"ရှောင်ယွီ ဒီနှစ်တွေမှာ မင်း ဘယ်လိုများနေခဲ့လဲဟင်" သူမ၏အသံကို နားထောင်ရသည်မှာ သွမ့်ရူလန်သည် အလွန်အမင်းကြင်နာတတ်သော အမေတစ်ယောက်လိုပင်။ သူမသည် စစ်ယွီအားကြည့်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "အမေသိပါတယ် မင်းရဲ့နှလုံးသားထဲမှာ အမေ့ကိုအပြစ်တင်နေမယ်ဆိုတာကို။ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက အမေ့မှာလည်း တစ်ခြားရွေးချယ်စရာမရှိခဲ့လို့ပါ။ အဲ့တုန်းက မင်းကကလေးလေးပဲရှိသေးတာ အခြေအနေတွေကို မင်းနားမလည်သေးဘူး။ မင်းအဖေသေသွားတော့ အမေတို့မှာ အိမ်ကိုထောက်ပံ့မဲ့ ကျောရိုးကြီးမရှိတော့ဘူး။ အကြီးနှစ်ယောက်ကလည်း ၇၀ကျော်နေပြီးတော့ မုဆိုးမတစ်ယောက်နဲ့ ကလေးတစ်ယောက်။ အမေတို့ ဘယ်လိုရှေ့ဆက်နိုင်ပါ့မလဲ။ သမီးကောင်းဖို့အတွက် အမေ တစ်ခြားနည်းလမ်းတစ်ခု ရှာခဲ့ရတာပါ။ သမီးတွေ့တဲ့အတိုင်းပဲလေ အခု အမေအဆင်လာတော့ သမီးကို လာမရှာဘူးလား။"

သွမ့်ရူလန်မှာ 'ရိုးရိုးသားသား' ပြောနေပုံပေါက်သော်လည်း စစ်ယွီ၏နားထဲတွင်တော့ ဟာသတစ်ခုနားထောင်နေရသလိုပင်။

ငါကောင်းဖို့ ဟုတ်လား ။ လိုရင်းသာပြောစမ်းပါ...

<<စူပါစတားလေးရဲ့ အလိုလိုက်ခံ အိမ်ထောင်ရေး>> မန်ဟွာထဲတွင် အမျိုးသမီးဇာတ်ပို့ ကျိုးစစ်ယွီ၏ ရက်စက်မှုနှင့် ရူးသွပ်မှုတစ်ချို့တို့မှာ သူမ၏ မိသားစုနောက်ခံကြောင့် ဖြစ်ရတာ ဖြစ်သည်။ သူမ၏အမေ သွမ့်ရူလန်သည် တောရွာမှ မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမသည် စက်ရုံတစ်ခုတွင် အလုပ်လုပ်ခဲ့၏။ သို့သော် သွမ့်ရူလန်သည် လှ‌ပသော မျက်နှာအစိတ်အပိုင်းများဖြင့် မွေးဖွားခဲ့ပြီး သူမသည် တကယ့်ကို အလှလေးဖြစ်သည်။ ထိုအကြောင်းပြချက်ကြောင့်ပင် သူမသည် ကျိုးစစ်ယွီ၏ အဖေနှင့် လက်ထပ်ဖို့ဖြစ်လာပြီး အချိန်ပြည့် အိမ်ထောင်ရှင်မလေး ဖြစ်လာခဲ့၏။

အမျိုးသမီးဇာတ်ပို့၏ မိသားစုမှာ မချမ်းသာလှပေ။ သို့သော် သူတို့၏ အဓိကလိုအပ်ချက်များမှာ ပြည့်စုံပေသည်။ သို့သော် ကျိုးစစ်ယွီမွေးပြီးသောအခါ သူမသည် ပျော့ညံ့ပြီး ချူချာကြောင်း မိသားစုဝင်တွေ သိခဲ့ရသည်။ ကျိုးစစ်ယွီသည် ဆေးထဲမှာ ရေချိုးပြီး ကြီးလာရခြင်းဖြစ်သည်။ ဆေးအတွက် ကုန်သောငွေများမှာ ရေထဲကျသွားသလိုပင်။ မူလက သိပ်မချမ်းသာလှသော မိသားစုမှာ ငွေရေးကြေးရေး ကြပ်တည်းလာရ၏။ နောက်ဆုံးတွင်တော့ သွမ့်ရူလန်သည် မိသားစုတာဝန်ကိုထမ်းရန် ဟော်တယ်တစ်ခုတွင် ဝိတ်တာအဖြစ် ဝင်လုပ်ရတော့သည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now