"ဒါပေမယ့် ပတ်ဝန်းကျင်က သူ့အပေါ်ရိုက်ခတ်လာမယ့်စကားတွေ ငါမကြားချင်ဘူးဟာ "

"ဝင့်လွှာ ငါတို့အချစ်ကိုက သဘာဝကို လွန်ဆန်နေတာမို့ အနည်းနဲ့အများဘယ်သူမဆို အပြောခံရမှာပဲ ဒီပတ်ဝန်းကျင်ကြီးကိုသာ နင်ဂရုစိုက်နေမယ်ဆိုရင် တရားကျင့်ကြံပြီး ဘုရားဖြစ်အောင်လုပ်တာတောင် ဘုရားတောင် မကောင်းပြောချင်တဲ့သူက ရှိနေအုန်းမှာပဲ ပတ်ဝန်းကျင်ဆိုတာ အဲ့ဒီလိုမျိုးပဲ ကောင်းလည်း ပြောမှာ မကောင်းလည်းပြောမှာ သူတို့ကိုသာဂရုစိုက်နေရင် ဒီလောက မှာ ငါတို့အသက်ရှင်နေဖို့နေရာတောင်ရှိမှာမဟုတ်ဘူး အဓိက က နင့်စိတ်ပဲ နင့်စိတ်ကလက်ခံနိုင်တယ်ဆိုရင် ဆုံးဖြတ်လိုက်ပေါ့ မမနွေနဲ့ နင်နဲ့ကို ချစ်ရက်နဲ့ဝေးနေရတာမျိုး ငါဆက်မကြည့်ချင်တော့ဘူး ရွှေဇင်နဲ့ ထက်ဝေယံကလည်း မနက်ဖြန်လိုက်လာခဲ့မယ်တဲ့ ငါတို့တွေအားလုံးနင့်ဘက်မှာရှိပါတယ်ဟာ နင်ဘာပဲ ဆုံးဖြတ်ဖြတ် ငါတို့က လက်သင့်ခံပြီးသားပဲ.. "

ထိုနေ့က တရားချလိုက်တဲ့ အကျိုးကြောင့် နည်းနည်းတော့ ပုံမှန်အတိုင်းပြန်ဖြစ်လာသည့်ဝင့်လွှာမှာ ထက်ဝေယံတို့ ရွှေဇင်တို့လည်း ရောက်လာတာကြောင့် ဟိုနေ့တွေကထက်စာရင် တော်တော်လေးအခြေအနေကောင်းသွားတယ်လို့ပဲ ပြောရမည်။ ဒါပေမယ့် မမနွေကိုတော့ သူအခုထိ မဆက်သွယ်သလို မမနွေအကြောင်းကိုလည်းမပြောသေးပေ..

အခုကတော့ သူငယ်ချင်းတွေဆုံတုန်း ကလောမြို့ကိုလျှောက်လည်ကြပြီး ဟိုတစ်ခါသွားစားခဲ့တဲ့ ဟော့ပေါ့ဆိုင်လေးတွင်ရောက်နေကြခြင်းဖြစ်သည်။

"အဲ့တုန်းကဟယ် ဂွမ်းလိုက်တာပြောမနေနဲ့ ငါ့မှာတော့ အဆင်လေးမို့ အိနြေမပျက်အောင် ဒီကောင့်ကို အကောင့်သွားတောင်းခိုင်းလိုက်တာ နောက်တော့ ငါချိန်နေတဲ့အဆင်လေးက သူ့ကိုပြန်ချိန်သွားတယ်လေ မနက်ဆို ကော်ဖီဘူးလေးအရောက်ပို့ရတာနဲ့ နေ့လယ်စာဆိုရင်လည်း တစ်ခုမဟုတ်တစ်ခုလှမ်းပို့ပေးရတာနဲ့ ဒီကောင်ဆော့နေတဲ့ ML skin တွေ ဝယ်ပေးရတာနဲ့ ငါ့မှာ ရှခံရပြီး မိအေးနှစ်ခါနာဖြစ်ရတယ်အေ "

"ဟား...ဟား...ဟား.."

မန်းလေးမှာ ဇင်ယော်တို့မရှိတုန်း ထက်ဝေယံတစ်ကောင် ဘဲရသွားတဲ့အကြောင်းကို ပြန်ပြောပြနေရင်း ဇင်ယော်တို့တစ်ဖွဲ့ စခွီထနေကြသည်။ ဒီရောက်နေတုန်း ဟိုမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပြောပြကြသလို ဇင်ယော်လည်း မနဲ့ အဆင်ပြန်ပြေသွားရတဲ့အကြောင်းတွေပြောရင်း အာလူးဖုတ်နေကြလေသည်။

Start with Heart And End with Love Onde histórias criam vida. Descubra agora