1

31.5K 480 10
                                    

သူ မသိသောအခြားတစ်ဖက်၌ ( Part - 1 )
〰〰〰〰〰

I like a bridge
Any kind of bridge at all
A great steel bridge
With towers stiff and tall
An old covered bridge
That spans a waterfall
A hewn-stone bridge
With its rugged floor and wall
A railroad bridge
Where freight trains slowly crawl
A wooden bridge
A cement bridge
Whether big or small
Yes, I like a bridge
Just any kind of bridge at all

James S.Tippet ရဲ့ကဗျာလေးကိုနှစ်ယောက်သားအတူဖတ်ကြရင်း ကဗျာလေးအဆုံးမှာ မြူက အရင်ပြုံးသည်။
သူကတော့ ချောချောမွေ့မွေ့မဆိုနိုင်သေး၍ ပြုံးနေသည့်မြူ့ကို မျက်မှောင်ကုပ်ကြည့်ကာ…

"ဘာရယ်တာလဲ ကဗျာက လျှာတော့အတော်ခလုပ်တိုက်တယ်"

"ကဗျာကိုကဗျာလိုဆိုလေ ခမ်းရဲ့ စာလိုကျက်နေရင်တော့ ခလုပ်တိုက်မှာပေါ့"

"ပြောစမ်းပါ နင်ပြုံးလိုက်တဲ့ကိစ္စ"

ခမ်းဟာ အမြဲလိုအထက်စည်းကစကားပြောတတ်သူဖြစ်ပေမယ့် ၁၅နှစ်ဆိုသည့်အရွယ်မှာပင် သြရှသည့်အသံကိုပိုင်ဆိုင်သူ။
သူ့အသံကိုကြားလိုက်သည်နှင့် မြူဟာ အမိန့်တစ်ခုလို ခေါင်းညိတ်ရစမြဲ။

"တံတားအကြောင်း ရေးထားတယ်ဆိုပေမယ့် တံတားဆိုတာမျိုးက ပေါင်းစည်းပေးတဲ့သဘောတရားပဲမလား တစ်နည်းပြောရရင် ကိုယ်ကူညီလိုက်လို့ တစ်ဖက်လူအဆင်ပြေသွားတာမျိုးလို့ ငါထင်တယ်"

"အဲ့ဒီတော့"

"အဲ့ဒီတော့ ကိုယ်ကူညီလိုက်လို့ တစ်ယောက်နဲ့တစ်ယောက်အဆင်ပြေသွားတာ ကိုယ့်ရဲ့အနစ်နာခံမှုကြောင့် လိုရာခရီးကိုရောက်သွားတာမျိုးကို သဘောကျတဲ့အကြောင်း လို့ထင်တယ်"

"အဲ့လိုမှမပါဘဲ ဒါကတံတားအကြောင်းသပ်သပ်ပဲ"

နည်းနည်းလေးမှ မနူးညံ့တတ်သည့်ခမ်းက မျက်မှောင်ကုပ်ပြီး ကန့်လန့်စကားဆိုတော့ မြူ ပြုံးရုံသာပြုံးပြီး ထိုကဗျာလေးကို အလွတ်ချရေးဖို့ပြင်သည်။

"အဲ့ဒါကနင့်အထင်လေ ခမ်းရယ် ကူညီတဲ့အကြောင်းဆိုတာလည်း ငါ့အထင်ပဲဥစ္စာ"

"ထားပါ နင့်အတွေးအခေါ်လည်းမဆိုးပါဘူး"

မြူခေါင်းလေးညိတ်ပြီး ကဗျာကိုစာအုပ်ထဲကူးရေးကာ refers toအတွက်မှတ်စုလေးတွေထုတ်နေမိ၏။
ခမ်းကတော့ အစကတည်းက အင်္ဂလိပ်စာတော်ပြီးသားမို့ မြူ့လိုလုပ်စရာမလိုဘဲ ကဗျာကိုသာနောက်တစ်ခေါက်ထပ်ဖတ်ကြည့်နေ၏။
ဒီနှစ်၁၀တန်းသည် နှစ်ချင်းပေါက်အောင်ရမည့်အပြင် ဂုဏ်ထူးတွေလည်းမျှော်လင့်ထားသည်ကိုး...

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now