်သားကို ဂရုစိုက်ထိန်းဖို့လိုနေပြီ။ အာ့လင်းက ဘယ်လိုလူနဲ့ ပတ်သက်နေတယ်ဆိုတာသိလား။ မော်ဒယ်ငယ်ငယ်လေးနဲ့ မရှင်းမရှင်းဖြစ်နေတယ်။ အဲ့ကလေးမက ဂုဏ်ဆိုတာလည်းမရှိ။ မိသားစုနောက်ခံကလည်း မကောင်းတဲ့သူ။ သူ့မျက်နှာလေးဗန်းပြပြီး ကျွန်မတို့သားကို ဆွဲဆောင်နေတာ။ အာ့လင်းက ငယ်ပါသေးတယ်။ သူ့အနေနဲ့ ဒီလိုမိန်းကလေးမျိုးနဲ့ မပတ်သက်သင့်ဘူး။" အမှန်တစ်ဝက် အမှားတစ်ဝက်နှင့် သွမ့်ရူလန်ပြောလိုက်၏။

"ဒီနယ်ပယ်ကရှုပ်ထွေးပါတယ်လို့ကျွန်မပြောခဲ့သားပဲ။ အဲ့တုန်းက သားကို ဘာလို့လုပ်ခွင့်ပေးခဲ့တာလဲ။ မဟုတ်ရင် သားကခုဆို ကုမ္ပဏီကို ဦးစီးနိုင်နေပြီ"

ကျီဝမ်ဟောက်က သူမ ဒီ့ထက်အရေးကြီးသောကိစ္စကိုပြောမည်ထင်နေသောကြောင့် သူမပြောသမျှနားထောင်ပြီးသောအခါ စိတ်မပူရန်ဖြောင်းဖြလိုက်သည်။

"သားကလူငယ်ပဲလေ။ လူငယ်တွေဆိုတော့ စိတ်မြန်လက်မြန်လည်းရှိတယ်။ ရင့်ကလည်းရင့်ကျက်သေးတာမဟုတ်ဘူး။ သူ့ဘာသာ ဘယ်သူနဲ့တွဲတွဲ အများအမြင်တော်ရင် ပြီးတာပဲ"

သူ့ယောင်္ကျား ပြောတာကြားပြီးနောက် သွမ်ရူလန်ဟာ နှုတ်ခမ်းသာ ကိုက်နေနိုင်ခဲ့၏။ မှန်တယ်။ ဒီမိသားစုက ဒီလိုမျိုးပဲ။ သူ့ယောင်္ကျားမှာလည်း အပြင်မှာတွေ့နေသော မိန်းမများစွာရှိသည်။ သူမကတော့ တရားဝင်မယားကြီးပေါ့။ ကျီမိသားစုရဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ ခွန်အားကြီးတဲ့ မိသားစုနောက်ခံတွေကြောင့် အလျင်စလို လက်ထပ်ယူခဲ့ရသောအိမ်ထောင်ရေးဖြစ်သဖြင့် အချစ်ခံရဖို့ကို သူမ,မမျှော်လင့်ပေ။ ပြီးတော့ ကျီဝမ်ဟောက်မှာ ရုပ်ပိုင်းဆိုင်ရာပြဿနာရှိတယ်။ ကျီလင်းက သူ့ရဲ့ တစ်ဦး‌တည်းသော မျိုးဆက်ပဲ။ ဒါကြောင့် အနာဂတ်မှာ ကျီမိသားစုပိုင်ဆိုင်မှုတွေက သူမအပိုင် ဖြစ်မလာနိုင်ဘူးလား။

ဒီ အထက်တန်းလွှာအသိုင်းအဝိုင်း၏ စာနဲ့ ရေးသားသတ်မှတ်မထားတဲ့ ဥပဒေတွေ၊ သူတို့ရဲ့ လှည့်ကွက်တွေကို အကြိမ်များစွာ သတိပေးခဲ့ပါသော်လည်း သူမ သားက နားမထောင်ခဲ့‌ပေ ။ အနုပညာလောကထဲ ဝင်သွားသည်နှင့်တစ်ပြိုင်နက် အိမ်ခွဲနေပြီး နှစ်ဝက်လောက်ကြာတာတောင် အိမ်ပြန်မလာခဲ့တော့။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now